ကာတာနည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံလာရတဲ့ ယူနိုက်တက်နည်းပြဟောင်းကားလို့စ်ကွီရော့ဇ်

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းကားလို့စ်ကွီရော့ဇ်ဟာကာတာနည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံလာရပါတယ်။

သူဟာပြီးခဲ့တဲ့၂၀၂၂ကမ္ဘာ့ဖလားအိမ်ရှင်ကာတာအသင်းကို၂၀၂၆ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်စွမ်းဆောင်ရန်ပစ်မှတ်ထားနေပါတယ်။

အသက်၆၉နှစ်ရှိကွီရော့ဇ်ဟာပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကအီရန်အသင်း ကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခဲ့ရပြီးနောက်ရာထူးမှထွက်ခွာခဲ့သူလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နှင့်ပေါ်တူဂီနည်းပြဟောင်းဟာအီရန်မှထွက်ခွာပြီးနောက်လအနည်းငယ်အကြာမှာဘဲကာတာနည်းပြရာထူးကိုရယူလာပါတယ်။

ကာတာဟာကမ္ဘာ့ဖလားတွင်ကျရှုံးပြီးနောက်ထွက်ခွာသွားတဲ့စပိန်လူမျိုးနည်းပြဖီးလစ်ဆန်းချက်ဇ်နေရာတွင်ကွီရော့ဇ်ကိုအစားထိုးခန့်အပ်လာတာဖြစ်ပါတယ်။

၂၀၂၂ကမ္ဘာ့ဖလားအိမ်ရှင်ကာတာဟာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကအုပ်စုပွဲသုံးပွဲလုံးရှုံးနိမ့်ပြီးသွင်းဂိုးတစ်ဂိုးတည်းသာရရှိခဲ့ပါတယ်။

၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲကိုအမေရိကန်၊ကနေဒါနှင့်မက္ကဆီကိုတို့ကပူးတွဲအိမ်ရှင်အဖြစ်တာဝန်ယူသွားပါမယ်။

ZawGyi







