
ကာတာအုပ်စုတစ်ခုကယူနိုက်တက်ကိုဝယ်ယူရေးကမ်းလှမ်းလာတော့မယ်လို့သတင်းထွက်ပေါ်လာပြီးနောက်ယူနိုက်တက်ရဲ့ရှယ်ယာဈေးနှုန်းခုန်တက်လာပါတယ်။
ဂလေဇာမိသားစုဟာပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကယူနိုက်တက်ရဲ့ရှယ်ယာအချို့ကိုလည်းကောင်း၊အပြီးသတ်သော်လည်းကောင်းရောင်းချသွားတော့မယ်လို့ကြေညာခဲ့ပါတယ်။
လက်ရှိအချိန်တွင်ယူနိုက်တက်ကိုဝယ်ယူရန်ရင်းနှီးမြှပ်နှံရေးအဖွဲ့များစွာတို့ကစိတ်ဝင်စားနေပြီးပေါင်၆ဘီလီယံနှင့်အထက်ဖြင့်အရောင်းအဝယ်ဖြစ်လာနိုင်ကာအားကစားသမိုင်းတွင်ဈေးနှုန်းအမြင့်မားဆုံးကလပ်ရောင်းချမှုဖြစ်လာဖို့ရှိနေပါတယ်။
ယူနိုက်တက်ကိုဝယ်ယူရေးထိပ်ဆုံးကစိတ်ဝင်စားနေသူများထဲတွင်ယူနိုက်တက်အမာခံပရိသတ်ဆာဂျမ်ရက်ကလစ်ဖ်ပါဝင်သလိုကာတာရင်းနှီးမြှပ်နှံရေးအဖွဲ့လည်းပါဝင်ပါတယ်။
ကာတာရင်းနှီးမြှပ်နှံရေးအဖွဲ့ဟာယခုရက်ပိုင်းအတွင်းတွင်ယူနိုက်တက်ကိုဝယ်ယူရေးတရားဝင်ကမ်းလှမ်းလာမယ်လို့သတင်းထွက်ထားပါတယ်။
ယင်းသို့သတင်းထွက်ပေါ်လာပြီးနောက်ယူနိုက်တက်ရဲ့ရယ်ယာဈေးနှုန်းခုန်တက်လာပါတယ်။
ယူနိုက်တက်ရဲ့ရှယ်ယာဈေးနှုန်းဟာဒေါ်လာ၂၁.၁၂အထိ၆.၃၀ရာခိုင်နှုန်းမြင့်တက်လာကြောင်း Benzinga Pro ရဲ့ဖော်ပြမှုအရသိရပါတယ်။
ယူနိုက်တက်ရဲ့အရောင်းအဝယ်ကိစ္စကို Raine Group ကတာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီးဖေဖော်ဝါရီလလယ်ပိုင်းတွင်ကမ်းလှမ်းမှုပိတ်ကာစီစစ်မှုပြုလုပ်ကာပိုင်ရှင်သစ်ကိုရွေးချယ်ပါမယ်။
ကာတာရင်းနှီးမြှပ်နှံသူများဟာယူနိုက်တက်ကိုဝယ်ယူရေးအောင်မြင်ပါကအိုးထရက်ဖို့ဒ်ကွင်းကိုလည်းအသစ်တည်ဆောက်မှုပြုလုပ်သွားရန်စီစဉ်ထားသလိုနည်းပြအဲရစ်တန်ဟက်ကိုလည်းကစားသမားဝယ်ယူရေးငွေအလုံအလောက်ထုတ်ပေးဖို့စီစဉ်ထားပါတယ်။
ကာတာရင်းနှီးမြှပ်နှံရေးအဖွဲ့ဟာ ပီအက်စ်ဂျီကိုQatar Sports Investmentsမှုနဲ့အတူယူနိုက်တက်ကိုဝယ်ယူရာမှာပြဿနာရှိလာနိုင်ပါတယ်။
မတူညီတဲ့နိုင်ငံနှစ်ခုမှအသင်းနှစ်သင်းကိုပိုင်ဆိုင်နိုင်ပေမဲ့လည်း ချန်ပီယံလိဂ်မှာတော့ပိုင်ရှင်တူအသင်းနှစ်သင်းဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိပါဘူး။
ZawGyi
