ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကစားရန် ဩစတြေးလျရဲ့အကြိမ်ကြိမ်ကမ်းလှမ်းမှုကို အသက် ၁၈ နှစ်အရွယ်ရှိ ရိုးမားစတားပယ်ချ

ရိုးမားရဲ့အသက်၁၈နှစ်အရွယ်ရှိခရစ္စတီယန်ဗိုလ်ပါတိုဟာလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဩစတြေးလျအသင်းအတွက်ကိုယ်စားပြုကစားရန်အကြိမ်ကြိမ်ကမ်းလှမ်းခံခဲ့ရပေမဲ့ပယ်ချခဲ့ပါတယ်။

ဩစတြေးလျနည်းပြဂရေဟမ်အာနိုးဟာအင်္ဂါနေ့တုန်းကကမ္ဘာ့ဖလားလူစာရင်းကိုကြေညာခဲ့ရာမှာ ဗိုလ်ပါတိုရဲ့အမည်မပါဝင်ခဲ့ပါဘူး။

ဒါပေမဲ့အာနိုးရဲ့ဖွင့်ဟလာမှုအရ၎င်းဟာဗိုလ်ပါတိုကိုရွေးချယ်ရန်အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ကြောင်းဆိုလာပါတယ်။

ဗိုလ်ပါတိုဟာဆစ်ဒနီတွင်မွေးဖွားသူဖြစ်ပေမဲ့မိဘနှစ်ပါးလုံးကအီတလီသားများဖြစ်ပါတယ်။သူဟာနိုင်ငံနှစ်ခုလုံးရဲ့နိုင်ငံသားအဖြစ်ခံယူထားပါတယ်။

သူဟာအီတလီယူ-၂၁အသင်းအတွက်ကစားထားပြီးလည်းဖြစ်ပါတယ်။ဒါပေမဲ့အီတလီမှာကမ္ဘာ့ဖလားခြေစစ်ပွဲကျခဲ့ပါတယ်။

ယခုကဲ့သို့ဗိုလ်ပါတိုကငြင်းပယ်လာခဲ့ပေမဲ့လည်းအာနိုးဟာအနာဂတ်တွင်ဩစတြေးလျအတွက်ကစားရေးဖျောင်းဖျနိုင်ဖို့မျှော်လင့်နေပါတယ်။

တဖက်တွင်ဗိုလ်ပါတိုကိုယ်တိုင်ကလည်း ၎င်းမှာကစားသမားဘဝအစမျှသာရှိသေးမှုနဲ့အတူ ရိုးမားအတွက်သာအပြည့်အဝအာရုံစိုက်လိုမှုကြောင့် ဩစတြေးလျအတွက်ကစားရန် လတ်တလောငြင်းဆိုလာခြင်းဖြစ်ကြောင်းဆိုထားပါတယ်။

ZawGyi

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကစားရန္ ဩစေၾတးလ်ရဲ႕အႀကိမ္ႀကိမ္ကမ္းလွမ္းမႈကို အသက္ ၁၈ ႏွစ္အ႐ြယ္ရွိ ႐ိုးမားစတားပယ္ခ်

႐ိုးမားရဲ႕အသက္၁၈ႏွစ္အ႐ြယ္ရွိခရစၥတီယန္ဗိုလ္ပါတိုဟာလာမယ့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဩစေၾတးလ်အသင္းအတြက္ကိုယ္စားျပဳကစားရန္အႀကိမ္ႀကိမ္ကမ္းလွမ္းခံခဲ့ရေပမဲ့ပယ္ခ်ခဲ့ပါတယ္။

ဩစေၾတးလ်နည္းျပဂေရဟမ္အာႏိုးဟာအဂၤါေန႔တုန္းကကမာၻ႔ဖလားလူစာရင္းကိုေၾကညာခဲ့ရာမွာ ဗိုလ္ပါတိုရဲ႕အမည္မပါဝင္ခဲ့ပါဘူး။

ဒါေပမဲ့အာႏိုးရဲ႕ဖြင့္ဟလာမႈအရ၎ဟာဗိုလ္ပါတိုကိုေ႐ြးခ်ယ္ရန္အႀကိမ္ႀကိမ္ႀကိဳးပမ္းခဲ့ေပမဲ့လည္းမေအာင္ျမင္ခဲ့ေၾကာင္းဆိုလာပါတယ္။

ဗိုလ္ပါတိုဟာဆစ္ဒနီတြင္ေမြးဖြားသူျဖစ္ေပမဲ့မိဘႏွစ္ပါးလုံးကအီတလီသားမ်ားျဖစ္ပါတယ္။သူဟာႏိုင္ငံႏွစ္ခုလုံးရဲ႕ႏိုင္ငံသားအျဖစ္ခံယူထားပါတယ္။

သူဟာအီတလီယူ-၂၁အသင္းအတြက္ကစားထားၿပီးလည္းျဖစ္ပါတယ္။ဒါေပမဲ့အီတလီမွာကမာၻ႔ဖလားေျခစစ္ပြဲက်ခဲ့ပါတယ္။

ယခုကဲ့သို႔ဗိုလ္ပါတိုကျငင္းပယ္လာခဲ့ေပမဲ့လည္းအာႏိုးဟာအနာဂတ္တြင္ဩစေၾတးလ်အတြက္ကစားေရးေဖ်ာင္းဖ်ႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္။

တဖက္တြင္ဗိုလ္ပါတိုကိုယ္တိုင္ကလည္း ၎မွာကစားသမားဘဝအစမွ်သာရွိေသးမႈနဲ႔အတူ ႐ိုးမားအတြက္သာအျပည့္အဝအာ႐ုံစိုက္လိုမႈေၾကာင့္ ဩစေၾတးလ်အတြက္ကစားရန္ လတ္တေလာျငင္းဆိုလာျခင္းျဖစ္ေၾကာင္းဆိုထားပါတယ္။