ကာလရှည်ရောဂါတိုက်ပွဲဝင်ခဲ့ရပြီးနောက် ဂျာမေကာဂန္ထဝင်လူတန်ရှဲလ်တန်ကွယ်လွန်

ရှက်ဖီးယူနိုက်တက်စတားဟောင်းလူတန်ရှဲလ်တန်ဟာကာလရှည်ကြာကြွက်သားယိုယွင်းခြင်းနှင့်ကျောရိုးနဗ်ကြောယိုယွင်းခြင်းဝေဒနာခံစားရပြီးနောက်အသက်၃၅နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့ပါတယ်။

ဂျာမေကာသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့လူတန်ရှဲလ်တန်ဟာရှက်ဖီးယူနိုက်တက်မှာ၂၀၀၇မှ၂၀၀၈ခုနှစ်အထိကစားခဲ့သူဖြစ်ပြီး၂၀၁၈ခုနှစ်ကတည်းကကြွက်သားယိုယွင်းခြင်း၊ကျောရိုးနဗ်ကြောယိုယွင်းခြင်း တို့ခံစားလာခဲ့ရတာလည်းဖြစ်ပါတယ်။

ကစားသမားဘဝတုန်းကဘယ်တောင်ပံနှင့်တိုက်စစ်မှူးနေရာတို့တွင်ကစားခဲ့တဲ့ရှဲလ်တန်ဟာရှက်ဖီးအတွက်၁၉ပွဲကစားကာ၁ဂိုးသွင်းယူပေးခဲ့ပါတယ်။

သူဟာဂျာမေကာအသင်းအတွက်၇၅ပွဲကစားကာ၃၅ဂိုးသွင်းယူထားပြီးဂျာမေကာသမိုင်းတွင်ဂိုးအများဆုံးသွင်းယူ ထားသူအဖြစ်ရပ်တည်နေပါတယ်။

ZawGyi




