ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ် ဘရူနိုဖာနန်ဒက်စ်ရပ်တည်နေ

ဘရူနိုဖာနန်ဒက်စ်ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အကောင်းဆုံးခြေစွမ်းဖြင့်ကစားနေတဲ့အကောင်းဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာအကောင်းဆုံးပုံစံရရှိနေချိန်မှာအလွန်ကြောက်စရာကောင်းတဲ့အလယ်တန်းတိုက်စစ်သမားတစ်ဦးဖြစ်ပေမဲ့လည်းသူဟာယူနိုက်တက်တွင်အကောင်းဆုံးပုံစံဆက်တိုက်ပြသနိုင်ရေးရုန်းကန်ရမှုနှင့်အတူ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ခြေစွမ်းပြနိုင်ပါ့မလားလို့သံသယဝင်ခြင်းခံခဲ့ရပါတယ်။

အသက်၂၈နှစ်ရှိအလယ်တန်းတိုက်စစ်သမားဟာယူနိုက်တက်မှာဆက်တိုက်အကောင်းဆုံးပုံစံနဲ့မကစားနိုင်ပေမဲ့လည်းကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့အကောင်းဆုံးပုံစံဖြင့်ဆက်တိုက်ကစားကာသူ့ကိုသံသယဝင်နေကြသူများကိုအဖြေပေးခဲ့ပါတယ်။

လက်ရှိအချိန်တွင်သူဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အကောင်းဆုံးခြေစွမ်းဖြင့်ကစားနေမှုနှင့်အတူ အကောင်းဆုံးကစားသမားဆု(Golden Ball Award)ဆွတ်ခူနိုင်ရန်ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာပေါ်တူဂီအတွက်ကစားခဲ့တဲ့သုံးပွဲတွင်ခြေစွမ်းအဆင့်သတ်မှတ်ချက် 8.4၊8.8နှင့်8.1 အသီးသီးရရှိထားပါတယ်။သူဟာပျမ်းမျှ8.60 ရရှိထားတာလည်းဖြစ်ပါတယ်။

ဒုတိယနေရာမှမက်ဆီမှာပျမ်းမျှခြေစွမ်းအဆင့် 7.95 သာရရှိထားပြီး ပြင်သစ်ရဲ့ဂရက်ဇ်မန်းမှာ7.93ဖြင့်တတိယနေရာမှာရပ်တည်နေပါတယ်။

ဒါ့အပြင်ဘရူနိုဖာနန်ဒက်စ်ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဂိုး/ဖန်တီးမှု ၅ကြိမ်ပြုလုပ်ထားကာဟယ်ရီကိန်းနှင့်ဖန်တီးမှုအများဆုံးအဖြစ်၃ကြိမ်ဖြင့်ရပ်တည်နေပါတယ်။

တကယ်လို့များဘရူနိုဖာနန်ဒက်စ်အနေဖြင့်မော်ရိုကိုနှင့်ပွဲတွင်ဖန်တီးမှု၊ဂိုးသွင်းမှုပြုလုပ်ကာပေါ်တူဂီကိုကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့ပို့ဆောင်နိုင်မည်ဆိုပါက ကမ္ဘာ့ဖလားရွှေဘောလုံးဆုရရှိရန်အကောင်းဆုံးအခြေအနေကြုံလာတော့မှာဖြစ်ပါတယ်။

ZawGyi








