ကာဗာနီရဲ့အံ့မခန်းဂိုးအတွက် ဘောလုံးကို မထိခဲ့ကြောင်း ဖာနန်ဒက်စ်ဝန်ခံလာ

ဘရူနိုဖာနန်ဒက်စ်ကဖူလ်ဟမ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင်အက်ဒီဆင်ကာဗာနီဂိုးသွင်းနိုင်အောင်ဖန်တီးခဲ့ရာတွင်ဘောလုံးကိုမထိခဲ့ကြောင်းဝန်ခံပြောကြားသွားခဲ့ပါတယ်။

ပရိသတ်၁၀၀၀၀လာရောက်ကြည့်ရှုခဲ့တဲ့အိုးထရက်ဖို့ဒ်ပွဲစဉ်တွင်မန်ယူအတွက်ဦးဆောင်ဂိုးကိုဥရုဂွေးတိုက်စစ်မှူးကာဗာနီကကိုက်၄၀အကွာမှသွင်းယူသွားခဲ့ပါတယ်။

သို့ရာတွင်ယင်းဂိုးမှာအငြင်းပွားစရာများပြည့်နှက်နေပါတယ်။ဒီဂီယာရှင်းထုတ်လိုက်တဲ့ဘောလုံးကိုဘရူနိုဖာနန်ဒက်စ်ချပေးရာမှကာဗာနီကသွင်းယူခဲ့တာပါ။ဒီဂီယာဘောလုံးရှင်းထုတ်ချိန်တွင်ကာဗာနီမှာလူကျွံနေခဲ့ပေမယ့်ဘရူနိုဖာနန်ဒက်စ်ကဘောလုံးကိုထိခဲ့တယ်လို့VARကယုံကြည်တာကြောင့်ဂိုးကိုခွင့်ပြုခဲ့တာပါ။တကယ်တမ်းမှာတော့ဘောလုံးကိုဘရူနိုဖာနန်ဒက်စ်မထိခဲ့ပါဘူး။

ဘရူနိုဖာနန်ဒက်စ်က “ရိုးသားစွာပြောရရင်ကျွန်တော်ဘောလုံးကိုထိခဲ့တယ်လို့မခံစားရပါဘူး။ဒိုင်လူကြီးကတော့ကျွန်တော်ဘောလုံးကိုထိခဲ့တယ်လို့ဆိုပါတယ်။အရင်တုန်းကပြောခဲ့သလိုဘဲအရေးအကြီးဆုံးကဂိုးရဖို့ပါ။ဘယ်သူကသွင်းသွင်း၊ဘယ်သူဘဲဖန်တီးမှုလုပ်လုပ်ဂိုးရဖို့ကအရေးအကြီးဆုံးပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ကာဗာနီရဲ႕အံ့မခန္းဂိုးအတြက္ ေဘာလုံးကို မထိခဲ့ေၾကာင္း ဖာနန္ဒက္စ္ဝန္ခံလာ

ဘ႐ူႏိုဖာနန္ဒက္စ္ကဖူလ္ဟမ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္တြင္အက္ဒီဆင္ကာဗာနီဂိုးသြင္းႏိုင္ေအာင္ဖန္တီးခဲ့ရာတြင္ေဘာလုံးကိုမထိခဲ့ေၾကာင္းဝန္ခံေျပာၾကားသြားခဲ့ပါတယ္။

ပရိသတ္၁၀၀၀၀လာေရာက္ၾကည့္ရႈခဲ့တဲ့အိုးထရက္ဖို႔ဒ္ပြဲစဥ္တြင္မန္ယူအတြက္ဦးေဆာင္ဂိုးကိုဥ႐ုေဂြးတိုက္စစ္မႉးကာဗာနီကကိုက္၄၀အကြာမွသြင္းယူသြားခဲ့ပါတယ္။

သို႔ရာတြင္ယင္းဂိုးမွာအျငင္းပြားစရာမ်ားျပည့္ႏွက္ေနပါတယ္။ဒီဂီယာရွင္းထုတ္လိုက္တဲ့ေဘာလုံးကိုဘ႐ူႏိုဖာနန္ဒက္စ္ခ်ေပးရာမွကာဗာနီကသြင္းယူခဲ့တာပါ။ဒီဂီယာေဘာလုံးရွင္းထုတ္ခ်ိန္တြင္ကာဗာနီမွာလူကြၽံေနခဲ့ေပမယ့္ဘ႐ူႏိုဖာနန္ဒက္စ္ကေဘာလုံးကိုထိခဲ့တယ္လို႔VARကယုံၾကည္တာေၾကာင့္ဂိုးကိုခြင့္ျပဳခဲ့တာပါ။တကယ္တမ္းမွာေတာ့ေဘာလုံးကိုဘ႐ူႏိုဖာနန္ဒက္စ္မထိခဲ့ပါဘူး။

ဘ႐ူႏိုဖာနန္ဒက္စ္က “႐ိုးသားစြာေျပာရရင္ကြၽန္ေတာ္ေဘာလုံးကိုထိခဲ့တယ္လို႔မခံစားရပါဘူး။ဒိုင္လူႀကီးကေတာ့ကြၽန္ေတာ္ေဘာလုံးကိုထိခဲ့တယ္လို႔ဆိုပါတယ္။အရင္တုန္းကေျပာခဲ့သလိုဘဲအေရးအႀကီးဆုံးကဂိုးရဖို႔ပါ။ဘယ္သူကသြင္းသြင္း၊ဘယ္သူဘဲဖန္တီးမႈလုပ္လုပ္ဂိုးရဖို႔ကအေရးအႀကီးဆုံးပါ”လို႔ေျပာၾကားသြားပါတယ္။