ကာတာအသင်းနှင့်ခြေစမ်းပွဲကစားရန် စီစဉ်လိုက်တဲ့ ဝက်ဖို့ဒ်ကို ပရိသတ်များဝေဖန်နေ

ဝက်ဖို့ဒ်အသင်းပရိသတ်များဟာကာတာလက်ရွေးစင်အသင်းနှင့်ခြေစမ်းပွဲကစားရန်စီစဉ်လိုက်မှုအတွက်ကလပ်ကိုအပြင်းအထန်ဝေဖန်နေပါတယ်။

ဝက်ဖို့ဒ်ရဲ့အမျိုးသမီးပရိသတ်များနှင့်လိင်တူချစ်သူများဟာလာမယ့်လတွင်ဩစတြီးယားတွင်ခြေစမ်းပွဲကစားရန်စီစဉ်လိုက်မှုအပေါ်ဒေါသထွက်နေတာလည်းဖြစ်ပါတယ်။

ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ကျင်းပမယ့်ကာတာဟာအမျိုးသမီးအခွင့်အရေး၊လိင်တူချစ်သူအခွင့်အရေးများကိုကန့်သတ်တဲ့နိုင်ငံဖြစ်ပါတယ်။

ကာတာဟာလိင်တူချစ်သူများကိုထောင်ဒဏ်၇နှစ်အထိချမှတ်နိုင်တဲ့ဥပဒေပြဌာန်းထားတဲ့နိုင်ပါတယ်။

ဒါကြောင့်လည်းဝက်ဖို့ဒ်အမျိုးသမီးအသင်းနှင့် Proud Hornets ပရိသတ်အုပ်စုတို့ဟာဝက်ဖို့ဒ်ရဲ့ကာတာအသင်းနှင့်ခြေစမ်းပွဲကစားရန်စီစဉ်ထားမှုကိုကန့်ကွက်ကြောင်းကြေညာချက်ထုတ်ပြန်လာပါတယ်။

ပရီးမီးယားလိဂ်မှတန်းဆင်းသွားခဲ့ရတဲ့ဝက်ဖို့ဒ်ဟာဇူလိုင်လ၅ရက်နေ့မှ၁၀ရက်နေ့အထိဩစတြီးယားတွင်ရာသီကြိုလေ့ကျင့်ခန်းဆင်းမှာဖြစ်ပြီးနောက်ဆုံးရက်တွင်ကာတာနှင့်ခြေစမ်းပွဲကစားပါမယ်။

Zawgyi






