ကာတာတွင် ကမ္ဘာ့ဖလားကျင်းပပြီးနောက် မြောက်ကိုရီးယားတွင် ကျင်းပရန် ဖီဖာတံခါးဖွင့်ပေးထား

ဖီဖာဥက္ကဌဂီယန်နီအင်ဖန်တီနိုကအနာဂတ်တွင်မြောက်ကိုရီးယားနိုင်ငံတွင်ပါ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်တံခါးဖွင့်ပေးထားကြောင်းပြောကြားလာပြီးယင်းမှာတကယ့်ကိုကြီးမားတဲ့အပြောင်းအလဲကြီးတစ်ခုဖြစ်လာမည်ဖြစ်ကြောင်းဆိုသွားပါတယ်။

ဖီဖာဟာလက်ရှိကျင်းပတဲ့ကာတကမ္ဘာ့ဖလားပြိုင်ပွဲကြောင့်ဝေဖန်မှုများကြုံနေရပါတယ်။ကာတာနိုင်ငံဟာဘောလုံးအစဉ်အလာမရှိပေတဲ့အပြင်လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်နေတဲ့နိုင်ငံဖြစ်တာကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပရန်မထိုက်တန်လို့အများစုကယုံကြည်ကြပါတယ်။

ဒါပေမဲ့ဖီဖာဥက္ကဌကတော့ဘောလုံးကကမ္ဘာကြီးတစ်ခုလုံးကိုစည်းလုံးလာစေနိုင်ကြောင့်၊ အနာဂတ်တွင်မည်သည့်နိုင်ငံမဆိုကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ကျင်းပရန်အခွင့်အရေးရှိလာသင့်ကြောင်းဆိုသွားပါတယ်။

အင်ဖန်တီနိုက “ဖီဖာကကမ္ဘာလုံးဆိုရာဘောလုံးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ကဘောလုံးလူသားတွေပါ။နိုင်ငံရေးနဲ့မဆိုင်ပါဘူး။ကျွန်တော်တို့ကလူတွေကိုစည်းလုံးစေချင်တယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်အင်ဖန်တီနိုကလွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်တုန်းက အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကိုလက်ခံကျင်းပနိုင်/မနိုင်ကိုမြောက်ကိုရီးယားသို့သွားရောက်ကြည့်ရှုခဲ့ဖူးကြောင်းဆိုသွားပါတယ်။

၎င်းက “ဘယ်နိုင်ငံမဆိုကျင်းပခွင့်ရသင့်တယ်။တကယ်လို့မြောက်ကိုရီးယားကလည်းလက်ခံကျင်းပချင်တယ်ဆိုရင်ပေါ့။လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကမြောက်ကိုရီးယားသို့သွားခဲ့ဖူးတယ်။မြောက်ကိုရီးယားကိုတောင်ကိုရီးယားနှင့်ပူးတွဲအိမ်ရှင်အဖြစ်အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပနိုင်မလားဆိုတာသွားကြည့်ခဲ့တာ။အောင်တော့မအောင်မြင်ခဲ့ဘူး။ဒါပေမဲ့တကယ်လို့များအကူအညီဖြစ်မယ်ဆိုရင်အဲဒီကိုအကြိမ်တစ်ရာလောက်သွားပါဦးမယ်”လို့ဆိုသွားပါတယ်။

ဒါ့အပြင်ဖီဖာဥက္ကဌကကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်း၃၂သင်းအနေဖြင့်ကာတာရဲ့စည်းမျဉ်းစည်းကမ်းများကိုနားလည်မှုပေးကာဘောလုံးအပေါ်တွင်သာအာရုံစိုက်ကစားစေလိုကြောင်းလည်းဆိုသွားပါတယ်။

ZawGyi

ကာတာတြင္ ကမာၻ႔ဖလားက်င္းပၿပီးေနာက္ ေျမာက္ကိုရီးယားတြင္ က်င္းပရန္ ဖီဖာတံခါးဖြင့္ေပးထား

