လီယွန်နယ်မက်ဆီက ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမည်ဖြစ်ကြောင်းအတည်ပြုကြေညာလာပါတယ်။
အသက်၃၅နှစ်ရှိအာဂျင်တီးနားအသင်းခေါင်းဆောင်ဟာလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ်ကစားလာမှာလည်းဖြစ်ပါတယ်။
လာမယ့်ကာတာကမ္ဘာ့ဖလားကသူ့ရဲ့ငါးကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမှာလည်းဖြစ်ပါတယ်။
မက်ဆီက”ဒါကကျွန်တော့်ရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာပါမယ်။သေချာပါတယ်။ဆုံးဖြတ်ချက်ချပြီးပါပြီ”လို့ပြောကြားသွားပါတယ်။
ဘာစီလိုနာဂန္ထဝင်ဟာကမ္ဘာ့ဖလားပြိုင်ပွဲ၁၉ပွဲကစားထားရာမှာ၆ဂိုးသွင်းပြီး၅ကြိမ်ဖန်တီးထားပါတယ်။
မက်ဆီဟာ၂၀၁၄ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကအာဂျင်တီးနားကို ဗိုလ်လုပွဲသို့အထိပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ဂျာမနီကိုရှုံးနိမ့်ကာငွေတံဆိပ်ဆုဖြင့်သာကျေနပ်ခဲ့ရပါတယ်။
ဒါကြောင့်လည်းကမ္ဘာ့ဖလားဆုဖလားမှာမက်ဆီရဲ့ကြီးကျယ်ခမ်းနားလှတဲ့ကစားသမားဘဝတွင်လိုအပ်နေတဲ့အရေးပါတဲ့ဆုဖလားဖြစ်နေပါတယ်။
မက်ဆီဟာသူ့ရဲ့အာဂျင်တီးနားကစားသမားဘဝပထမဆုံးနိုင်ငံတကာဆုဖလားအဖြစ်၂၀၂၁ဘရာဇီးကိုပါအမေရိကဖလားဆွတ်ခူးထားနိုင်ပြီဖြစ်ပါတယ်။
ZawGyi
ကာတာကမ္ဘာ့ဖလားမှာ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမယ်လို့ မက်ဆီ ကြေညာလာ