ကာရင်တန်လေ့ကျင့်ရေးကွင်းမြေအား ဝယ်ယူရာတွင် စစ်ပွဲနှင့်ပတ်သက်ပြီး အံ့ဩစရာ အချက်တစ်ခုကိုထည့်သွင်းချုပ်ဆိုခဲ့ရတဲ့ မန်ယူ

တကယ်လို့များစစ်သာဖြစ်လာခဲ့မယ်ဆိုရင်အရောင်းအဝယ်စာချုပ်ပါအချက်အရမန်ယူအသင်းရဲ့လေကျင့်ရေးကွင်းကိုအာလူးစိုက်ခင်းအဖြစ်ပြောင်းလဲပစ်ရပါမယ်။

မန်ယူဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ဟာမကြာသေးမီတုန်းကပြုလုပ်တဲ့အင်တာဗျူးအစီအစဉ်မှာကာရင်တန်လေ့ကျင့်ရေးကွင်းဝယ်ယူစဉ်ကအံ့ဩစရာကောင်းတဲ့အဖြစ်အပျက်ဇာတ်လမ်းကိုဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

အသက်၇၉နှစ်ရှိဆာအဲလက်စ်ဖာဂူဆန်ဟာ၂၀၀၀ခုနှစ်တုန်းက The Cliff လေ့ကျင့်ရေးကွင်းဟောင်းမှ ယခုအသုံးပြုနေတဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်း သို့ပြောင်းရန်စီစဉ်ခဲ့ပါတယ်၊

မန်ယူဟာကာရင်တန်လေ့ကျင့်ရေးကွင်းကို၂၀၀၀ကတည်းကဝယ်ယူအသုံးပြုလာခဲ့တာဖြစ်ပါတယ်။

အသက်၇၉နှစ်ရှိစကော့တလန်လူမျိုးနည်းပြက “The Cliff ကကျွန်တော်စရောက်တုန်းက တော်တော်ကြီးတာပါ။ဒါပေမယ့်နောက်တော့ကလပ်ကတဖြည်းဖြည်းကြီးလာပြီးနေရာကမလောက်တော့ကောင်လေးတွေလေ့ကျင့်ဖို့အတွက် Indoor နေရာတိုးချဲ့ဖို့မြေနေရာလိုလာပါတယ်။ဒီတော့ကျွန်တော်တို့ဟာလေ့ကျင့်ရေးကွင်းသစ်ဆောက်နိုင်ဖို့အတွက်မန်ချက်စတာမှာမြေနေရာရှာကြပါတယ်။နေရာတိုင်းမှာရှိကြတယ်။အထူးသဖြင့်မန်ချက်စတာမြောက်ပိုင်းမှာပေါ့။လက်စ်ကာရှော(မန်ယူကင်းထောက်ချုပ်နှင့်အကယ်ဒမီဒါရိုက်တာဟောင်း)ကျွန်တော့်ဆီပေါက်ချလာတယ်။သူ့သူငယ်ချင်းတစ်ဦးက Shell မှာအလုပ်လုပ်နေတယ်။သူက ကာရင်တန်ကသူတို့မြေတချို့ရောင်းဖို့ရှိတယ်လို့ပြောပါတယ်။ဒီတော့ကျွန်တော်တို့လည်းသွားကြည့်ကြတာပေါ့။မြေအကျယ်အဝန်းကကျွန်တော်တို့လိုချင်တဲ့ပမာဏဘဲ။၂၈ဧကထင်တယ်။ဒါပေမယ့် အဲဒီမြေကိုဝယ်တဲ့အခါဒီကနေ့အထိနားလည်လို့မရတဲ့ကန့်သတ်ချက်တွေလည်းရှိပါတယ်။ကန့်သတ်ချက်တွေထဲမှာစစ်ဖြစ်ရင်ဒီကွင်းကြီးကိုအာလူးစိုက်ခင်းအဖြစ်ပြောင်းလဲပေးရမယ်ဆိုတာပါ။ပြီးတော့ကနေဒီယန်ဘဲမျိုးတွေအတွက်တစ်ဧကနှစ်ဧကမြေနေရာပေးရမယ်။ကျုံး တွေလည်းရှိတယ်။ဗိုးတွေလည်းရှိတော့ပြောင်းလဲလို့မရပါဘူး။ကျွန်တော်တို့ဘာမှလုပ်လို့မရပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ကာရင္တန္ေလ့က်င့္ေရးကြင္းေျမအား ဝယ္ယူရာတြင္ စစ္ပြဲႏွင့္ပတ္သက္ၿပီး အံ့ဩစရာ အခ်က္တစ္ခုကိုထည့္သြင္းခ်ဳပ္ဆိုခဲ့ရတဲ့ မန္ယူ

