ကာတာရဲ့ယဉ်ကျေးမှုကို မလေးစားမှုကြောင့် ခရိုအေးရှားအလှဘုရင်မ ဝေဖန်ခံနေရ

Miss Croatia ဟောင်းအိုင်ဗာနာခနိုးလ်ဟာကာတာနိုင်ငံရဲ့ယဉ်ကျေးမှုကိုမလေးမစားပြုလုပ်မှုဖြင့်ဝေဖန်ခြင်းခံနေရပါတယ်။

ခနိုးလ်ဟာခရိုအေးရှားနှင့်မော်ရိုကိုတို့ကစားတဲ့ပွဲကို ခရိုအေးရှားအလံဖြင့်ဖန်တီးထားတဲ့ဝတ်စုံကိုဝတ်ဆင်ပြီးကြည့်ရှုအားပေးခဲ့ပါတယ်။

သူမဟာအိမ်ရှင်ကာတာကိုကမ္ဘာ့ဖလားသမိုင်းတွင်အဆိုးရွားဆုံးအိမ်ရှင်အဖြစ်ဝေဖန်ပြီးမီဒီယာများရဲ့စာမျက်နှာတွင်နေရာရယူထားသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူမဟာကာတာတွင်ခရိုအေးရှားအလံဖြင့်ဖန်တီးထားတဲ့မပေါ့တပေါ်ဝတ်စုံဖြင့်ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ကိုအွန်လိုင်းတွင်တင်လာပြီးနောက်ကာတာရဲ့ယဉ်ကျေးမှုကိုမလေးစားသူအဖြစ်ဝေဖန်ခြင်းခံလာရပါတယ်။

ပရိသတ်တစ်ဦးက “ခင်ဗျားအစားရှက်မိတယ်။အခြားနိုင်ငံရဲ့ယဉ်ကျေးမှုကိုမလေးစားဘူး”လို့ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း “ခင်ဗျားအခုရောက်နေတာကာတာပါ။ခရိုအေးရှားမဟုတ်ဘူး။သူတို့နိုင်ငံရဲ့စည်းမျဉ်းကိုလေးစားသင့်တယ်။ဒါကမူစလင်နိုင်ငံပါ”လို့ဆိုသွားပါတယ်။

ခရိုအေးရှားဟာကမ္ဘာ့ဖလားအဖွင့်ပွဲတွင်မော်ရိုကိုနှင့်ဂိုးမရှိသရေကျထားပါတယ်။၎င်းတို့ဟာတနင်္ဂနွေနေ့တွင်ကနေဒါနှင့်လည်းကောင်း၊ကြာသပတေးနေ့တွင်ဘယ်လ်ဂျီယံနှင့်လည်းကောင်းရင်ဆိုင်ရပါမယ်။

ZawGyi

ကာတာရဲ႕ယဥ္ေက်းမႈကို မေလးစားမႈေၾကာင့္ ခ႐ိုေအးရွားအလွဘုရင္မ ေဝဖန္ခံေနရ

Miss Croatia ေဟာင္းအိုင္ဗာနာခႏိုးလ္ဟာကာတာႏိုင္ငံရဲ႕ယဥ္ေက်းမႈကိုမေလးမစားျပဳလုပ္မႈျဖင့္ေဝဖန္ျခင္းခံေနရပါတယ္။

ခႏိုးလ္ဟာခ႐ိုေအးရွားႏွင့္ေမာ္႐ိုကိုတို႔ကစားတဲ့ပြဲကို ခ႐ိုေအးရွားအလံျဖင့္ဖန္တီးထားတဲ့ဝတ္စုံကိုဝတ္ဆင္ၿပီးၾကည့္ရႈအားေပးခဲ့ပါတယ္။

သူမဟာအိမ္ရွင္ကာတာကိုကမာၻ႔ဖလားသမိုင္းတြင္အဆိုး႐ြားဆုံးအိမ္ရွင္အျဖစ္ေဝဖန္ၿပီးမီဒီယာမ်ားရဲ႕စာမ်က္ႏွာတြင္ေနရာရယူထားသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့သူမဟာကာတာတြင္ခ႐ိုေအးရွားအလံျဖင့္ဖန္တီးထားတဲ့မေပါ့တေပၚဝတ္စုံျဖင့္႐ိုက္ကူးထားတဲ့ဗီဒီယိုဖိုင္ကိုအြန္လိုင္းတြင္တင္လာၿပီးေနာက္ကာတာရဲ႕ယဥ္ေက်းမႈကိုမေလးစားသူအျဖစ္ေဝဖန္ျခင္းခံလာရပါတယ္။

ပရိသတ္တစ္ဦးက “ခင္ဗ်ားအစားရွက္မိတယ္။အျခားႏိုင္ငံရဲ႕ယဥ္ေက်းမႈကိုမေလးစားဘူး”လို႔ဆိုသြားပါတယ္။

အျခားတစ္ဦးကလည္း “ခင္ဗ်ားအခုေရာက္ေနတာကာတာပါ။ခ႐ိုေအးရွားမဟုတ္ဘူး။သူတို႔ႏိုင္ငံရဲ႕စည္းမ်ဥ္းကိုေလးစားသင့္တယ္။ဒါကမူစလင္ႏိုင္ငံပါ”လို႔ဆိုသြားပါတယ္။

ခ႐ိုေအးရွားဟာကမာၻ႔ဖလားအဖြင့္ပြဲတြင္ေမာ္႐ိုကိုႏွင့္ဂိုးမရွိသေရက်ထားပါတယ္။၎တို႔ဟာတနဂၤေႏြေန႔တြင္ကေနဒါႏွင့္လည္းေကာင္း၊ၾကာသပေတးေန႔တြင္ဘယ္လ္ဂ်ီယံႏွင့္လည္းေကာင္းရင္ဆိုင္ရပါမယ္။