ကာရင်တန်ကို စွန့်ခွာပြီး ပေါင်သန်း ၂၀၀ တန် လေ့ကျင့်ရေးကွင်းသစ်သို့ ပြောင်းရန် ယူနိုက်တက်ရပ်ဆိုင်း

မန်ချက်စတာယူနိုက်တက်ဟာကန်ကျစရိတ်မြင့်မားမှုကြောင့်လေ့ကျင့်ရေးကွင်းသစ်သို့ ပြောင်းရွှေ့ရန်စီစဉ်ထားလိုက်မှုကိုရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

ယူနိုက်တက်တာဝန်ရှိသူများဟာချီရှိုင်းယားရှိတက်တွန်အီစတိန်သို့ပြောင်းရန်စီစဉ်ထားခဲ့ပေမဲ့ပေါင်သန်း၂၀၀အထိကုန်ကျမယ့်အခြေအနေရှိနေတာကြောင့် ယင်းအစီအစဉ်ကိုရပ်ဆိုင်းလိုက်တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အနေဖြင့်လေ့ကျင့်ရေးကွင်းသစ်သို့ပြောင်းမည်ဆိုပါက မြေနေရာအတွက်လည်းကုန်ကျမယ့်အပြင်အဆောက်အဦးတည်ဆောက်ရေးအွက်ပါထပ်မံကုန်ကျဦးမှာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းယူနိုက်တက်ဟာလက်ရှိအသုံးပြုနေတဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းကိုသာ အဆင့်မြှင့်မှုပြုလုပ်မှုများသာပြုလုပ်ရန်ဆုံးဖြတ်လိုက်ပါတယ်။

ယူနိုက်တက်ရဲ့လက်ရှိကာရင်တန်လေ့ကျင့်ရေးကွင်းက မန်စီးတီး၊စပါးစ်၊လီဗာပူးတို့နှင့်နှိုင်းယှဉ်ပါကအဆင့်မြင့်မားမှုမရှိပါဘူး။

ယခုအခါယူနိုက်တက်ဟာမက်မာနန်ကို ကာရင်တန်လေ့ကျင့်ရေးဖွံ့ဖြိုးတိုးတက်ရေးပရိုဂရမ်ဒါရိုက်တာအဖြစ်ခန့်အပ်ကာ ကမ္ဘာ့ထိပ်တန်းလေ့ကျင့်ရေးကွင်းတစ်ခုအဖြစ်ပြောင်းလဲရန်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ကာရင်တန်ကွင်းမှာအိုးထရက်ဖို့ဒ်ကွင်းနှင့်၇မိုင်အကွာအဝေးတွင်သာတည်ရှိပြီး၂၀၀၀ခုနှစ်တုန်းကစတင်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

ZawGyi

ကာရင္တန္ကို စြန႔္ခြာၿပီး ေပါင္သန္း ၂၀၀ တန္ ေလ့က်င့္ေရးကြင္းသစ္သို႔ ေျပာင္းရန္ ယူႏိုက္တက္ရပ္ဆိုင္း

မန္ခ်က္စတာယူႏိုက္တက္ဟာကန္က်စရိတ္ျမင့္မားမႈေၾကာင့္ေလ့က်င့္ေရးကြင္းသစ္သို႔ ေျပာင္းေ႐ႊ႕ရန္စီစဥ္ထားလိုက္မႈကိုရပ္ဆိုင္းလိုက္ၿပီျဖစ္ပါတယ္။

ယူႏိုက္တက္တာဝန္ရွိသူမ်ားဟာခ်ီရႈိင္းယားရွိတက္တြန္အီစတိန္သို႔ေျပာင္းရန္စီစဥ္ထားခဲ့ေပမဲ့ေပါင္သန္း၂၀၀အထိကုန္က်မယ့္အေျခအေနရွိေနတာေၾကာင့္ ယင္းအစီအစဥ္ကိုရပ္ဆိုင္းလိုက္တာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္အေနျဖင့္ေလ့က်င့္ေရးကြင္းသစ္သို႔ေျပာင္းမည္ဆိုပါက ေျမေနရာအတြက္လည္းကုန္က်မယ့္အျပင္အေဆာက္အဦးတည္ေဆာက္ေရးအြက္ပါထပ္မံကုန္က်ဦးမွာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းယူႏိုက္တက္ဟာလက္ရွိအသုံးျပဳေနတဲ့ကာရင္တန္ေလ့က်င့္ေရးကြင္းကိုသာ အဆင့္ျမႇင့္မႈျပဳလုပ္မႈမ်ားသာျပဳလုပ္ရန္ဆုံးျဖတ္လိုက္ပါတယ္။

ယူႏိုက္တက္ရဲ႕လက္ရွိကာရင္တန္ေလ့က်င့္ေရးကြင္းက မန္စီးတီး၊စပါးစ္၊လီဗာပူးတို႔ႏွင့္ႏႈိင္းယွဥ္ပါကအဆင့္ျမင့္မားမႈမရွိပါဘူး။

ယခုအခါယူႏိုက္တက္ဟာမက္မာနန္ကို ကာရင္တန္ေလ့က်င့္ေရးဖြံ႕ၿဖိဳးတိုးတက္ေရးပ႐ိုဂရမ္ဒါ႐ိုက္တာအျဖစ္ခန႔္အပ္ကာ ကမာၻ႔ထိပ္တန္းေလ့က်င့္ေရးကြင္းတစ္ခုအျဖစ္ေျပာင္းလဲရန္လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

ယူႏိုက္တက္ရဲ႕ကာရင္တန္ကြင္းမွာအိုးထရက္ဖို႔ဒ္ကြင္းႏွင့္၇မိုင္အကြာအေဝးတြင္သာတည္ရွိၿပီး၂၀၀၀ခုႏွစ္တုန္းကစတင္အသုံးျပဳလာခဲ့တာျဖစ္ပါတယ္။