ကာဗာနီက အံ့မခန်းဂိုးအား မသွင်းယူမီ မန်ယူတစ်နှစ်တာအကောင်းဆုံးဂိုးဆုကို ဖာနန်ဒက်စ်ဆွတ်ခူးသွားခဲ့

အက်ဒီဆင်ကာဗာနီဟာမန်ယူတစ်နှစ်တာအကောင်းဆုံးဂိုးကိုဆွတ်ခူးနိုင်မယ့်အခွင့်အရေးအားကံဆိုးစွာဘဲလွဲချော်သွားခဲ့ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာမနေ့ညတုန်းကဖူလ်ဟမ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာကိုက်၄၀အကွာမှအမိုက်စားဂိုးတစ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။အသက်၃၄နှစ်ရှိကာဗာနီဟာဘရူနိုဖာနန်ဒက်စ်ထံမှဘောလုံးရရှိပြီးနောက်ရှေ့သို့တက်နေတဲ့ဖူလ်ဟမ်ဂိုးသမားအယ်လ်ဖုန်းအေရီယိုလာအားကျော်ကာသွင်းယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်ဖူလ်ဟမ်ပွဲမတိုင်ခင်မှာမန်ယူဟာတစ်နှစ်တာအကောင်းဆုံးဂိုးအားဘရူနိုဖာနန်ဒက်စ်အားချီးမြှင့်ထားပြီးဖြစ်နေပါတယ်။ဘရူနိုဖာနန်ဒက်စ်ဟာအဲဗာတန်နှင့်ပွဲစဉ်တုန်းကဂိုးသမားကိုကျော်ကာသွင်းယူခဲ့တဲ့ဂိုးဖြင့်မန်ယူတစ်နှစ်တာအကောင်းဆုံးဂိုးဆုကိုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်သွင်းယူတဲ့ဂိုးကကာဗာနီသွင်းယူတဲ့ဂိုးကပိုကောင်းသလားမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ဖာနန်ဒက်စ်ကကောသူဆွတ်ခူးထားတဲ့ဆုကိုကစားဖော်ကိုလွဲပြောင်းပေးပါ့မလား။

ဘရူနိုဖာနန်ဒက်စ်ဟာယခုရာသီအတွက်မန်ယူအကောင်းဆုံးဂိုးဆုအပြင်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်းနှစ်နှစ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

ကာဗာနီက အံ့မခန္းဂိုးအား မသြင္းယူမီ မန္ယူတစ္ႏွစ္တာအေကာင္းဆုံးဂိုးဆုကို ဖာနန္ဒက္စ္ဆြတ္ခူးသြားခဲ့

အက္ဒီဆင္ကာဗာနီဟာမန္ယူတစ္ႏွစ္တာအေကာင္းဆုံးဂိုးကိုဆြတ္ခူးႏိုင္မယ့္အခြင့္အေရးအားကံဆိုးစြာဘဲလြဲေခ်ာ္သြားခဲ့ပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာမေန႔ညတုန္းကဖူလ္ဟမ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္မွာကိုက္၄၀အကြာမွအမိုက္စားဂိုးတစ္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။အသက္၃၄ႏွစ္ရွိကာဗာနီဟာဘ႐ူႏိုဖာနန္ဒက္စ္ထံမွေဘာလုံးရရွိၿပီးေနာက္ေရွ႕သို႔တက္ေနတဲ့ဖူလ္ဟမ္ဂိုးသမားအယ္လ္ဖုန္းေအရီယိုလာအားေက်ာ္ကာသြင္းယူခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ဖူလ္ဟမ္ပြဲမတိုင္ခင္မွာမန္ယူဟာတစ္ႏွစ္တာအေကာင္းဆုံးဂိုးအားဘ႐ူႏိုဖာနန္ဒက္စ္အားခ်ီးျမႇင့္ထားၿပီးျဖစ္ေနပါတယ္။ဘ႐ူႏိုဖာနန္ဒက္စ္ဟာအဲဗာတန္ႏွင့္ပြဲစဥ္တုန္းကဂိုးသမားကိုေက်ာ္ကာသြင္းယူခဲ့တဲ့ဂိုးျဖင့္မန္ယူတစ္ႏွစ္တာအေကာင္းဆုံးဂိုးဆုကိုဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္သြင္းယူတဲ့ဂိုးကကာဗာနီသြင္းယူတဲ့ဂိုးကပိုေကာင္းသလားေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။ဖာနန္ဒက္စ္ကေကာသူဆြတ္ခူးထားတဲ့ဆုကိုကစားေဖာ္ကိုလြဲေျပာင္းေပးပါ့မလား။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာယခုရာသီအတြက္မန္ယူအေကာင္းဆုံးဂိုးဆုအျပင္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုလည္းႏွစ္ႏွစ္ဆက္တိုက္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။