ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် Adidas ရဲ့အထူးထုတ်ဖိနပ်ကို စီးလာမယ့် လီယွန်နယ်မက်ဆီ

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကလီယွန်နယ်မက်ဆီကိုနောက်ဆုံးအကြိမ်မြင်တွေ့ရမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပါတယ်။မက်ဆီကိုယ်တိုင်ကလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကသူ့အတွက်နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမှာဖြစ်ကြောင်းအတည်ပြုထားပြီးဖြစ်ပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲက နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာမလားလို့မေးမြန်းလာမှုကိုအသက်၃၅နှစ်ရှိမက်ဆီက “ဟုတ်ပါတယ်။လုံးဝသေချာပါတယ်။ကျွန်တော့်ရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာပါမယ်။ဆုံးဖြတ်ချက်ချထားပြီးသားပါ။ကမ္ဘာ့ဖလားကျရောက်လာမယ့်နေ့ကိုရေတွက်နေပါတယ်။တချိန်တည်းမှာစိုးရိမ်မှုရောစိတ်လှုပ်ရှားတာရောဖြစ်နေပါတယ်”လို့ပြောကြားသွားပါတယ်။

လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကမက်ဆီအတွက်သာမကသူ့ရဲ့ပြိုင်ဘက်ခရစ္စတီယာနိုရော်နယ်ဒိုအတွက်လည်းနောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာဖို့ရှိနေပါတယ်။

Adidas ဟာလည်းကာတာကမ္ဘာ့ဖလားကလီယွန်နယ်မက်ဆီအတွက်နောက်ဆုံးကမ္ဘာ့ဖလားဖြစ်တာနဲ့အညီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာမက်ဆီစီးဖို့အတွက်အထူးဖိနပ်ဖန်တီးထားပါတယ်။

Adidas ဟာကာတာကမ္ဘာ့ဖလားမှာစီးဖို့အတွက်မက်ဆီအတွက် Adidas X Messi 2022 World Cup ကိုဖန်တီးလိုက်ပြီဖြစ်ပါတယ်။ ရွှေရောင်ဖြင့်ဖန်တီးထားတဲ့ Adidas X Messi 2022 World Cup ကိုရွှေရောင်ဖြင့်အဓိကဖုံးလွှမ်းထားပြီးကမ္ဘာ့ဖလားအရောင်လည်းထည့်သွင်းထားပါတယ်။

ဖိနပ်ဒီဇိုင်းကလွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်တုန်းကမက်ဆီစီးခဲ့ဖူးတဲ့ Adidas F50s ကိုအခြေခံဖန်တီးထားပါတယ်။

Adidas ဟာ Adidas X Messi 2022 World Cup ကိုအထူးထုတ်အဖြစ်ဖန်တီးထားတာဖြစ်ပြီး ယခုလအတွင်းတွင်အရေအတွက်အကန့်အသတ်ဖြင့်ရောင်းချလာဖို့ရှိပါတယ်။ Adidas X Messi 2022 World Cup ဟာအမြန်ဆုံးအကုန်ရောင်းချရဖို့လည်းသေချာနေပါတယ်။

မက်ဆီဟာယခုရာသီတွင်ပီအက်စ်ဂျီအတွက်ဖန်တီးမှု/သွင်းဂိုး ၂၆အကြိမ်အထိပြုလုပ်ထားနိုင်ပြီးအကောင်းဆုံးပုံစံရရှိနေကာကမ္ဘာ့ဖလားအတွက်အဆင့်သင်ဖြစ်နေပါတယ်။

အာဂျင်တီးနားမှာလည်းပြီးခဲ့တဲ့နှစ်တုန်းကကိုပါအမေရိကဖလားဆွတ်ခူးခဲ့သလို၃၅ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းပိုင်ဆိုင်ထားပါတယ်။

ZawGyi

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ Adidas ရဲ႕အထူးထုတ္ဖိနပ္ကို စီးလာမယ့္ လီယြန္နယ္မက္ဆီ

