ကာရစ်နှင့်မက်ကန်နာတို့ကို စာချုပ်သစ်ချုပ်ကာ ဆိုးလ်ရှားကို ယုံကြည်ကြောင်း ပြသသွားမယ့် သရဲနီ

မန်ချက်စတာယူနိုက်တက်ဟာမန်ယူပထမအသင်းနည်းပြများဖြစ်ကြတဲ့မိုက်ကယ်ကာရစ်နှင့်ကီရန်မက်ကန်နာတို့ကိုစာချုပ်သက်တမ်းတိုးရန်စီစဉ်နေကြောင်းသိရပါတယ်။

မန်ယူဟာပြီးခဲ့တဲ့ဇူလိုင်လတုန်းကနည်းပြဆိုးလ်ရှားကိုသုံးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးတဲ့နောက်သူ့ရဲ့လက်ထောက်နည်းပြများဖြစ်ကြတဲ့ကာရစ်နှင့်မက်ကန်နာတို့ကိုလည်းစာချုပ်သက်တမ်းတိုးရန်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

မန်ယူဟာအသက်၄၀နှစ်ရှိကာရစ်နှင့်အသက်၃၅နှစ်ရှိမက်ကန်နာတို့ကိုစာချုပ်သက်တမ်းတိုးချုပ်ဆိုပြီးနည်းပြဆိုးလ်ရှားအပေါ်အပြည့်အဝထောက်ခံနေဆဲဖြစ်ကြောင်းပြသသွားမှာလည်းဖြစ်ပါတယ်။

မန်ယူဟာမနေ့ညတုန်းကနံပါတ်တစ်လက်ထောက်နည်းပြမိုက်ဖီလန်အားစာချုပ်သစ်ချုပ်ဆိုကာဆိုးလ်ရှားအားထောက်ခံကြောင်းပြသခဲ့ပြီးဖြစ်ပါတယ်။မိုက်ဖီလန်ရဲ့ယခင်စာချုပ်မှာလာမယ့်နှစ်တွင်ကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်ကြောင့်၂၀၂၄ခုနှစ်အထိအိုးထရက်ဖို့ဒ်တွင်ရှိနေတော့မှာဖြစ်ပါတယ်။

ZawGyi

ကာရစ္ႏွင့္မက္ကန္နာတို႔ကို စာခ်ဳပ္သစ္ခ်ဳပ္ကာ ဆိုးလ္ရွားကို ယုံၾကည္ေၾကာင္း ျပသသြားမယ့္ သရဲနီ

မန္ခ်က္စတာယူႏိုက္တက္ဟာမန္ယူပထမအသင္းနည္းျပမ်ားျဖစ္ၾကတဲ့မိုက္ကယ္ကာရစ္ႏွင့္ကီရန္မက္ကန္နာတို႔ကိုစာခ်ဳပ္သက္တမ္းတိုးရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

မန္ယူဟာၿပီးခဲ့တဲ့ဇူလိုင္လတုန္းကနည္းျပဆိုးလ္ရွားကိုသုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီးတဲ့ေနာက္သူ႔ရဲ႕လက္ေထာက္နည္းျပမ်ားျဖစ္ၾကတဲ့ကာရစ္ႏွင့္မက္ကန္နာတို႔ကိုလည္းစာခ်ဳပ္သက္တမ္းတိုးရန္လုပ္ေဆာင္လာခဲ့တာျဖစ္ပါတယ္။

မန္ယူဟာအသက္၄၀ႏွစ္ရွိကာရစ္ႏွင့္အသက္၃၅ႏွစ္ရွိမက္ကန္နာတို႔ကိုစာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုၿပီးနည္းျပဆိုးလ္ရွားအေပၚအျပည့္အဝေထာက္ခံေနဆဲျဖစ္ေၾကာင္းျပသသြားမွာလည္းျဖစ္ပါတယ္။

မန္ယူဟာမေန႔ညတုန္းကနံပါတ္တစ္လက္ေထာက္နည္းျပမိုက္ဖီလန္အားစာခ်ဳပ္သစ္ခ်ဳပ္ဆိုကာဆိုးလ္ရွားအားေထာက္ခံေၾကာင္းျပသခဲ့ၿပီးျဖစ္ပါတယ္။မိုက္ဖီလန္ရဲ႕ယခင္စာခ်ဳပ္မွာလာမယ့္ႏွစ္တြင္ကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္သစ္ေၾကာင့္၂၀၂၄ခုႏွစ္အထိအိုးထရက္ဖို႔ဒ္တြင္ရွိေနေတာ့မွာျဖစ္ပါတယ္။