
၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့၁၀ရက်တည်းသာလိုပါတော့တယ်။ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကမွတ်စလင်နိုင်ငံတစ်ခုတွင်ပထမဆုံးကျင်းပတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမှာဖြစ်သလို ဆောင်းရာသီမှာကျင်းပတဲ့ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာပါမယ်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာမှုနှင့်အတူ ချန်ပီယံဖြစ်လာမယ့်အသင်းနဲ့ပတ်သက်ပြီးခန့်မှန်းကလည်းအများကြီးထွက်ပေါ်နေပါတယ်။
ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတာကတော့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာချန်ပီယံဖြစ်တဲ့အသင်း ဆုကြေးငွေဘယ်လောက်ရရှိလာမလဲဆိုတာပါ။
ဖီဖာဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ချန်ပီယံဖြစ်တဲ့အသင်း ဆုကြေးငွေဘယ်လောက်ရရှိလာမလဲဆိုတာကြေညာထားပြီးသားဖြစ်ပါတယ်။
ကာတာကမ္ဘာ့ဖလားချန်ပီယံအသင်းဟာဆုကြွေးငွေယူရို၃၈သန်းအထိရရှိလာမှာဖြစ်ပြီးဒုတိယရရှိတဲ့အသင်းကလည်းယူရို၂၇.၇သန်းရရှိလာပါမယ်။
တတိယရရှိတဲ့အသင်းကယူရို၂၄.၄၅သန်းနှင့်စတုတ္ထရရှိတဲ့အသင်းကယူရို၂၂.၆၄သန်းရရှိလာပါမယ်။
ကွာတားဖိုင်နယ်သို့တက်ရောက်နိုင်တဲ့အသင်းများဟာယူရို၁၅.၄၀သန်းရရှိလာမှာဖြစ်ပြီး၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်တဲ့အသင်းများကယူရို၁၁.၇သန်းရရှိလာပါမယ်။
ZawGyi
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံအသင်း ဆုကြေးငွေ ဘယ်လောက်ရမလဲ?