ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဖျော်ဖြေရန် စီစဉ်လာမှုကြောင့် ပရိသတ်များရဲ့ဒေါသနှင့်ရင်ဆိုင်လာရဖို့ ရှိနေတဲ့ ရော်ဘီဝီလီယံ

ရော်ဘီဝီလီယံဟာလိင်တူချစ်သူကန့်သတ်တဲ့ကာတာရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဖျော်ဖြေရန်စီစဉ်လာမှုနှင့်အတူပရိသတ်များရဲ့ဒေါသနှင့်ရင်ဆိုင်လာရဖို့ရှိနေပါတယ်။

အသက်၄၈နှစ်ရှိကမ္ဘာကျော်အဆိုကျော်ဟာတကယ်လို့များ လိင်တူချစ်သူကန့်သတ်တဲ့ကာတာကမ္ဘာ့ဖလားတွင်ဖျော်ဖြေမှုပြုလုပ်လာမည်ဆိုပါက ကိုယ့်ဂိုးကိုယ်သွင်းသလိုဖြစ်လာမှာလည်းဖြစ်ပါတယ်။

ရော်ဘီဝီလီယမ်ဟာဒီဇင်ဘာလကာတာတွင်ပြုလုပ်မဲ့ Live Concerts များတွင်ဖျော်ဖြေမှုပြုလုပ်လာမဲ့အဆိုတော်များစာရင်းတွင်ပါဝင်နေပါတယ်။

ကာတာဟာလိင်တူဆက်ဆံမှုကိုအပြင်းအထန်အရေးယူတဲ့နိုင်ငံဖြစ်ပါတယ်။လိင်တူဆက်ဆံသူများဟာပြင်းထန်တဲ့ဒဏ်ငွေ(သို့မဟုတ်)ထောင်ဒဏ်၇နှစ်အထိကျခံရနိုင်ပါတယ်။

ဒါကြောင့်လည်းကာတာကမ္ဘာ့ဖလားပြိုင်ပွဲသို့လိင်တူချစ်သူများမသွားရောက်ကြရန်အပြင်းအထန်သတိပေးခြင်းခံထားရပါတယ်။

ဒါ့အပြင်ကာတာဟာနိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများနှင့်အမျိုးသမီးများအခွင့်အရေးအတွက်ဝေဖန်မှုခံနေရတဲ့နိုင်ငံဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ရော်ဘီဝီလီယံဟာ သူ့ရဲ့ XXX Tour ထွက်လျက်ရှိပါတယ်။သူဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်းရုရှားတွင်ဖျော်ဖြေမှုပြုလုပ်ခဲ့ပါတယ်။သူဟာဒီဇင်ဘာလ၈ရက်နေ့တွင် Doha Gold Club တွင်ဖျော်ဖြေသွားမှာလည်းဖြစ်ပါတယ်။

ZawGyi







