
ဂျပန်ကစားသမားများဟာကာတာကမ္ဘာ့ဖလားမှာစိတ်လှုပ်ရှားစရာကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုကြုံခဲ့ရပြီးနောက် အိမ်အပြန်တွင်ပရိသတ်များရဲ့သူရဲကောင်းများအဖြစ်ကြိုဆိုခြင်းခံခဲ့ရပါတယ်။
ဟာဂျီမီမိုရီယာဆုရဲ့ဂျပန်အသင်းဟာသေမင်းတမန်အုပ်စုလို့ခေါ်ဝေါ်နိုင်တဲ့ အုပ်စုတွင်ချန်ပီယံဟောင်းများဖြစ်ကြတဲ့ဂျာမနီ၊စပိန်၊ကော်စတာရီကာတို့နှင့်တစ်အုပ်စုတည်းကျခဲ့ပါတယ်။
ဒါပေမဲ့ဂျပန်အသင်းဟာဂျာမနီနှင့်စပိန်တို့ကိုအနိုင်ကစားခဲ့ပြီးကော်စတာရီကာကိုရှုံးနိမ့်ကာအုပ်စုဗိုလ်အဖြစ်တက်ရောက်နိုင်ခဲ့ပါတယ်။
ဂျပန်ဟာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်မှာတော့၂၀၁၈ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်ခရိုအေးရှားကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်၃-၁ဖြင့်ရှုံးနိမ့်ကာကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှထွက်ခဲ့ရပါတယ်။
ဂျပန်အသင်းဟာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာခဲ့ရပေမဲ့လည်းအိမ်အပြန် ချီဘာ၊နာရီတာရှိ နာရီတာနိုင်ငံတကာလေဆိပ်တွင်ဂျပန်ပရိသတ်များရဲ့သူရဲကောင်းများပမာကြိုဆိုခြင်းခံခဲ့ပါတယ်။
ထောင်ပေါင်းများစွာသောပရိသတ်များဟာလေဆိပ်တွင်ပန်းစည်းများဖြင့်သူရဲကောင်းများပမာကြိုဆိုခဲ့ကြပါတယ်။
ZawGyi
ကာတာမှ အပြန်လေဆိပ်တွင် သူရဲကောင်းများအဖြစ် ကြိုဆိုခြင်းခံခဲ့ရတဲ့ ဂျပန်အသင်း