ကာရာဘောင်းဖလားတတိယအဆင့်တွင် ဝက်စ်ဟမ်းနှင့်မန်ယူထိပ်တိုက်တွေ့ဆုံ

ကာရာဘောင်းဖလားတတိယအဆင့်မဲခွဲမှုပြုလုပ်ခဲ့ရာတွင်မန်ယူအသင်းဟာပရီးမီးယားလိဂ်ပြိုင်ဘက်ဝက်စ်ဟမ်းအသင်းနှင့်ထိပ်တိုက်တွေ့နေကြောင်းသိရပါတယ်။မနေ့ညတုန်းကဝက်စ်ဘရွန်းကို၆-၀ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့အာဆင်ယ်ကတော့အေအက်ဖ်စီဝင်ဘာလေနှင့်ရင်ဆိုင်တွေ့နေကာနောက်တစ်ဆင့်သို့တက်ရန်ခြေအနေကောင်းနေပါတယ်။

အာဆင်နယ်ဟာမနေ့ညတုန်းကတိုက်စစ်မှူးအူဘာမီယန်ရဲ့ဟက်ထရစ်ဂိုးနဲ့အတူဝက်စ်ဘရွန်းကို၆-၀ဂိုးဖြင့်အနိုင်ရရှိပြီးကာရာဘောင်းဖလားတတိယအဆင့်သို့တက်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါနိုင်ပွဲမှာအာတီတာရဲ့အာဆင်နယ်အတွက်ယခုရာသီပထမဆုံးနိုင်ပွဲလည်းဖြစ်ပါတယ်။အာတီတာဟာပရီးမီးယားလိဂ်တွင်နှစ်ပွဲဆက်အရှုံး၊ရဂိုးမရှိမှုတို့ကြောင့်ဖိအားများနှင့်ကြုံနေခဲ့ရကာဝက်စ်ဘရွန်းနိုင်ပွဲကြောင့်ဖိအားလျှော့ကျသွားခဲ့ပါတယ်။

မန်ယူဟာဝက်စ်ဟမ်းအသင်းကိုအိုးထရက်ဖို့ဒ်ကွင်းမှာဧည့်ခံကစားရမှာဖြစ်လို့နောက်တစ်ဆင့်သို့တက်ဖို့တော့အခြေအနေကောင်းနေပါတယ်။

လက်ရှိချန်ပီယံမန်စီးတီးကတော့လိဂ်၁အမှတ်ပေးဇယားအဆင့်၂နေရာတွင်ရပ်တည်နေတဲ့ဝိုင်ကွန်ဘီအသင်းကိုရင်ဆိုင်ရပါမယ်။

စပါးစ်ဟာလည်းဝုဗ်နှင့်ရင်ဆိုင်ရမှာဖြစ်ပြီးနည်းပြနူနိုအက်စ်ပီရီတိုဆန်တိုဟာအသင်းဟောင်းနှင့်တစ်ကျော့ပြန်ရင်ဆိုင်ရပါဦးမယ်။နူနိုဆန်တိုဟာပြီးခဲ့တဲ့အပတ်တုန်းကအသင်းဟောင်းဝုဗ်ကိုအနိုင်ယူထားပါတယ်။

ဒါ့အပြင်အက်ဖ်အေဖလားချန်ပီယံလက်စတာဟာမီဝေါလ်ကိုရင်ဆိုင်ရမှာဖြစ်ပြီးရှက်ဖီးယူနိုက်တက်မှာလည်းဆောက်သမ်တန်နှင့်ရင်ဆိုင်ကစားရပါမယ်။

အိမ်ကွင်းတွင်ခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ယူခဲ့တဲ့ဝက်ဖို့ဒ်မှာစတုတ်ကိုရင်ဆိုင်ရမှာဖြစ်ပြီးဘန်လေမှာရော့ချ်ဒဲလ်ကိုဧည့်ခံကစားရပါမယ်။ဒါ့အပြင်ချဲလ်ဆီးမှာဗီလာနှင့်လည်းကောင်း၊လီဗာပူးမှာနော့ဝှစ်ချ်နဲ့လည်းကောင်းရင်ဆိုင်ရပါမယ်။

ကာရာဘောင်းဖလားတတိယအဆင့်ပွဲစဉ်များကတော့ကျူပီအာ-အဲဗာတန်၊ပရက်စတန်-ချီတင်ဟမ်၊မန်ယူ-ဝက်စ်ဟမ်း၊ဖူလ်ဟမ်-လိဒ်၊ဘရန့်ဖို့ဒ်-အိုးဟမ်း၊ဝက်ဖို့ဒ်-စတုတ်၊ချဲလ်ဆီး-ဗီလာ၊ဝီဂန်-ဆန်းဒါးလန်း၊နော့ဝှစ်ချ်-လီဗာပူး၊ဘန်လေ-ရော့ချ်ဒဲလ်၊အာဆင်နယ်၊ဝင်ဘယ်ဒန်၊ရှက်ဖီးလ်ယူနိုက်တက်-ဆောက်သမ်တန်၊မန်စီးတီး-ဝိုင်ကွန်ဘီ၊မီဝေါလ်-လက်စတာ၊ဝုဗ်-စပါးစ်၊ဘရိုက်တန်-ဆွမ်စီးတို့ဖြစ်ပါတယ်။