ကာတာအုပ္စုရဲ႕ကမ္းလွမ္းျခင္း ခံရမယ္လို႔ သတင္းထြက္ၿပီးေနာက္ ယူႏိုက္တက္ရဲ႕ရွယ္ယာေဈးႏႈန္းခုန္တက္
ကာတာအုပ္စုတစ္ခုကယူႏိုက္တက္ကိုဝယ္ယူေရးကမ္းလွမ္းလာေတာ့မယ္လို႔သတင္းထြက္ေပၚလာၿပီးေနာက္ယူႏိုက္တက္ရဲ႕ရွယ္ယာေဈးႏႈန္းခုန္တက္လာပါတယ္။
ဂေလဇာမိသားစုဟာၿပီးခဲ့တဲ့ႏိုဝင္ဘာလတုန္းကယူႏိုက္တက္ရဲ႕ရွယ္ယာအခ်ိဳ႕ကိုလည္းေကာင္း၊အၿပီးသတ္ေသာ္လည္းေကာင္းေရာင္းခ်သြားေတာ့မယ္လို႔ေၾကညာခဲ့ပါတယ္။
လက္ရွိအခ်ိန္တြင္ယူႏိုက္တက္ကိုဝယ္ယူရန္ရင္းႏွီးျမႇပ္ႏွံေရးအဖြဲ႕မ်ားစြာတို႔ကစိတ္ဝင္စားေနၿပီးေပါင္၆ဘီလီယံႏွင့္အထက္ျဖင့္အေရာင္းအဝယ္ျဖစ္လာႏိုင္ကာအားကစားသမိုင္းတြင္ေဈးႏႈန္းအျမင့္မားဆုံးကလပ္ေရာင္းခ်မႈျဖစ္လာဖို႔ရွိေနပါတယ္။
ယူႏိုက္တက္ကိုဝယ္ယူေရးထိပ္ဆုံးကစိတ္ဝင္စားေနသူမ်ားထဲတြင္ယူႏိုက္တက္အမာခံပရိသတ္ဆာဂ်မ္ရက္ကလစ္ဖ္ပါဝင္သလိုကာတာရင္းႏွီးျမႇပ္ႏွံေရးအဖြဲ႕လည္းပါဝင္ပါတယ္။
ကာတာရင္းႏွီးျမႇပ္ႏွံေရးအဖြဲ႕ဟာယခုရက္ပိုင္းအတြင္းတြင္ယူႏိုက္တက္ကိုဝယ္ယူေရးတရားဝင္ကမ္းလွမ္းလာမယ္လို႔သတင္းထြက္ထားပါတယ္။
ယင္းသို႔သတင္းထြက္ေပၚလာၿပီးေနာက္ယူႏိုက္တက္ရဲ႕ရယ္ယာေဈးႏႈန္းခုန္တက္လာပါတယ္။
ယူႏိုက္တက္ရဲ႕ရွယ္ယာေဈးႏႈန္းဟာေဒၚလာ၂၁.၁၂အထိ၆.၃၀ရာခိုင္ႏႈန္းျမင့္တက္လာေၾကာင္း Benzinga Pro ရဲ႕ေဖာ္ျပမႈအရသိရပါတယ္။
ယူႏိုက္တက္ရဲ႕အေရာင္းအဝယ္ကိစၥကို Raine Group ကတာဝန္ယူေဆာင္႐ြက္ေနတာျဖစ္ၿပီးေဖေဖာ္ဝါရီလလယ္ပိုင္းတြင္ကမ္းလွမ္းမႈပိတ္ကာစီစစ္မႈျပဳလုပ္ကာပိုင္ရွင္သစ္ကိုေ႐ြးခ်ယ္ပါမယ္။
ကာတာရင္းႏွီးျမႇပ္ႏွံသူမ်ားဟာယူႏိုက္တက္ကိုဝယ္ယူေရးေအာင္ျမင္ပါကအိုးထရက္ဖို႔ဒ္ကြင္းကိုလည္းအသစ္တည္ေဆာက္မႈျပဳလုပ္သြားရန္စီစဥ္ထားသလိုနည္းျပအဲရစ္တန္ဟက္ကိုလည္းကစားသမားဝယ္ယူေရးေငြအလုံအေလာက္ထုတ္ေပးဖို႔စီစဥ္ထားပါတယ္။
ကာတာရင္းႏွီးျမႇပ္ႏွံေရးအဖြဲ႕ဟာ ပီအက္စ္ဂ်ီကိုQatar Sports Investmentsမႈနဲ႔အတူယူႏိုက္တက္ကိုဝယ္ယူရာမွာျပႆနာရွိလာႏိုင္ပါတယ္။
မတူညီတဲ့ႏိုင္ငံႏွစ္ခုမွအသင္းႏွစ္သင္းကိုပိုင္ဆိုင္ႏိုင္ေပမဲ့လည္း ခ်န္ပီယံလိဂ္မွာေတာ့ပိုင္ရွင္တူအသင္းႏွစ္သင္းဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္မရွိပါဘူး။