ကာတာသို့ ကမ္ဘာ့ဖလားလာကြည့်မဲ့ လိင်တူချစ်သူများကို လက်ခံရန် ငြင်းဆိုတဲ့ ဟိုတယ်များကို ဖီဖာခြိမ်းခြောက်လာ

ဖီဖာဟာကာတာရှိကမ္ဘာ့ဖလားကန်ထရိုက်စာချုပ်ချုပ်ဆိုထားတဲ့ဟိုတယ်များအားလိင်တူချစ်သူများကိုခွဲခြားဆက်ဆံမည်ဆိုပါကကန်ထရိုက်စာချုပ်ကိုဖျက်သိမ်းမည်ဖြစ်ကြောင်းခြိမ်းခြောက်လာပါတယ်။

စုံစမ်းစစ်ဆေးမှုတစ်ခုအရကာတာရှိဟိုတယ်အချို့တို့ဟာအခန်းတစ်ခန်းတည်းတွင် အမျိုးသားနှစ်ဦး(သို့မဟုတ်)အမျိုးသမီးနှစ်ဦးတို့အားအတူနေခွင့်ပေးရန်ငြင်းဆိုနေကြောင်းသိရပါတယ်။

ကာတာတွင်လိင်တူဆက်ဆံမှုမှာရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီးလငိ်တူဆက်ဆံသူများကိုရာဇဝတ်မှုဖြင့်စွဲချက်တင်ကာထောင်ဒဏ်၇နှ်အထိချမှတ်နိုင်ပါတယ်။

ကာတာနိုင်ငံဟာ လိင်တူချစ်သူများအပါအဝင်လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်ပြီးဆိုးရွားလှတဲ့မှတ်တမ်းဆိုးရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ဖီဖာဟာကာတာကိုကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ကျင်းပခွင့်ပေးလိုက်မှုအတွက်အကြီးအကျယ်ဝေဖန်ခံလာခဲ့ရပါတယ်။

ဖီဖာဥက္ကဌဂျီယန်နီအင်ဖာတီနိုကကာတာကမ္ဘာ့ဖလားမှလူတိုင်းကိုကြိုဆိုကြောင်းနှင့်လိင်တူချစ်သူဘောလုံးပရိသတ်များကိုလည်းကမ္ဘာ့ဖလားပြိုင်ပွဲသို့လာရောက်ရန်ဖိတ်ခေါ်ထားပါတယ်။

ဒါပေမဲ့ ဆွီဒင်မှ NRK ၊ SVT နှင့်ဒိန်းမတ်မှ DR တို့ရဲ့စုံစမ်းစစ်ဆေးမှုအရဟိုတယ်သုံးခုတို့မှာလိင်တူချစ်သူများကိုဘုတ်ကင်လက်ခံရန်ငြင်းဆိုထားကြောင်းသိရပါတယ်။

ဒါ့အပြင်အခြားဟိုတယ်၂၁ခုမှာလည်းစုံတွဲများအားလူမြင်ကွင်းပြုမူနေထိုင်မှုနဲ့ပတ်သက်ပြီးအပြင်းအထန်သတိပေးထားကြောင်းလည်းစစ်ဆေးတွေ့ရှိရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲလာကြည့်လျှင်တည်းခိုရန် ညွှန်ကြားခြင်းခံထားရတဲ့ဟိုတယ်၃၃ခုမှသုံးပုံတစ်ပုံမှာလည်းအမျိုးသားနှစ်ဦးကိုတစ်ခန်းတည်းလက်ခံရန်စိုးရိမ်နေကြောင်းတွေ့ရပါတယ်။

အဆိုပါစုံစမ်းစစ်ဆေးမှုထွက်ပေါ်လာပြီးနောက်ဖီဖာဟာကာတာကမ္ဘာ့ဖလားကျင်းပရေးကော်မတီများနှင့်တွေ့ဆုံမှုပြုလုပ်ပြီးလိင်တူချစ်သူများကိုလက်မခံတဲ့ဟိုတယ်များကိုကန်ထရိုက်ဖျက်သိမ်းသွားမယ်လို့သတိပေးမှုပြုလုပ်ခဲ့ပါတယ်။

ZawGyi

ကာတာသို႔ ကမာၻ႔ဖလားလာၾကည့္မဲ့ လိင္တူခ်စ္သူမ်ားကို လက္ခံရန္ ျငင္းဆိုတဲ့ ဟိုတယ္မ်ားကို ဖီဖာၿခိမ္းေျခာက္လာ

