ကာတာဟိုတယ်ဘားတွင် ကမ္ဘာ့ဖလားကြည့်မည်ဆိုပါက ဘီယာတစ်ခွက်ကို ပေါင် ၈၀ ပေးရမယ့် ဘောလုံးပရိသတ်များ

ကာတာရှိဘားများဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ပွဲများကိုကြည့်ရှုမယ့်ဘောလုံးပရိသတ်များထံမှပေါင်၂၄၀အထိကောက်ခံမှုပြုလုပ်လာပါမယ်။

ဘောလုံးပရိသတ်အမြောက်အမြားတို့ဟာကာတာကမ္ဘာ့ဖလားရဲ့စရိတ်စကမြင့်မားနေမှုကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲသွားကြည့်ရေးကိုနောက်ဆုတ်ထားကြပါတယ်။

ဟိုတယ်အခန်းမရရှိလိုက်တဲ့ပရိသတ်များဟာကန္တာရရှိ Camps တွင်နေထိုင်သွားကြရပါမယ်။

ယနေ့တွင် iNews ရဲ့ဖော်ပြလာမှုအရကာတာရှိ Sports Bars များဟာလည်းကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းလည်းပွဲလာကြည့်မယ့်ပရိသတ်များထံမှငွေကြေးများစွာကောက်ခံမှုပြုလုပ်လာမှာဖြစ်ကြောင်းသိရပါတယ်။

ကာတာ The Marriott Hotel ရှိ Champions Sports Bar ဟာပွဲလာကြည့်မယ့်သူတစ်ဦးကို၄၈ပေါင်အထိကောက်ခံမှုပြုလုပ်လာပါမယ်။

ဝင်ကြည့်တဲ့ပရိသတ်ဟာ Budweiser ၊ Corona (သို့မဟုတ်) အိမ်လုပ်ဝိုင်သုံးခွက်သောက်သုံးနိုင်ပါမယ်။ယင်းပမာဏမှာကမ္ဘာ့ဖလားအုပ်စုပွဲအတွက်ကောက်ခံမှုဖြစ်ပါတယ်။

ရှုံးထွက်အဆင့်ပွဲများကိုပေါင်၁၈၀အထိကောက်ခံလာမှာဖြစ်ပြီးဆီမီးဖိုင်နယ်နှင့်ဗိုလ်လုပွဲကိုပေါင်၂၄၀အထိကောက်ခံလာပါမယ်။ဒါကြောင့်လည်းပရိသတ်များအနေဖြင့်ဘီယာတစ်ခွက်ကိုပေါင်၈၀နှုန်းပေးပြီးကမ္ဘာ့ဖလားပွဲကြည့်ရသလိုဖြစ်လာပါမယ်။

ယင်းဟိုတယ်အပြင် အခြား Sports Bar အများစုတို့ဟာလည်းကမ္ဘာ့ဖလားပွဲကြည့်ရန်ဝင်ကြေး၃၅ပေါင်မှပေါင်၁၀၀အတွင်းကောက်ခံလာဦးမှာဖြစ်ကြောင်းလည်းသိရပါတယ်။

ကာတာရှိအရက်ဈေးနှုန်းမှာအာဏာပိုင်တို့ရဲ့အခွန်ကောက်ခံမှုမြင့်မားမှုနှင့်အတူကမ္ဘာ့အဆင့်မြင့်ဆုံးဈေးနှုန်းတွေထဲကတစ်ခုဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကိုနိုဝင်ဘာလ၂၀ရက်နေ့တွင်အိမ်ရှင်ကာတာနှင့်အီကွေဒေါတို့ကစားကာဖွင့်လှစ်သွားပါမယ်။

ZawGyi

ကာတာဟိုတယ္ဘားတြင္ ကမာၻ႔ဖလားၾကည့္မည္ဆိုပါက ဘီယာတစ္ခြက္ကို ေပါင္ ၈၀ ေပးရမယ့္ ေဘာလုံးပရိသတ္မ်ား

ကာတာရွိဘားမ်ားဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ပြဲမ်ားကိုၾကည့္ရႈမယ့္ေဘာလုံးပရိသတ္မ်ားထံမွေပါင္၂၄၀အထိေကာက္ခံမႈျပဳလုပ္လာပါမယ္။

ေဘာလုံးပရိသတ္အေျမာက္အျမားတို႔ဟာကာတာကမာၻ႔ဖလားရဲ႕စရိတ္စကျမင့္မားေနမႈေၾကာင့္ကမာၻ႔ဖလားၿပိဳင္ပြဲသြားၾကည့္ေရးကိုေနာက္ဆုတ္ထားၾကပါတယ္။

ဟိုတယ္အခန္းမရရွိလိုက္တဲ့ပရိသတ္မ်ားဟာကႏၲာရရွိ Camps တြင္ေနထိုင္သြားၾကရပါမယ္။

ယေန႔တြင္ iNews ရဲ႕ေဖာ္ျပလာမႈအရကာတာရွိ Sports Bars မ်ားဟာလည္းကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းလည္းပြဲလာၾကည့္မယ့္ပရိသတ္မ်ားထံမွေငြေၾကးမ်ားစြာေကာက္ခံမႈျပဳလုပ္လာမွာျဖစ္ေၾကာင္းသိရပါတယ္။

ကာတာ The Marriott Hotel ရွိ Champions Sports Bar ဟာပြဲလာၾကည့္မယ့္သူတစ္ဦးကို၄၈ေပါင္အထိေကာက္ခံမႈျပဳလုပ္လာပါမယ္။

ဝင္ၾကည့္တဲ့ပရိသတ္ဟာ Budweiser ၊ Corona (သို႔မဟုတ္) အိမ္လုပ္ဝိုင္သုံးခြက္ေသာက္သုံးႏိုင္ပါမယ္။ယင္းပမာဏမွာကမာၻ႔ဖလားအုပ္စုပြဲအတြက္ေကာက္ခံမႈျဖစ္ပါတယ္။

ရႈံးထြက္အဆင့္ပြဲမ်ားကိုေပါင္၁၈၀အထိေကာက္ခံလာမွာျဖစ္ၿပီးဆီမီးဖိုင္နယ္ႏွင့္ဗိုလ္လုပြဲကိုေပါင္၂၄၀အထိေကာက္ခံလာပါမယ္။ဒါေၾကာင့္လည္းပရိသတ္မ်ားအေနျဖင့္ဘီယာတစ္ခြက္ကိုေပါင္၈၀ႏႈန္းေပးၿပီးကမာၻ႔ဖလားပြဲၾကည့္ရသလိုျဖစ္လာပါမယ္။

ယင္းဟိုတယ္အျပင္ အျခား Sports Bar အမ်ားစုတို႔ဟာလည္းကမာၻ႔ဖလားပြဲၾကည့္ရန္ဝင္ေၾကး၃၅ေပါင္မွေပါင္၁၀၀အတြင္းေကာက္ခံလာဦးမွာျဖစ္ေၾကာင္းလည္းသိရပါတယ္။

ကာတာရွိအရက္ေဈးႏႈန္းမွာအာဏာပိုင္တို႔ရဲ႕အခြန္ေကာက္ခံမႈျမင့္မားမႈႏွင့္အတူကမာၻ႔အဆင့္ျမင့္ဆုံးေဈးႏႈန္းေတြထဲကတစ္ခုျဖစ္ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲကိုႏိုဝင္ဘာလ၂၀ရက္ေန႔တြင္အိမ္ရွင္ကာတာႏွင့္အီေကြေဒါတို႔ကစားကာဖြင့္လွစ္သြားပါမယ္။