ကာတာကမ္ဘာ့ဖလားသို့ သွားရောက်ကစားရန် စိုးရွံ့နေတဲ့ မိန်းမလျာကစားသမားဂျို့စ်ကာဗယ်လို

ဩစတြေးလျလက်ရွေးစင်ဘယ်နောက်ခံလူဂျို့စ်ကာဗယ်လိုကအမျိုးသားပရော်ဖက်ရှင်ဘောလုံးလောကတွင်ပထမဆုံးမိန်းမလျာကစားသမားအဖြစ်လူသိရှင်ကြားကြေညာခဲ့ပြီးနောက်ကာတာကမ္ဘာ့ဖလားသို့သွားရောက်ကစားရန်အလွန်ကြောက်လန့်နေခဲ့ကြောင်းဖွင့်ဟလာခဲ့ပါတယ်။

သတ္တိကောင်းလှတဲ့အသက်၂၁နှစ်ရှိကစားသမားဟာပြီးခဲ့တဲ့လတုန်းကမိန်းမလျာတစ်ဦးဖြစ်ကြောင်းတစ်ကမ္ဘာလုံးသိအောင်ကြေညာခဲ့သူဖြစ်ပြီးလူနေမှုဘဝနှစ်ခုတွင်အသားကျနိုင်အောင်ကြိုးစားနေပါတယ်။

ကာဗယ်လိုဟာမိန်းမလျာကြောင်းကြေညာပြီးနောက်ဘောလုံးလောကတစ်ခုလုံးရဲ့ထောက်ခံအားပေးမှုရရှိသလိုအားကစားကမ္ဘာရဲ့အားပေးမှုလည်းရရှိခဲ့ပါတယ်။

ဒါပေမယ့်ကာတာနိုင်ငံမှာလိင်တူစိတ်ဝင်စားသူများကိုအပြစ်ပေးလေ့ရှိရာ ကာတာကမ္ဘာ့ဖလားသို့သွားရောက်ကစားပါကသူ့လုံခြုံရေးအတွက်စိုးရိမ်နေပါတယ်။

ကာဗယ်လိုက “ကာတာမှာမိန်းမလျာတွေကိုသေဒဏ်ပေးတာဖတ်ဖူးတာကြာပါပြီ။ဒီတော့ကျွန်တော်လည်းအရမ်းစိုးရိမ်ကြောက်လန့်ခဲ့ပါတယ်။ကြတာသို့လည်းမသွားရဲပါဘူး။စိတ်မကောင်းလည်းဖြစ်ရတယ်။ကာတာကမ္ဘာ့ဖလားအပြီးမှာတော့ပ‌ရော်ဖက်ရှင်နယ်တစ်ဦးအတွက်အကြီးမားဆုံးအောင်မြင်မှုအဖြစ်နိုင်ငံအတွက်ကစားနိုင်ခဲ့ပါမယ်။ဒါကကျွန်တော့်ကစားသမားဘဝမှာလုပ်ခဲ့တဲ့အခြားအရမ်းကောင်းတဲ့အရာတွေထက်အရေးပါလာမှာပါ”လို့ပြောကြားခဲ့ပါတယ်။

ကာတာနိုင်ငံတွင်ရှီရီယာဥပဒေကိုအသုံးပြုပြီးလိင်တူဆက်ဆံမှုပြုလုပ်ပါကသေဒဏ်အထိပေးနိုင်ပါတယ်။

ZawGyi

ကာတာကမာၻ႔ဖလားသို႔ သြားေရာက္ကစားရန္ စိုး႐ြံ႕ေနတဲ့ မိန္းမလ်ာကစားသမားဂ်ိဳ႕စ္ကာဗယ္လို

ဩစေၾတးလ်လက္ေ႐ြးစင္ဘယ္ေနာက္ခံလူဂ်ိဳ႕စ္ကာဗယ္လိုကအမ်ိဳးသားပေရာ္ဖက္ရွင္ေဘာလုံးေလာကတြင္ပထမဆုံးမိန္းမလ်ာကစားသမားအျဖစ္လူသိရွင္ၾကားေၾကညာခဲ့ၿပီးေနာက္ကာတာကမာၻ႔ဖလားသို႔သြားေရာက္ကစားရန္အလြန္ေၾကာက္လန႔္ေနခဲ့ေၾကာင္းဖြင့္ဟလာခဲ့ပါတယ္။

သတၱိေကာင္းလွတဲ့အသက္၂၁ႏွစ္ရွိကစားသမားဟာၿပီးခဲ့တဲ့လတုန္းကမိန္းမလ်ာတစ္ဦးျဖစ္ေၾကာင္းတစ္ကမာၻလုံးသိေအာင္ေၾကညာခဲ့သူျဖစ္ၿပီးလူေနမႈဘဝႏွစ္ခုတြင္အသားက်ႏိုင္ေအာင္ႀကိဳးစားေနပါတယ္။

ကာဗယ္လိုဟာမိန္းမလ်ာေၾကာင္းေၾကညာၿပီးေနာက္ေဘာလုံးေလာကတစ္ခုလုံးရဲ႕ေထာက္ခံအားေပးမႈရရွိသလိုအားကစားကမာၻရဲ႕အားေပးမႈလည္းရရွိခဲ့ပါတယ္။

ဒါေပမယ့္ကာတာႏိုင္ငံမွာလိင္တူစိတ္ဝင္စားသူမ်ားကိုအျပစ္ေပးေလ့ရွိရာ ကာတာကမာၻ႔ဖလားသို႔သြားေရာက္ကစားပါကသူ႔လုံၿခဳံေရးအတြက္စိုးရိမ္ေနပါတယ္။

ကာဗယ္လိုက “ကာတာမွာမိန္းမလ်ာေတြကိုေသဒဏ္ေပးတာဖတ္ဖူးတာၾကာပါၿပီ။ဒီေတာ့ကြၽန္ေတာ္လည္းအရမ္းစိုးရိမ္ေၾကာက္လန႔္ခဲ့ပါတယ္။ၾကတာသို႔လည္းမသြားရဲပါဘူး။စိတ္မေကာင္းလည္းျဖစ္ရတယ္။ကာတာကမာၻ႔ဖလားအၿပီးမွာေတာ့ပ‌ေရာ္ဖက္ရွင္နယ္တစ္ဦးအတြက္အႀကီးမားဆုံးေအာင္ျမင္မႈအျဖစ္ႏိုင္ငံအတြက္ကစားႏိုင္ခဲ့ပါမယ္။ဒါကကြၽန္ေတာ့္ကစားသမားဘဝမွာလုပ္ခဲ့တဲ့အျခားအရမ္းေကာင္းတဲ့အရာေတြထက္အေရးပါလာမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ကာတာႏိုင္ငံတြင္ရွီရီယာဥပေဒကိုအသုံးျပဳၿပီးလိင္တူဆက္ဆံမႈျပဳလုပ္ပါကေသဒဏ္အထိေပးႏိုင္ပါတယ္။