ကာတာကမ္ဘာ့ဖလားအပြီးတွင် အမည်ပြောင်းလဲရန် ဝေးလ်စဉ်းစားနေ

ဝေးလ်ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်အမည်ပြောင်းလဲရန်စဉ်းစားနေပြီးအမည်ပြောင်းလဲရေးနှင့်ပတ်သက်ပြီးယူအီးအက်ဖ်အေနှင့်လည်းဆွေးနွေးထားပြီးဖြစ်ကြောင်းသိရပါတယ်။

ရော့ဘ်ပေ့ချ်ရဲ့ဝေးလ်ဟာ၆၄နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပါတယ်။၎င်းတို့ဟာပလေးအော့ဖ်တွင်ဩစတြီးယား၊ယူကရိန်းတို့ကိုအနိုင်ယူကာခြေစစ်ပွဲအောင်မြင်လာခဲ့တာလည်းဖြစ်ပါတယ်။

ဝေးလ်ဟာနောက်ဆုံးအကြိမ်ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ၁၉၅၈ခုနှစ်တုန်းကဖြစ်ပါတယ်။၎င်းတို့ဟာကမ္ဘာ့ဖလားအုပ်စု(ခ)တွင်အင်္ဂလန်၊အီရန်၊အမေရိကန်တို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။

ဒါပေမဲ့ Daily Mail ရဲ့ဖော်ပြလာမှုအရဝေးလ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဝေးလ်အမည်ကိုမသုံးတော့ဘဲ Cymru ဆိုတဲ့အမည်ကိုအသုံးပြုရန်စီစဉ်နေကြောင်းသိရပါတယ်။

Cymru အမည်မှာ ဝေးလ်နိုင်ငံအတွင်းတွင်ဝေးလ်အသင်းကိုခေါ်ဝေါ်တဲ့အမည်ဖြစ်ပါတယ်။ဒါပေမဲ့ကျန်တကမ္ဘာလုံးကတော့ဝေးလ်လို့သာခေါ်ဝေါ်ပါတယ်။

လက်ရှိအချိန်တွင်ဝေးလ်ဘောလုံးအဖွဲ့ချုပ်ဟာ Cymru အမည်သို့ပြောင်းလဲခေါ်ဝေါ်ရေးနှင့်ပတ်သက်ပြီးအတိအကျမဆုံးဖြတ်ရသေးပါဘူး။

ဝေးလ်ဘောလုံးအဖွဲ့ချုပ်အမှုဆောင်ချုပ်နိုရယ်မိုးနေက “ဒီအသင်းကို Cymru (ကမ်မရီ)လို့ဘဲ‌အမြဲတမ်းခေါ်ဝေါ်သင့်တယ်။ဒီမှာကဒီလိုပဲခေါ်ကြတယ်။ကျွန်တော်တို့ဒေသတွင်းကတော့ရှင်းရှင်းလေးပဲ။ကမ်မရီလို့ပဲခေါ်ကြတယ်။ဒါ့ကကျွန်တော်တို့လက်ရွေးစင်အသင်းတွေကိုခေါ်ကြတဲ့နာမည်ပါ။တကယ်လို့ကျွန်တော်တို့ဝက်ဘ်ဆိုက်ကိုဝင်ကြည့်ရင်လည်းကမ်မရီလို့ပဲခေါ်ဝေါ်တာတွေ့ပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ကာတာကမာၻ႔ဖလားအၿပီးတြင္ အမည္ေျပာင္းလဲရန္ ေဝးလ္စဥ္းစားေန

ေဝးလ္ဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္အမည္ေျပာင္းလဲရန္စဥ္းစားေနၿပီးအမည္ေျပာင္းလဲေရးႏွင့္ပတ္သက္ၿပီးယူအီးအက္ဖ္ေအႏွင့္လည္းေဆြးေႏြးထားၿပီးျဖစ္ေၾကာင္းသိရပါတယ္။

ေရာ့ဘ္ေပ့ခ်္ရဲ႕ေဝးလ္ဟာ၆၄ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ထားပါတယ္။၎တို႔ဟာပေလးေအာ့ဖ္တြင္ဩစႀတီးယား၊ယူကရိန္းတို႔ကိုအႏိုင္ယူကာေျခစစ္ပြဲေအာင္ျမင္လာခဲ့တာလည္းျဖစ္ပါတယ္။

ေဝးလ္ဟာေနာက္ဆုံးအႀကိမ္ကမာၻ႔ဖလားယွဥ္ၿပိဳင္ခြင့္ရရွိခဲ့တာ၁၉၅၈ခုႏွစ္တုန္းကျဖစ္ပါတယ္။၎တို႔ဟာကမာၻ႔ဖလားအုပ္စု(ခ)တြင္အဂၤလန္၊အီရန္၊အေမရိကန္တို႔ႏွင့္တစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။

ဒါေပမဲ့ Daily Mail ရဲ႕ေဖာ္ျပလာမႈအရေဝးလ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ ေဝးလ္အမည္ကိုမသုံးေတာ့ဘဲ Cymru ဆိုတဲ့အမည္ကိုအသုံးျပဳရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

Cymru အမည္မွာ ေဝးလ္ႏိုင္ငံအတြင္းတြင္ေဝးလ္အသင္းကိုေခၚေဝၚတဲ့အမည္ျဖစ္ပါတယ္။ဒါေပမဲ့က်န္တကမာၻလုံးကေတာ့ေဝးလ္လို႔သာေခၚေဝၚပါတယ္။

လက္ရွိအခ်ိန္တြင္ေဝးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ Cymru အမည္သို႔ေျပာင္းလဲေခၚေဝၚေရးႏွင့္ပတ္သက္ၿပီးအတိအက်မဆုံးျဖတ္ရေသးပါဘူး။

ေဝးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္အမႈေဆာင္ခ်ဳပ္ႏိုရယ္မိုးေနက “ဒီအသင္းကို Cymru (ကမ္မရီ)လို႔ဘဲ‌အၿမဲတမ္းေခၚေဝၚသင့္တယ္။ဒီမွာကဒီလိုပဲေခၚၾကတယ္။ကြၽန္ေတာ္တို႔ေဒသတြင္းကေတာ့ရွင္းရွင္းေလးပဲ။ကမ္မရီလို႔ပဲေခၚၾကတယ္။ဒါ့ကကြၽန္ေတာ္တို႔လက္ေ႐ြးစင္အသင္းေတြကိုေခၚၾကတဲ့နာမည္ပါ။တကယ္လို႔ကြၽန္ေတာ္တို႔ဝက္ဘ္ဆိုက္ကိုဝင္ၾကည့္ရင္လည္းကမ္မရီလို႔ပဲေခၚေဝၚတာေတြ႕ပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။