ဖီဖာဟာကာတာရွိကမာၻ႔ဖလားကန္ထ႐ိုက္စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ဟိုတယ္မ်ားအားလိင္တူခ်စ္သူမ်ားကိုခြဲျခားဆက္ဆံမည္ဆိုပါကကန္ထ႐ိုက္စာခ်ဳပ္ကိုဖ်က္သိမ္းမည္ျဖစ္ေၾကာင္းၿခိမ္းေျခာက္လာပါတယ္။

စုံစမ္းစစ္ေဆးမႈတစ္ခုအရကာတာရွိဟိုတယ္အခ်ိဳ႕တို႔ဟာအခန္းတစ္ခန္းတည္းတြင္ အမ်ိဳးသားႏွစ္ဦး(သို႔မဟုတ္)အမ်ိဳးသမီးႏွစ္ဦးတို႔အားအတူေနခြင့္ေပးရန္ျငင္းဆိုေနေၾကာင္းသိရပါတယ္။

ကာတာတြင္လိင္တူဆက္ဆံမႈမွာရာဇဝတ္မႈက်ဴးလြန္ျခင္းျဖစ္ၿပီးလငိ္တူဆက္ဆံသူမ်ားကိုရာဇဝတ္မႈျဖင့္စြဲခ်က္တင္ကာေထာင္ဒဏ္၇ႏွ္အထိခ်မွတ္ႏိုင္ပါတယ္။

ကာတာႏိုင္ငံဟာ လိင္တူခ်စ္သူမ်ားအပါအဝင္လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈႏွင့္ပတ္သက္ၿပီးဆိုး႐ြားလွတဲ့မွတ္တမ္းဆိုးရွိတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။ဖီဖာဟာကာတာကိုကမာၻ႔ဖလားအိမ္ရွင္အျဖစ္က်င္းပခြင့္ေပးလိုက္မႈအတြက္အႀကီးအက်ယ္ေဝဖန္ခံလာခဲ့ရပါတယ္။

ဖီဖာဥကၠဌဂ်ီယန္နီအင္ဖာတီႏိုကကာတာကမာၻ႔ဖလားမွလူတိုင္းကိုႀကိဳဆိုေၾကာင္းႏွင့္လိင္တူခ်စ္သူေဘာလုံးပရိသတ္မ်ားကိုလည္းကမာၻ႔ဖလားၿပိဳင္ပြဲသို႔လာေရာက္ရန္ဖိတ္ေခၚထားပါတယ္။

ဒါေပမဲ့ ဆြီဒင္မွ NRK ၊ SVT ႏွင့္ဒိန္းမတ္မွ DR တို႔ရဲ႕စုံစမ္းစစ္ေဆးမႈအရဟိုတယ္သုံးခုတို႔မွာလိင္တူခ်စ္သူမ်ားကိုဘုတ္ကင္လက္ခံရန္ျငင္းဆိုထားေၾကာင္းသိရပါတယ္။

ဒါ့အျပင္အျခားဟိုတယ္၂၁ခုမွာလည္းစုံတြဲမ်ားအားလူျမင္ကြင္းျပဳမူေနထိုင္မႈနဲ႔ပတ္သက္ၿပီးအျပင္းအထန္သတိေပးထားေၾကာင္းလည္းစစ္ေဆးေတြ႕ရွိရပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲလာၾကည့္လွ်င္တည္းခိုရန္ ၫႊန္ၾကားျခင္းခံထားရတဲ့ဟိုတယ္၃၃ခုမွသုံးပုံတစ္ပုံမွာလည္းအမ်ိဳးသားႏွစ္ဦးကိုတစ္ခန္းတည္းလက္ခံရန္စိုးရိမ္ေနေၾကာင္းေတြ႕ရပါတယ္။

အဆိုပါစုံစမ္းစစ္ေဆးမႈထြက္ေပၚလာၿပီးေနာက္ဖီဖာဟာကာတာကမာၻ႔ဖလားက်င္းပေရးေကာ္မတီမ်ားႏွင့္ေတြ႕ဆုံမႈျပဳလုပ္ၿပီးလိင္တူခ်စ္သူမ်ားကိုလက္မခံတဲ့ဟိုတယ္မ်ားကိုကန္ထ႐ိုက္ဖ်က္သိမ္းသြားမယ္လို႔သတိေပးမႈျပဳလုပ္ခဲ့ပါတယ္။