ကာတာအား အနိုင်ရရှိတဲ့ပွဲမှာ နိုင်ငံတကာစံချိန်သစ်များ ထပ်မံရေးထိုးလိုက်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကကာတာအားပေါ်တူဂီက၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာနောက်ထပ်စံချိန်သစ်တစ်ခုရေးထိုးလာသလိုသူရယူထားတဲ့စံချိန်တစ်ခုကိုလည်း ဆက်လက်တိုးမြှင့်လာပါတယ်။

အသက်၃၆နှစ်ရှိမန်ယူစူပါစတားဟာကာတာနှင့်ပွဲစဉ်မှာသူ့ရဲ့၁၁၂ဂိုးမြောက်နိုင်ငံတကာဂိုးကိုသွင်းယူခဲ့သလိုဆာဂျီယိုရာမို့စ်ရဲ့ဥရောပတွင်နိုင်ငံတကာပွဲအများဆုံးကစားသမားထားတဲ့စံချိန်ကိုလည်းရိုက်ချိုးခဲ့ပါတယ်။

ရော်နယ်ဒိုဟာပြီးခဲ့တဲ့လတုန်းကအီရန်ဂန္ထဝင်အလီဒါယီရဲ့နိုင်ငံတကာဂိုးအများဆုံးသွင်းယူထားတဲ့စံချိန် ၁၀၉ ဂိုးကိုရိုက်ချိုးခဲ့သူဖြစ်ပြီးယခုအခါစံချိန်သစ်ကိုဆက်လက် ရေးထိုးနေပါတယ်။

သူဟာကာတာနှင့်ခြေစမ်းပွဲမှာပထမပိုင်းတစ်ပိုင်းတည်းသာကစားခဲ့ပေမယ့်လည်းဂိုးသွင်းနိုင်ခဲ့ပါတယ်။သူဟာပွဲချိန်၃၇မိနစ်မှာသူ့ရဲ့၁၁၂ဂိုးမြောက်ဂိုးအားအနီးကပ်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းအပြီးမှာရော်နယ်ဒိုလူစားလဲခံခဲ့ရပေမယ့်လည်းပေါ်တူဂီအတွက်အနိုင်ဂိုးများကိုဟိုဆေးဖွန်တီနှင့်အင်ဒရေဆေးလ်ဗားတို့ကထပ်မံသွင်းယူခဲ့ကြပါတယ်။

ကာတာနှင့်ပွဲစဉ်ကရော်နယ်ဒိုရဲ့ပေါ်တူဂီအတွက်၁၈၁ဂိုးမြောက်ဂိုးဖြစ်ပြီးဥရောပသမိုင်းမှာနိုင်ငံတကာပွဲအများဆုံးကစားထားတဲ့ကစားသမားဖြစ်လာပါတယ်။

ယခင်တုန်းကဥရောပရဲ့ပွဲအများဆုံးကစားထားသူအဖြစ်ဆာဂျီယိုရာမို့စ်ကစပိန်အတွက်ပွဲ၁၈၀ကစားကာရပ်တည်နေခဲ့ပါတယ်။

ရော်နယ်ဒိုဟာလာမယ့်အင်္ဂါနေ့မှာကစားမယ့်၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲမှာသူ့ရဲ့၁၈၂ပွဲမြောက်ပွဲကိုကစားသွားဖို့ရှိပါတယ်။

လက်ရှိအချိန်တွင်ကမ္ဘာ့နိုင်ငံတကာပွဲအများဆုံးကစားထားတဲ့ကစားသမားအဖြစ်မလေးရှားစတားဆိုရှင်းအန်ကနိုင်ငံတကာပွဲ၁၉၅ပွဲဖြင့်ရပ်တည်နေပါတယ်။

ZawGyi

ကာတာအား အႏိုင္ရရွိတဲ့ပြဲမွာ ႏိုင္ငံတကာစံခ်ိန္သစ္မ်ား ထပ္မံေရးထိုးလိုက္တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကကာတာအားေပၚတူဂီက၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာေနာက္ထပ္စံခ်ိန္သစ္တစ္ခုေရးထိုးလာသလိုသူရယူထားတဲ့စံခ်ိန္တစ္ခုကိုလည္း ဆက္လက္တိုးျမႇင့္လာပါတယ္။

အသက္၃၆ႏွစ္ရွိမန္ယူစူပါစတားဟာကာတာႏွင့္ပြဲစဥ္မွာသူ႔ရဲ႕၁၁၂ဂိုးေျမာက္ႏိုင္ငံတကာဂိုးကိုသြင္းယူခဲ့သလိုဆာဂ်ီယိုရာမို႔စ္ရဲ႕ဥေရာပတြင္ႏိုင္ငံတကာပြဲအမ်ားဆုံးကစားသမားထားတဲ့စံခ်ိန္ကိုလည္း႐ိုက္ခ်ိဳးခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့လတုန္းကအီရန္ဂႏၴဝင္အလီဒါယီရဲ႕ႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူထားတဲ့စံခ်ိန္ ၁၀၉ ဂိုးကို႐ိုက္ခ်ိဳးခဲ့သူျဖစ္ၿပီးယခုအခါစံခ်ိန္သစ္ကိုဆက္လက္ ေရးထိုးေနပါတယ္။

သူဟာကာတာႏွင့္ေျခစမ္းပြဲမွာပထမပိုင္းတစ္ပိုင္းတည္းသာကစားခဲ့ေပမယ့္လည္းဂိုးသြင္းႏိုင္ခဲ့ပါတယ္။သူဟာပြဲခ်ိန္၃၇မိနစ္မွာသူ႔ရဲ႕၁၁၂ဂိုးေျမာက္ဂိုးအားအနီးကပ္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းအၿပီးမွာေရာ္နယ္ဒိုလူစားလဲခံခဲ့ရေပမယ့္လည္းေပၚတူဂီအတြက္အႏိုင္ဂိုးမ်ားကိုဟိုေဆးဖြန္တီႏွင့္အင္ဒေရေဆးလ္ဗားတို႔ကထပ္မံသြင္းယူခဲ့ၾကပါတယ္။

ကာတာႏွင့္ပြဲစဥ္ကေရာ္နယ္ဒိုရဲ႕ေပၚတူဂီအတြက္၁၈၁ဂိုးေျမာက္ဂိုးျဖစ္ၿပီးဥေရာပသမိုင္းမွာႏိုင္ငံတကာပြဲအမ်ားဆုံးကစားထားတဲ့ကစားသမားျဖစ္လာပါတယ္။

ယခင္တုန္းကဥေရာပရဲ႕ပြဲအမ်ားဆုံးကစားထားသူအျဖစ္ဆာဂ်ီယိုရာမို႔စ္ကစပိန္အတြက္ပြဲ၁၈၀ကစားကာရပ္တည္ေနခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာလာမယ့္အဂၤါေန႔မွာကစားမယ့္၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲမွာသူ႔ရဲ႕၁၈၂ပြဲေျမာက္ပြဲကိုကစားသြားဖို႔ရွိပါတယ္။

လက္ရွိအခ်ိန္တြင္ကမာၻ႔ႏိုင္ငံတကာပြဲအမ်ားဆုံးကစားထားတဲ့ကစားသမားအျဖစ္မေလးရွားစတားဆိုရွင္းအန္ကႏိုင္ငံတကာပြဲ၁၉၅ပြဲျဖင့္ရပ္တည္ေနပါတယ္။