ကာဗာနီမှာ မန်ယူတွင် မပျော်မရွှင်ဖြစ်နေကြောင်း ဖခင်ဖြစ်သူပြောကြားလာ

အက်ဒီဆင်ကာဗာနီမှာမန်ယူတွင်မပျော်မရွှင်ဖြစ်နေပြီးလာမယ့်နွေရာသီတွင်တောင်အမေရိကသို့ပြောင်းရွှေ့လာတော့မှာဖြစ်ကြောင်းဖခင်ဖြစ်သူကပြောကြားလာပါတယ်။

လူးဝစ်ကာဗာနီဟာ အာဂျင်တီးနားမီဒီယာ TyC Sports နှင့်တွေ့ဆုံရာတွင်သားဖြစ်သူမှာလာမယ့်အပြောင်းအရွှေ့ ဈေးကွက်တွင်အိုးထရ်ကဖို့ဒ်မှထွက်ခွာရန်သေချာသလောက်ရှိနေကြောင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။ကာဗာနီဟာမိသားစုနှင့်နီးနီးကပ်ကပ်နေထိုင်လိုမှုကြောင့်တောင်အမေရိကသို့ပြန်လည်ပြောင်းရွှေ့လိုနေတာလည်း ဖြစ်ပါတယ်။

လူးဝစ်ကာဗာနီက “ကျွန်တော့်သားဟာအင်္ဂလန်မှာသိပ်အဆင်မပြေပါဘူး။မိသားစုနဲ့နီးနီးကပ်ကပ်နေချင်နေ ပါတယ်။အက်ဒီဆင်ဟာတောင်အမေရိကသို့လာကစားပြီးကစားသမားဘဝအဆုံးသတ်ပါလိမ့်မယ်။ကျွန်တော်က တော့အက်ဒီဆင်ကိုအရေးပါတဲ့ဆုဖလားအတွက်တိုက်ပွဲဝင်နေတဲ့ကလပ်မှာကစားစေချင်ပါတယ်။အက်ဒီဆင်ဟာ ရီကွဲလ်မီး(ဘိုကာဒုဥက္ကဌ)နဲ့စကားတွေအများကြီးပြောခဲ့ပါတယ်။ဘိုကာမှာကစားနိုင်ခဲ့တယ်။သူကိုယ်တိုင်ကလည်း ဘိုကာမှာကစားချင်ခဲ့တယ်။တကယ်လို့တောင်အမေရိကသို့လာမယ်ဆိုရင်တော့ဘိုကာသို့ဘဲသူသွားပါလိမ့်မယ်”လို့ ပြောကြားသွားပါတယ်။

အက်ဒီဆင်ကာဗာနီဟာနွေရာသီတုန်းကမန်ယူသို့တစ်နှစ်စာချုပ်ဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်သူ့စာချုပ်အတွင်းမှာတစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ဆက်လက်ပြီးလူးဝစ်ကာဗာနီက “နှစ်လယ်ပိုင်းမှာသူဟာတောင်အမေရိကသို့ရောက်လာပါလိမ့်မယ်။ကျွန်တော့် သားကတော့အဲဒီမှာ(မန်ယူ)ဆက်ကစားချင်တော့ပါဘူး။သူပြန်လာချင်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ကာဗာနီမှာယခုရာသီမှာပရီးမီးယားလိဂ်ပွဲ၁၈ပွဲကစားခဲ့ရာမှာ၆ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးထားနိုင်ပါတယ်။မန်ယူဟာ လာမယ့်နွေရာသီတွင်ကာဗာနီထွက်ခွာပါကတိုက်စစ်မှူးတစ်ဦးရှာဖွေလာရတော့မှာဖြစ်ပါတယ်။

ZawGyi

ကာဗာနီမွာ မန္ယူတြင္ မေပ်ာ္မ႐ႊင္ျဖစ္ေနေၾကာင္း ဖခင္ျဖစ္သူေျပာၾကားလာ

အက္ဒီဆင္ကာဗာနီမွာမန္ယူတြင္မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီးလာမယ့္ေႏြရာသီတြင္ေတာင္အေမရိကသို႔ေျပာင္းေ႐ႊ႕လာေတာ့မွာျဖစ္ေၾကာင္းဖခင္ျဖစ္သူကေျပာၾကားလာပါတယ္။

လူးဝစ္ကာဗာနီဟာ အာဂ်င္တီးနားမီဒီယာ TyC Sports ႏွင့္ေတြ႕ဆုံရာတြင္သားျဖစ္သူမွာလာမယ့္အေျပာင္းအေ႐ႊ႕ ေဈးကြက္တြင္အိုးထရ္ကဖို႔ဒ္မွထြက္ခြာရန္ေသခ်ာသေလာက္ရွိေနေၾကာင္းေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။ကာဗာနီဟာမိသားစုႏွင့္နီးနီးကပ္ကပ္ေနထိုင္လိုမႈေၾကာင့္ေတာင္အေမရိကသို႔ျပန္လည္ေျပာင္းေ႐ႊ႕လိုေနတာလည္း ျဖစ္ပါတယ္။

လူးဝစ္ကာဗာနီက “ကြၽန္ေတာ့္သားဟာအဂၤလန္မွာသိပ္အဆင္မေျပပါဘူး။မိသားစုနဲ႔နီးနီးကပ္ကပ္ေနခ်င္ေန ပါတယ္။အက္ဒီဆင္ဟာေတာင္အေမရိကသို႔လာကစားၿပီးကစားသမားဘဝအဆုံးသတ္ပါလိမ့္မယ္။ကြၽန္ေတာ္က ေတာ့အက္ဒီဆင္ကိုအေရးပါတဲ့ဆုဖလားအတြက္တိုက္ပြဲဝင္ေနတဲ့ကလပ္မွာကစားေစခ်င္ပါတယ္။အက္ဒီဆင္ဟာ ရီကြဲလ္မီး(ဘိုကာဒုဥကၠဌ)နဲ႔စကားေတြအမ်ားႀကီးေျပာခဲ့ပါတယ္။ဘိုကာမွာကစားႏိုင္ခဲ့တယ္။သူကိုယ္တိုင္ကလည္း ဘိုကာမွာကစားခ်င္ခဲ့တယ္။တကယ္လို႔ေတာင္အေမရိကသို႔လာမယ္ဆိုရင္ေတာ့ဘိုကာသို႔ဘဲသူသြားပါလိမ့္မယ္”လို႔ ေျပာၾကားသြားပါတယ္။

 

အက္ဒီဆင္ကာဗာနီဟာေႏြရာသီတုန္းကမန္ယူသို႔တစ္ႏွစ္စာခ်ဳပ္ျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္သူ႔စာခ်ဳပ္အတြင္းမွာတစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဆက္လက္ၿပီးလူးဝစ္ကာဗာနီက “ႏွစ္လယ္ပိုင္းမွာသူဟာေတာင္အေမရိကသို႔ေရာက္လာပါလိမ့္မယ္။ကြၽန္ေတာ့္ သားကေတာ့အဲဒီမွာ(မန္ယူ)ဆက္ကစားခ်င္ေတာ့ပါဘူး။သူျပန္လာခ်င္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ကာဗာနီမွာယခုရာသီမွာပရီးမီးယားလိဂ္ပြဲ၁၈ပြဲကစားခဲ့ရာမွာ၆ဂိုးသြင္းၿပီး၂ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။မန္ယူဟာ လာမယ့္ေႏြရာသီတြင္ကာဗာနီထြက္ခြာပါကတိုက္စစ္မႉးတစ္ဦးရွာေဖြလာရေတာ့မွာျဖစ္ပါတယ္။