ကာတာကမ္ဘာ့ဖလားမျက်နှာဖုံးရှင်အဖြစ် လုပ်ဆောင်မှုကြောင့် ဒေါ်လာသန်း ၁၅၀ ရရှိလာမယ့် ဒေးဗစ်ဘက်ဟမ်း

ဒေးဗစ်ဘက်ဟမ်းဟာလာမယ့်လမှာကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့မျက်နှာဖုံးရှင်အဖြစ်မိတ်ဆက်ခြင်းခံရပါမယ်။ဘက်ဟမ်းဟာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့မျက်နှာဖုံးရှင်အဖြစ်တာဝန်ထမ်းဆောင်မှုကြောင့်ဒေါ်လာသန်း၁၅၀အထိရရှိလာပါမယ်။

Goldenballs လို့အမည်ပြောင်ရထားတဲ့အသက်၄၆နှစ်ရှိအင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာကာတာရဲ့သံတမန်အဖြစ်တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီးတစ်နှစ်လျှင်ပေါင်၁၅သန်းရရှိကာဆယ်နှစ်တိတိတာဝန်ယူရပါမယ်။

ယခုလအစောပိုင်းတုန်းကဒေးဗစ်ဘက်ဟမ်းဟာကာတာသို့တစ်ပတ်ကြာသွားရောက်လည်ပတ်ပြီးဒိုဟာရှိဘောလုံးကွင်းများကိုကြည့်ရှုခဲ့တဲ့အပြင်အကြီးအကဲများနှင့်တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။

ကာတာဟာလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီးနာမည်ဆိုးကျော်ကြားတဲ့နိုင်ငံဖြစ်ပါတယ်။အထူးသဖြင့်အမျိုးသမီးအခွင့်အရေး၊လိင်တူချစ်သူများရဲ့အခွင့်အရေးနှင့်ပတ်သက်ပြီးချိုးဖောက်ခံနေရတာပါ။

ဒါပေမယ့်ဒေးဗစ်ဘက်ဟမ်းကတော့ LGBTQ လူ့အဖွဲ့အစည်းရဲ့အမှတ်လက္ခဏာဖြစ်တဲ့ သက်တန့်အလံများကိုကွင်းများတွင်လွှင့်တင်ပေးသွားမှာလည်းဖြစ်ပါတယ်။

လိင်တူဆက်ဆံမှုမှာဒူဘိုင်းနှင့်အဘူဒါဘီတို့တွင်ဥပဒေအရကန့်သတ်ခံထားရပေမယ့်ဒေးဗစ်ဘက်ဟမ်းကအစိုးရအဖွဲ့အစည်းတွင်အမျိုးသမီးပါဝင်မှုများပြားလာမှုနဲ့အတူကာတာနိုင်ငံရဲ့လူ့အခွင့်အရေးတန်းတူညီမှုဟာလည်းတဖြည်းဖြည်းကောင်းမွန်လာမယ်လို့ယုံကြည်နေပါတယ်။

ZawGyi

ကာတာကမာၻ႔ဖလားမ်က္ႏွာဖုံးရွင္အျဖစ္ လုပ္ေဆာင္မႈေၾကာင့္ ေဒၚလာသန္း ၁၅၀ ရရွိလာမယ့္ ေဒးဗစ္ဘက္ဟမ္း

ေဒးဗစ္ဘက္ဟမ္းဟာလာမယ့္လမွာကာတာကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕မ်က္ႏွာဖုံးရွင္အျဖစ္မိတ္ဆက္ျခင္းခံရပါမယ္။ဘက္ဟမ္းဟာကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕မ်က္ႏွာဖုံးရွင္အျဖစ္တာဝန္ထမ္းေဆာင္မႈေၾကာင့္ေဒၚလာသန္း၁၅၀အထိရရွိလာပါမယ္။

Goldenballs လို႔အမည္ေျပာင္ရထားတဲ့အသက္၄၆ႏွစ္ရွိအဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းဟာကာတာရဲ႕သံတမန္အျဖစ္တာဝန္ထမ္းေဆာင္သြားမွာျဖစ္ၿပီးတစ္ႏွစ္လွ်င္ေပါင္၁၅သန္းရရွိကာဆယ္ႏွစ္တိတိတာဝန္ယူရပါမယ္။

ယခုလအေစာပိုင္းတုန္းကေဒးဗစ္ဘက္ဟမ္းဟာကာတာသို႔တစ္ပတ္ၾကာသြားေရာက္လည္ပတ္ၿပီးဒိုဟာရွိေဘာလုံးကြင္းမ်ားကိုၾကည့္ရႈခဲ့တဲ့အျပင္အႀကီးအကဲမ်ားႏွင့္ေတြ႕ဆုံမႈျပဳလုပ္ခဲ့ပါတယ္။

ကာတာဟာလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားႏွင့္ပတ္သက္ၿပီးနာမည္ဆိုးေက်ာ္ၾကားတဲ့ႏိုင္ငံျဖစ္ပါတယ္။အထူးသျဖင့္အမ်ိဳးသမီးအခြင့္အေရး၊လိင္တူခ်စ္သူမ်ားရဲ႕အခြင့္အေရးႏွင့္ပတ္သက္ၿပီးခ်ိဳးေဖာက္ခံေနရတာပါ။

ဒါေပမယ့္ေဒးဗစ္ဘက္ဟမ္းကေတာ့ LGBTQ လူ႔အဖြဲ႕အစည္းရဲ႕အမွတ္လကၡဏာျဖစ္တဲ့ သက္တန႔္အလံမ်ားကိုကြင္းမ်ားတြင္လႊင့္တင္ေပးသြားမွာလည္းျဖစ္ပါတယ္။

လိင္တူဆက္ဆံမႈမွာဒူဘိုင္းႏွင့္အဘူဒါဘီတို႔တြင္ဥပေဒအရကန႔္သတ္ခံထားရေပမယ့္ေဒးဗစ္ဘက္ဟမ္းကအစိုးရအဖြဲ႕အစည္းတြင္အမ်ိဳးသမီးပါဝင္မႈမ်ားျပားလာမႈနဲ႔အတူကာတာႏိုင္ငံရဲ႕လူ႔အခြင့္အေရးတန္းတူညီမႈဟာလည္းတျဖည္းျဖည္းေကာင္းမြန္လာမယ္လို႔ယုံၾကည္ေနပါတယ္။