ကာတာနှင့်ပွဲ ပထမပိုင်းတွင် ဂိုး ၃ ဂိုး လူကျွံဘောအဖြစ် ငြင်းခံရပြီး သမိုင်းဝင်ရှုံးပွဲကြုံတွေ့သွားခဲ့တဲ့ အာဂျင်တီးနား

အာရှအသင်းဆော်ဒီဟာယနေ့ညဘောလုံးထိပ်သီးအာဂျင်တီးနားကိုနောက်ကလိုက်ကစားပြီး၂-၁ဂိုးဖြင့်အနိုင်ယူကာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်တုန်လှုပ်စရာအကောင်းဆုံးရလဒ်ကိုဖန်တီးနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားဟာလီယွန်နယ်မက်ဆီရဲ့ပင်နယ်တီဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမဲ့လည်းပထမပိုင်းမှာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့တင်းကြပ်လှတဲ့လူကျွံဘောစည်းမျဉ်းကြောင့်ဂိုး၃ဂိုးငြင်းပယ်ခြင်းနှင့်ကြုံခဲ့ရပါတယ်။

အာဂျင်တီးနားဟာပထမပိုင်းမှာမက်ဆီရဲ့ပင်နယ်တီဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးနောက်မက်ဆီနှင့်လူသာရိုမာတီနက်ဇ်(၂ဂိုး)သွင်းနိုင်ခဲ့ပေမဲ့လည်းလူကျွံဘောဖြစ်နေခဲ့မှုနှင့်အတူဂိုးမရခဲ့ပါဘူး။

ဆော်ဒီဟာမက်ဆီရဲ့ဂိုးကြောင့်နောက်ကလိုက်ကစားခဲ့ရပေမဲ့လည်းဒုတိယပိုင်းအစသုံးမိနစ်တွင်ပင်အယ်ရှီရီကချေပဂိုးသွင်းခဲ့ပြီးပွဲချိန်၅၃မိနစ်တွင်အယ်ဒေါ်ဆာရီကအနိုင်ဂိုးသွင်းခဲ့မှုနှင့်အတူအာဂျင်တီးနားကို၂-၁ဂိုးဖြင့်သမိုင်းဝင်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ZawGyi

ကာတာႏွင့္ပြဲ ပထမပိုင္းတြင္ ဂိုး ၃ ဂိုး လူကြၽံေဘာအျဖစ္ ျငင္းခံရၿပီး သမိုင္းဝင္ရႈံးပြဲႀကဳံေတြ႕သြားခဲ့တဲ့ အာဂ်င္တီးနား

အာရွအသင္းေဆာ္ဒီဟာယေန႔ညေဘာလုံးထိပ္သီးအာဂ်င္တီးနားကိုေနာက္ကလိုက္ကစားၿပီး၂-၁ဂိုးျဖင့္အႏိုင္ယူကာ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္တုန္လႈပ္စရာအေကာင္းဆုံးရလဒ္ကိုဖန္တီးႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားဟာလီယြန္နယ္မက္ဆီရဲ႕ပင္နယ္တီဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမဲ့လည္းပထမပိုင္းမွာကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕တင္းၾကပ္လွတဲ့လူကြၽံေဘာစည္းမ်ဥ္းေၾကာင့္ဂိုး၃ဂိုးျငင္းပယ္ျခင္းႏွင့္ႀကဳံခဲ့ရပါတယ္။

အာဂ်င္တီးနားဟာပထမပိုင္းမွာမက္ဆီရဲ႕ပင္နယ္တီဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္မက္ဆီႏွင့္လူသာ႐ိုမာတီနက္ဇ္(၂ဂိုး)သြင္းႏိုင္ခဲ့ေပမဲ့လည္းလူကြၽံေဘာျဖစ္ေနခဲ့မႈႏွင့္အတူဂိုးမရခဲ့ပါဘူး။

ေဆာ္ဒီဟာမက္ဆီရဲ႕ဂိုးေၾကာင့္ေနာက္ကလိုက္ကစားခဲ့ရေပမဲ့လည္းဒုတိယပိုင္းအစသုံးမိနစ္တြင္ပင္အယ္ရွီရီကေခ်ပဂိုးသြင္းခဲ့ၿပီးပြဲခ်ိန္၅၃မိနစ္တြင္အယ္ေဒၚဆာရီကအႏိုင္ဂိုးသြင္းခဲ့မႈႏွင့္အတူအာဂ်င္တီးနားကို၂-၁ဂိုးျဖင့္သမိုင္းဝင္ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။