
ယခုလတွင်ကာတာမှာကျင်းပမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲသို့သွားရောက်ကြည့်ရှုကြမယ့်ပရိသတ်များအနေဖြင့် ကာတာနိုင်ငံရဲ့ယဉ်ကျေးစဉ်လာကိုအမြဲတမ်းခေါင်းတွင်ထည့်သွင်းထားရန်လိုအပ်ကြောင်းရဲတပ်ဖွဲ့ကသတိပေးလာပါတယ်။
ဗြိတိန်နိုင်ငံရေးဝန်ကြီးဌာနကအင်္ဂလန်ပရိသတ်များအနေဖြင့်ကမ္ဘာ့ဖလားပြိုင်ပွဲကြည့်ရင်ကာတာသို့ရောက်ရှိနေစဉ်အတွင်းတွင်ပရိသတ်များအနေဖြင့်ဇနီး/ချစ်သူနှင့်လက်ချင်းချိတ်ကာ အရပ်ဘက်နေရာများတွင်သွားလာခြင်းမပြုကြရန်အထူးသတိပေးလာပါတယ်။
ဗြိတိန်ရဲတပ်ဖွဲ့ဟာလည်းအထူးရဲတပ်ဖွဲ့ဝင်၁၅ဦးကိုကာတာသို့စေလွှတ်ကာအင်္ဂလန်ပရိသတ်များကိုအကူအညီပေးသွားဦးမှာလည်းဖြစ်ပါတယ်။
တဖက်တွင်ကာတာရဲတပ်ဖွဲ့ဟာလည်းကမ္ဘာ့ဖလားလုံခြုံရေးအတွက် တူရကီနှင့်ပါကစ္စတန်တို့မှရဲတပ်ဖွဲ့အကူအညီများလည်းရယူထားပါတယ်။
ကာတာဟာယခုနိုဝင်ဘာလ၂၀ရက်နေ့တွင်ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ပထမဆုံးမွတ်စလင်နိုင်ငံတွင်ကျင်းပမှုအဖြစ်လည်းကောင်း၊ပထမဆုံးဆောင်းရာသီကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ်လည်းကောင်းလက်ခံကျင်းပသွားပါမယ်။
ကာတာဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်အဆောက်အဦများတည်ဆောက်ရာတွင်နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက်အပြင်းအထန်ဝေဖန်ခြင်းခံနေရပါတယ်။
အင်္ဂလန်နှင့်ဥရောပနိုင်ငံ၉နိုင်ငံတို့မှအသင်းခေါင်းဆောင်တို့ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကာတာရဲ့LGBT ကန့်သတ်မှုကိုဆန့်ကျင်တဲ့အနေဖြင့် OneLove အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်သွားကြပါမယ်။
ဒါ့အပြင်ဒိန်းမတ်အသင်းဟာလည်းကာတာရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကိုဆန့်ကျင်တဲ့အနေဖြင့် အရောင်မှိန်ပြီးဖန်တီးထားတဲ့ဝတ်စုံကိုဝတ်ဆင်ကစားသွားပါမယ်။
တဖက်တွင် ဖီဖာဟာကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲအသင်း၃၂သင်းရဲ့ဘောလုံးအဖွဲ့ချုပ်များထံမှ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် နိုင်ငံရေးကိုခေါင်းထဲမထည့်ဘဲဘောလုံးကိုသာအာရုံစိုက်ကြရန်တိုက်တွန်းထားပါတယ်။
ZawGyi
