ကာတာမှာကမ္ဘာ့ဖလားလက်ခံကျင်းပရန် မထိုက်တန်ကြောင်း တိုနီခရူးစ်ပြောကြား

တိုနီခရူးစ်ကကာတာနိုင်ငံအား၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအားအိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ပေးလိုက်မှုမှာမှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ကာတာဟာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကွင်းတည်ဆောက်မှုများပြုလုပ်ရာတွင်အလုပ်သမားများအားဆိုးရွားစွာကိုင်တွယ်မှုကြောင့်အပြင်းအထန်ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။

ကာတာကမ္ဘာ့ဖလားအတွက်ကွင်းတည်ဆောက်ရေးလုပ်ငန်းများတွင်လုပ်ဆောင်နေတဲ့အလုပ်သမားပေါင်းခြောက်ထောင်ကျော်တို့သေဆုံးခဲ့ပြီးဖြစ်ကြောင်းလူ့အခွင့်အရေးကော်မတီကကြေညာထားပါတယ်။

ဂျာမနီ၊နော်ဝေအသင်းအပါအဝင်လက်ရွေးစင်အသင်းအချို့တို့ဟာကာတာရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများအားကမ္ဘာ့ဖလားခြေစစ်ပွဲများတွင်ဆန့်ကျင်လျက်ရှိကြပါတယ်။

ခရူးစ်က “ဒီပြိုင်ပွဲကျင်းပခွင့်ကိုကာတာသို့ပေးလိုက်တာမှားပါတယ်။ရွှေ့ပြောင်းအလုပ်သမားတွေဟာအပူချိန်ဒီဂရီ၅၀အောက်မှာအနားမရဘဲတစ်နေကုန်အလုပ်လုပ်ကြရတယ်။ဆိုးရွားလွန်းလှတဲ့အပူချိန်အောက်မှာသောက်ရေမရှိဘဲအလုပ်လုပ်ရတော့ဆိုးရွားတဲ့ထိခိုက်မှုတွေကြုံရတယ်။ဒါတွေအားလုံးကလုံးဝလက်ခံနိုင်စရာမရှိပါဘူး”လို့ပြောကြားသွားပါတယ်။

ဒါပေမယ့်တိုနီခရူးစ်ကကာတာအာဏာပိုင်များရဲ့လုပ်ရပ်ကို၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအားသပိတ်မှောက်ခြင်းဖြင့်မဖြေရှင်းနိုင်ကြောင်းဆိုသွားပါတယ်။

ZawGyi

ကာတာမွာကမာၻ႔ဖလားလက္ခံက်င္းပရန္ မထိုက္တန္ေၾကာင္း တိုနီခ႐ူးစ္ေျပာၾကား

တိုနီခ႐ူးစ္ကကာတာႏိုင္ငံအား၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအားအိမ္ရွင္အျဖစ္လက္ခံက်င္းပခြင့္ေပးလိုက္မႈမွာမွားယြင္းတဲ့ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ကာတာဟာ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ကြင္းတည္ေဆာက္မႈမ်ားျပဳလုပ္ရာတြင္အလုပ္သမားမ်ားအားဆိုး႐ြားစြာကိုင္တြယ္မႈေၾကာင့္အျပင္းအထန္ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

ကာတာကမာၻ႔ဖလားအတြက္ကြင္းတည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္လုပ္ေဆာင္ေနတဲ့အလုပ္သမားေပါင္းေျခာက္ေထာင္ေက်ာ္တို႔ေသဆုံးခဲ့ၿပီးျဖစ္ေၾကာင္းလူ႔အခြင့္အေရးေကာ္မတီကေၾကညာထားပါတယ္။

ဂ်ာမနီ၊ေနာ္ေဝအသင္းအပါအဝင္လက္ေ႐ြးစင္အသင္းအခ်ိဳ႕တို႔ဟာကာတာရဲ႕လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားအားကမာၻ႔ဖလားေျခစစ္ပြဲမ်ားတြင္ဆန႔္က်င္လ်က္ရွိၾကပါတယ္။

ခ႐ူးစ္က “ဒီၿပိဳင္ပြဲက်င္းပခြင့္ကိုကာတာသို႔ေပးလိုက္တာမွားပါတယ္။ေ႐ႊ႕ေျပာင္းအလုပ္သမားေတြဟာအပူခ်ိန္ဒီဂရီ၅၀ေအာက္မွာအနားမရဘဲတစ္ေနကုန္အလုပ္လုပ္ၾကရတယ္။ဆိုး႐ြားလြန္းလွတဲ့အပူခ်ိန္ေအာက္မွာေသာက္ေရမရွိဘဲအလုပ္လုပ္ရေတာ့ဆိုး႐ြားတဲ့ထိခိုက္မႈေတြႀကဳံရတယ္။ဒါေတြအားလုံးကလုံးဝလက္ခံႏိုင္စရာမရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမယ့္တိုနီခ႐ူးစ္ကကာတာအာဏာပိုင္မ်ားရဲ႕လုပ္ရပ္ကို၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအားသပိတ္ေမွာက္ျခင္းျဖင့္မေျဖရွင္းႏိုင္ေၾကာင္းဆိုသြားပါတယ္။