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကလီယြန္နယ္မက္ဆီကိုေနာက္ဆုံးအႀကိမ္ျမင္ေတြ႕ရမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲျဖစ္ပါတယ္။မက္ဆီကိုယ္တိုင္ကလာမယ့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကသူ႔အတြက္ေနာက္ဆုံးကမာၻ႔ဖလားၿပိဳင္ပြဲျဖစ္လာမွာျဖစ္ေၾကာင္းအတည္ျပဳထားၿပီးျဖစ္ပါတယ္။

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲက ေနာက္ဆုံးကမာၻ႔ဖလားျဖစ္လာမလားလို႔ေမးျမန္းလာမႈကိုအသက္၃၅ႏွစ္ရွိမက္ဆီက “ဟုတ္ပါတယ္။လုံးဝေသခ်ာပါတယ္။ကြၽန္ေတာ့္ရဲ႕ေနာက္ဆုံးကမာၻ႔ဖလားျဖစ္လာပါမယ္။ဆုံးျဖတ္ခ်က္ခ်ထားၿပီးသားပါ။ကမာၻ႔ဖလားက်ေရာက္လာမယ့္ေန႔ကိုေရတြက္ေနပါတယ္။တခ်ိန္တည္းမွာစိုးရိမ္မႈေရာစိတ္လႈပ္ရွားတာေရာျဖစ္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လာမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲကမက္ဆီအတြက္သာမကသူ႔ရဲ႕ၿပိဳင္ဘက္ခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္လည္းေနာက္ဆုံးကမာၻ႔ဖလားၿပိဳင္ပြဲျဖစ္လာဖို႔ရွိေနပါတယ္။

Adidas ဟာလည္းကာတာကမာၻ႔ဖလားကလီယြန္နယ္မက္ဆီအတြက္ေနာက္ဆုံးကမာၻ႔ဖလားျဖစ္တာနဲ႔အညီ ကမာၻ႔ဖလားၿပိဳင္ပြဲမွာမက္ဆီစီးဖို႔အတြက္အထူးဖိနပ္ဖန္တီးထားပါတယ္။

Adidas ဟာကာတာကမာၻ႔ဖလားမွာစီးဖို႔အတြက္မက္ဆီအတြက္ Adidas X Messi 2022 World Cup ကိုဖန္တီးလိုက္ၿပီျဖစ္ပါတယ္။ ေ႐ႊေရာင္ျဖင့္ဖန္တီးထားတဲ့ Adidas X Messi 2022 World Cup ကိုေ႐ႊေရာင္ျဖင့္အဓိကဖုံးလႊမ္းထားၿပီးကမာၻ႔ဖလားအေရာင္လည္းထည့္သြင္းထားပါတယ္။

ဖိနပ္ဒီဇိုင္းကလြန္ခဲ့တဲ့ႏွစ္အနည္းငယ္ခန႔္တုန္းကမက္ဆီစီးခဲ့ဖူးတဲ့ Adidas F50s ကိုအေျခခံဖန္တီးထားပါတယ္။

Adidas ဟာ Adidas X Messi 2022 World Cup ကိုအထူးထုတ္အျဖစ္ဖန္တီးထားတာျဖစ္ၿပီး ယခုလအတြင္းတြင္အေရအတြက္အကန႔္အသတ္ျဖင့္ေရာင္းခ်လာဖို႔ရွိပါတယ္။ Adidas X Messi 2022 World Cup ဟာအျမန္ဆုံးအကုန္ေရာင္းခ်ရဖို႔လည္းေသခ်ာေနပါတယ္။

မက္ဆီဟာယခုရာသီတြင္ပီအက္စ္ဂ်ီအတြက္ဖန္တီးမႈ/သြင္းဂိုး ၂၆အႀကိမ္အထိျပဳလုပ္ထားႏိုင္ၿပီးအေကာင္းဆုံးပုံစံရရွိေနကာကမာၻ႔ဖလားအတြက္အဆင့္သင္ျဖစ္ေနပါတယ္။

အာဂ်င္တီးနားမွာလည္းၿပီးခဲ့တဲ့ႏွစ္တုန္းကကိုပါအေမရိကဖလားဆြတ္ခူးခဲ့သလို၃၅ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းပိုင္ဆိုင္ထားပါတယ္။