ကာတာသို႔ ေရာက္ေနစဥ္ Public Area တြင္ ခ်စ္သူ/ဇနီးႏွင့္ လက္ခ်င္းခ်ိတ္မသြားၾကရန္ ေဘာလုံးပရိသတ္မ်ား သတိေပးခံရ
ယခုလတြင္ကာတာမွာက်င္းပမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲသို႔သြားေရာက္ၾကည့္ရႈၾကမယ့္ပရိသတ္မ်ားအေနျဖင့္ ကာတာႏိုင္ငံရဲ႕ယဥ္ေက်းစဥ္လာကိုအၿမဲတမ္းေခါင္းတြင္ထည့္သြင္းထားရန္လိုအပ္ေၾကာင္းရဲတပ္ဖြဲ႕ကသတိေပးလာပါတယ္။
ၿဗိတိန္ႏိုင္ငံေရးဝန္ႀကီးဌာနကအဂၤလန္ပရိသတ္မ်ားအေနျဖင့္ကမာၻ႔ဖလားၿပိဳင္ပြဲၾကည့္ရင္ကာတာသို႔ေရာက္ရွိေနစဥ္အတြင္းတြင္ပရိသတ္မ်ားအေနျဖင့္ဇနီး/ခ်စ္သူႏွင့္လက္ခ်င္းခ်ိတ္ကာ အရပ္ဘက္ေနရာမ်ားတြင္သြားလာျခင္းမျပဳၾကရန္အထူးသတိေပးလာပါတယ္။
ၿဗိတိန္ရဲတပ္ဖြဲ႕ဟာလည္းအထူးရဲတပ္ဖြဲ႕ဝင္၁၅ဦးကိုကာတာသို႔ေစလႊတ္ကာအဂၤလန္ပရိသတ္မ်ားကိုအကူအညီေပးသြားဦးမွာလည္းျဖစ္ပါတယ္။
တဖက္တြင္ကာတာရဲတပ္ဖြဲ႕ဟာလည္းကမာၻ႔ဖလားလုံၿခဳံေရးအတြက္ တူရကီႏွင့္ပါကစၥတန္တို႔မွရဲတပ္ဖြဲ႕အကူအညီမ်ားလည္းရယူထားပါတယ္။
ကာတာဟာယခုႏိုဝင္ဘာလ၂၀ရက္ေန႔တြင္ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတြင္ ပထမဆုံးမြတ္စလင္ႏိုင္ငံတြင္က်င္းပမႈအျဖစ္လည္းေကာင္း၊ပထမဆုံးေဆာင္းရာသီကမာၻ႔ဖလားၿပိဳင္ပြဲအျဖစ္လည္းေကာင္းလက္ခံက်င္းပသြားပါမယ္။
ကာတာဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္အေဆာက္အဦမ်ားတည္ေဆာက္ရာတြင္ႏိုင္ငံျခားသားေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားအတြက္အျပင္းအထန္ေဝဖန္ျခင္းခံေနရပါတယ္။
အဂၤလန္ႏွင့္ဥေရာပႏိုင္ငံ၉ႏိုင္ငံတို႔မွအသင္းေခါင္းေဆာင္တို႔ဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ကာတာရဲ႕LGBT ကန႔္သတ္မႈကိုဆန႔္က်င္တဲ့အေနျဖင့္ OneLove အသင္းေခါင္းေဆာင္လက္ပတ္ကိုဝတ္ဆင္သြားၾကပါမယ္။
ဒါ့အျပင္ဒိန္းမတ္အသင္းဟာလည္းကာတာရဲ႕လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကိုဆန႔္က်င္တဲ့အေနျဖင့္ အေရာင္မွိန္ၿပီးဖန္တီးထားတဲ့ဝတ္စုံကိုဝတ္ဆင္ကစားသြားပါမယ္။
တဖက္တြင္ ဖီဖာဟာကမာၻ႔ဖလားဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ၿပိဳင္ပြဲအသင္း၃၂သင္းရဲ႕ေဘာလုံးအဖြဲ႕ခ်ဳပ္မ်ားထံမွ ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ ႏိုင္ငံေရးကိုေခါင္းထဲမထည့္ဘဲေဘာလုံးကိုသာအာ႐ုံစိုက္ၾကရန္တိုက္တြန္းထားပါတယ္။