ဖီဖာဥကၠဌဂီယန္နီအင္ဖန္တီႏိုကအနာဂတ္တြင္ေျမာက္ကိုရီးယားႏိုင္ငံတြင္ပါ ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပရန္တံခါးဖြင့္ေပးထားေၾကာင္းေျပာၾကားလာၿပီးယင္းမွာတကယ့္ကိုႀကီးမားတဲ့အေျပာင္းအလဲႀကီးတစ္ခုျဖစ္လာမည္ျဖစ္ေၾကာင္းဆိုသြားပါတယ္။

ဖီဖာဟာလက္ရွိက်င္းပတဲ့ကာတကမာၻ႔ဖလားၿပိဳင္ပြဲေၾကာင့္ေဝဖန္မႈမ်ားႀကဳံေနရပါတယ္။ကာတာႏိုင္ငံဟာေဘာလုံးအစဥ္အလာမရွိေပတဲ့အျပင္လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားျပဳလုပ္ေနတဲ့ႏိုင္ငံျဖစ္တာေၾကာင့္ကမာၻ႔ဖလားၿပိဳင္ပြဲကိုအိမ္ရွင္အျဖစ္လက္ခံက်င္းပရန္မထိုက္တန္လို႔အမ်ားစုကယုံၾကည္ၾကပါတယ္။

ဒါေပမဲ့ဖီဖာဥကၠဌကေတာ့ေဘာလုံးကကမာၻႀကီးတစ္ခုလုံးကိုစည္းလုံးလာေစႏိုင္ေၾကာင့္၊ အနာဂတ္တြင္မည္သည့္ႏိုင္ငံမဆိုကမာၻ႔ဖလားအိမ္ရွင္အျဖစ္က်င္းပရန္အခြင့္အေရးရွိလာသင့္ေၾကာင္းဆိုသြားပါတယ္။

အင္ဖန္တီႏိုက “ဖီဖာကကမာၻလုံးဆိုရာေဘာလုံးအဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ကေဘာလုံးလူသားေတြပါ။ႏိုင္ငံေရးနဲ႔မဆိုင္ပါဘူး။ကြၽန္ေတာ္တို႔ကလူေတြကိုစည္းလုံးေစခ်င္တယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္အင္ဖန္တီႏိုကလြန္ခဲ့တဲ့ႏွစ္အနည္းငယ္ခန႔္တုန္းက အမ်ိဳးသမီးကမာၻ႔ဖလားၿပိဳင္ပြဲကိုလက္ခံက်င္းပႏိုင္/မႏိုင္ကိုေျမာက္ကိုရီးယားသို႔သြားေရာက္ၾကည့္ရႈခဲ့ဖူးေၾကာင္းဆိုသြားပါတယ္။

၎က “ဘယ္ႏိုင္ငံမဆိုက်င္းပခြင့္ရသင့္တယ္။တကယ္လို႔ေျမာက္ကိုရီးယားကလည္းလက္ခံက်င္းပခ်င္တယ္ဆိုရင္ေပါ့။လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းကေျမာက္ကိုရီးယားသို႔သြားခဲ့ဖူးတယ္။ေျမာက္ကိုရီးယားကိုေတာင္ကိုရီးယားႏွင့္ပူးတြဲအိမ္ရွင္အျဖစ္အမ်ိဳးသမီးကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပႏိုင္မလားဆိုတာသြားၾကည့္ခဲ့တာ။ေအာင္ေတာ့မေအာင္ျမင္ခဲ့ဘူး။ဒါေပမဲ့တကယ္လို႔မ်ားအကူအညီျဖစ္မယ္ဆိုရင္အဲဒီကိုအႀကိမ္တစ္ရာေလာက္သြားပါဦးမယ္”လို႔ဆိုသြားပါတယ္။

 

ဒါ့အျပင္ဖီဖာဥကၠဌကကမာၻ႔ဖလားၿပိဳင္ပြဲဝင္အသင္း၃၂သင္းအေနျဖင့္ကာတာရဲ႕စည္းမ်ဥ္းစည္းကမ္းမ်ားကိုနားလည္မႈေပးကာေဘာလုံးအေပၚတြင္သာအာ႐ုံစိုက္ကစားေစလိုေၾကာင္းလည္းဆိုသြားပါတယ္။