တကယ္လို႔မ်ားစစ္သာျဖစ္လာခဲ့မယ္ဆိုရင္အေရာင္းအဝယ္စာခ်ဳပ္ပါအခ်က္အရမန္ယူအသင္းရဲ႕ေလက်င့္ေရးကြင္းကိုအာလူးစိုက္ခင္းအျဖစ္ေျပာင္းလဲပစ္ရပါမယ္။

မန္ယူဂႏၴဝင္နည္းျပဆာအဲလက္စ္ဖာဂူဆန္ဟာမၾကာေသးမီတုန္းကျပဳလုပ္တဲ့အင္တာဗ်ဴးအစီအစဥ္မွာကာရင္တန္ေလ့က်င့္ေရးကြင္းဝယ္ယူစဥ္ကအံ့ဩစရာေကာင္းတဲ့အျဖစ္အပ်က္ဇာတ္လမ္းကိုဖြင့္ဟလာခဲ့တာျဖစ္ပါတယ္။

အသက္၇၉ႏွစ္ရွိဆာအဲလက္စ္ဖာဂူဆန္ဟာ၂၀၀၀ခုႏွစ္တုန္းက The Cliff ေလ့က်င့္ေရးကြင္းေဟာင္းမွ ယခုအသုံးျပဳေနတဲ့ ကာရင္တန္ေလ့က်င့္ေရးကြင္း သို႔ေျပာင္းရန္စီစဥ္ခဲ့ပါတယ္၊

မန္ယူဟာကာရင္တန္ေလ့က်င့္ေရးကြင္းကို၂၀၀၀ကတည္းကဝယ္ယူအသုံးျပဳလာခဲ့တာျဖစ္ပါတယ္။

အသက္၇၉ႏွစ္ရွိစေကာ့တလန္လူမ်ိဳးနည္းျပက “The Cliff ကကြၽန္ေတာ္စေရာက္တုန္းက ေတာ္ေတာ္ႀကီးတာပါ။ဒါေပမယ့္ေနာက္ေတာ့ကလပ္ကတျဖည္းျဖည္းႀကီးလာၿပီးေနရာကမေလာက္ေတာ့ေကာင္ေလးေတြေလ့က်င့္ဖို႔အတြက္ Indoor ေနရာတိုးခ်ဲ႕ဖို႔ေျမေနရာလိုလာပါတယ္။ဒီေတာ့ကြၽန္ေတာ္တို႔ဟာေလ့က်င့္ေရးကြင္းသစ္ေဆာက္ႏိုင္ဖို႔အတြက္မန္ခ်က္စတာမွာေျမေနရာရွာၾကပါတယ္။ေနရာတိုင္းမွာရွိၾကတယ္။အထူးသျဖင့္မန္ခ်က္စတာေျမာက္ပိုင္းမွာေပါ့။လက္စ္ကာေရွာ(မန္ယူကင္းေထာက္ခ်ဳပ္ႏွင့္အကယ္ဒမီဒါ႐ိုက္တာေဟာင္း)ကြၽန္ေတာ့္ဆီေပါက္ခ်လာတယ္။သူ႔သူငယ္ခ်င္းတစ္ဦးက Shell မွာအလုပ္လုပ္ေနတယ္။သူက ကာရင္တန္ကသူတို႔ေျမတခ်ိဳ႕ေရာင္းဖို႔ရွိတယ္လို႔ေျပာပါတယ္။ဒီေတာ့ကြၽန္ေတာ္တို႔လည္းသြားၾကည့္ၾကတာေပါ့။ေျမအက်ယ္အဝန္းကကြၽန္ေတာ္တို႔လိုခ်င္တဲ့ပမာဏဘဲ။၂၈ဧကထင္တယ္။ဒါေပမယ့္ အဲဒီေျမကိုဝယ္တဲ့အခါဒီကေန႔အထိနားလည္လို႔မရတဲ့ကန႔္သတ္ခ်က္ေတြလည္းရွိပါတယ္။ကန႔္သတ္ခ်က္ေတြထဲမွာစစ္ျဖစ္ရင္ဒီကြင္းႀကီးကိုအာလူးစိုက္ခင္းအျဖစ္ေျပာင္းလဲေပးရမယ္ဆိုတာပါ။ၿပီးေတာ့ကေနဒီယန္ဘဲမ်ိဳးေတြအတြက္တစ္ဧကႏွစ္ဧကေျမေနရာေပးရမယ္။က်ဳံး ေတြလည္းရွိတယ္။ဗိုးေတြလည္းရွိေတာ့ေျပာင္းလဲလို႔မရပါဘူး။ကြၽန္ေတာ္တို႔ဘာမွလုပ္လို႔မရပါဘူး”လို႔ေျပာၾကားသြားပါတယ္။