အထက်ပါပွဲစဉ်များကိုစက်တင်ဘာလ၂၀ရက်နေ့မှာရင်ဆိုင်ကစားသွားပါမယ်။

ZawGyi

ကာရာေဘာင္းဖလားတတိယအဆင့္တြင္ ဝက္စ္ဟမ္းႏွင့္မန္ယူထိပ္တိုက္ေတြ႕ဆုံ

ကာရာေဘာင္းဖလားတတိယအဆင့္မဲခြဲမႈျပဳလုပ္ခဲ့ရာတြင္မန္ယူအသင္းဟာပရီးမီးယားလိဂ္ၿပိဳင္ဘက္ဝက္စ္ဟမ္းအသင္းႏွင့္ထိပ္တိုက္ေတြ႕ေနေၾကာင္းသိရပါတယ္။မေန႔ညတုန္းကဝက္စ္ဘ႐ြန္းကို၆-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့တဲ့အာဆင္ယ္ကေတာ့ေအအက္ဖ္စီဝင္ဘာေလႏွင့္ရင္ဆိုင္ေတြ႕ေနကာေနာက္တစ္ဆင့္သို႔တက္ရန္ေျခအေနေကာင္းေနပါတယ္။

အာဆင္နယ္ဟာမေန႔ညတုန္းကတိုက္စစ္မႉးအူဘာမီယန္ရဲ႕ဟက္ထရစ္ဂိုးနဲ႔အတူဝက္စ္ဘ႐ြန္းကို၆-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးကာရာေဘာင္းဖလားတတိယအဆင့္သို႔တက္ေရာက္လာခဲ့တာလည္းျဖစ္ပါတယ္။

အဆိုပါႏိုင္ပြဲမွာအာတီတာရဲ႕အာဆင္နယ္အတြက္ယခုရာသီပထမဆုံးႏိုင္ပြဲလည္းျဖစ္ပါတယ္။အာတီတာဟာပရီးမီးယားလိဂ္တြင္ႏွစ္ပြဲဆက္အရႈံး၊ရဂိုးမရွိမႈတို႔ေၾကာင့္ဖိအားမ်ားႏွင့္ႀကဳံေနခဲ့ရကာဝက္စ္ဘ႐ြန္းႏိုင္ပြဲေၾကာင့္ဖိအားေလွ်ာ့က်သြားခဲ့ပါတယ္။

မန္ယူဟာဝက္စ္ဟမ္းအသင္းကိုအိုးထရက္ဖို႔ဒ္ကြင္းမွာဧည့္ခံကစားရမွာျဖစ္လို႔ေနာက္တစ္ဆင့္သို႔တက္ဖို႔ေတာ့အေျခအေနေကာင္းေနပါတယ္။

လက္ရွိခ်န္ပီယံမန္စီးတီးကေတာ့လိဂ္၁အမွတ္ေပးဇယားအဆင့္၂ေနရာတြင္ရပ္တည္ေနတဲ့ဝိုင္ကြန္ဘီအသင္းကိုရင္ဆိုင္ရပါမယ္။

စပါးစ္ဟာလည္းဝုဗ္ႏွင့္ရင္ဆိုင္ရမွာျဖစ္ၿပီးနည္းျပႏူႏိုအက္စ္ပီရီတိုဆန္တိုဟာအသင္းေဟာင္းႏွင့္တစ္ေက်ာ့ျပန္ရင္ဆိုင္ရပါဦးမယ္။ႏူႏိုဆန္တိုဟာၿပီးခဲ့တဲ့အပတ္တုန္းကအသင္းေဟာင္းဝုဗ္ကိုအႏိုင္ယူထားပါတယ္။

ဒါ့အျပင္အက္ဖ္ေအဖလားခ်န္ပီယံလက္စတာဟာမီေဝါလ္ကိုရင္ဆိုင္ရမွာျဖစ္ၿပီးရွက္ဖီးယူႏိုက္တက္မွာလည္းေဆာက္သမ္တန္ႏွင့္ရင္ဆိုင္ကစားရပါမယ္။

အိမ္ကြင္းတြင္ခရစၥတယ္ပဲေလ့စ္ကိုအႏိုင္ယူခဲ့တဲ့ဝက္ဖို႔ဒ္မွာစတုတ္ကိုရင္ဆိုင္ရမွာျဖစ္ၿပီးဘန္ေလမွာေရာ့ခ်္ဒဲလ္ကိုဧည့္ခံကစားရပါမယ္။ဒါ့အျပင္ခ်ဲလ္ဆီးမွာဗီလာႏွင့္လည္းေကာင္း၊လီဗာပူးမွာေနာ့ဝွစ္ခ်္နဲ႔လည္းေကာင္းရင္ဆိုင္ရပါမယ္။

ကာရာေဘာင္းဖလားတတိယအဆင့္ပြဲစဥ္မ်ားကေတာ့က်ဴပီအာ-အဲဗာတန္၊ပရက္စတန္-ခ်ီတင္ဟမ္၊မန္ယူ-ဝက္စ္ဟမ္း၊ဖူလ္ဟမ္-လိဒ္၊ဘရန႔္ဖို႔ဒ္-အိုးဟမ္း၊ဝက္ဖို႔ဒ္-စတုတ္၊ခ်ဲလ္ဆီး-ဗီလာ၊ဝီဂန္-ဆန္းဒါးလန္း၊ေနာ့ဝွစ္ခ်္-လီဗာပူး၊ဘန္ေလ-ေရာ့ခ်္ဒဲလ္၊အာဆင္နယ္၊ဝင္ဘယ္ဒန္၊ရွက္ဖီးလ္ယူႏိုက္တက္-ေဆာက္သမ္တန္၊မန္စီးတီး-ဝိုင္ကြန္ဘီ၊မီေဝါလ္-လက္စတာ၊ဝုဗ္-စပါးစ္၊ဘ႐ိုက္တန္-ဆြမ္စီးတို႔ျဖစ္ပါတယ္။

အထက္ပါပြဲစဥ္မ်ားကိုစက္တင္ဘာလ၂၀ရက္ေန႔မွာရင္ဆိုင္ကစားသြားပါမယ္။