ကာလရှည် စိတ်ဝေဒနာခံစားရပြီးနောက် ဂျာမနီဂန္ထဝင်တိုက်စစ်မှူးဂတ်မူလာကွယ်လွန်

ဂျာမနီဂန္ထဝင်ကစားသမားဂတ်မူလာဟာတနင်္ဂနွေနေ့တုန်းကအသက်၇၅နှစ်တွင်ကွယ်လွန်သွားခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ဂတ်မူလာဟာဘောလုံးသမိုင်းတွင်အကြီးအကျယ်ဆုံးတိုက်စစ်မှူးများထဲတစ်ဦးအဖြစ်သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

သူဟာဘိုင်ယန်မြူးနစ်အတွက်၆၀၇ပွဲကစားခဲ့ရာမှာ၅၆၆ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။သူဟာဘွန်ဒက်စ်လီဂါပွဲ၄၂၇ပွဲတွင်၃၆၅ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့သူဖြစ်ပြီးဘွန်ဒက်စ်လီဂါဂိုးသွင်းဘုရင်ဆုကို၇ကြိမ်တိုင်တိုင်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

Der Bomber လို့အမည်ပြောင်ရရှိခဲ့တဲ့ဂတ်မူလာဟာအနောက်ဂျာမနီအသင်းအတွက်၁၉၆၆မှ၁၉၇၄ခုနှစ်အထိ၆၈ပွဲကစားခဲ့ရာမှာ၆၈ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပြီး၁၉၇၄ကမ္ဘာ့ဖလားနှင့်ယူရို၇၂တို့ဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

သူဟာဘိုင်ယန်မြူးနစ်နှင့်အတူ၁၉၇၀ခုနှစ်များတွင်ဥရောပဖလားသုံးကြိမ်ဆက်ဆွတ်ခူးခဲ့သလို၁၉၇၂ခုနှစ်တုန်းကတစ်နှစ်အတွင်းတွင်၈၅ဂိုးအထိသွင်းယူခဲ့ကာ၂၀၁၂ခုနှစ်တုန်းကမက်ဆီစံချိန်သစ်မတိုင်မီအထိတစ်နှစ်အတွင်းဂိုးအများဆုံးသွင်းယူသူအဖြစ်မှတ်တိုင်စိုက်ထူလာသူလည်းဖြစ်ပါတယ်။

သူဟာ၁၉၈၁ခုနှစ်မှာကစားသမားဘဝမှအနားယူခဲ့ပြီးအရက်စွဲပြဿနာနှင့်ကြုံခဲ့ရပါတယ်။၂၀၁၅ခုနှစ်မှာသူဟာအယ်ဇိုင်းမားရောဂါဝေဒနာခံစားခဲ့ရပါတယ်။

ZawGyi

ကာလရွည္ စိတ္ေဝဒနာခံစားရၿပီးေနာက္ ဂ်ာမနီဂႏၴဝင္တိုက္စစ္မႉးဂတ္မူလာကြယ္လြန္

ဂ်ာမနီဂႏၴဝင္ကစားသမားဂတ္မူလာဟာတနဂၤေႏြေန႔တုန္းကအသက္၇၅ႏွစ္တြင္ကြယ္လြန္သြားခဲ့ပါတယ္။ဘိုင္ယန္ျမဴးနစ္ဂႏၴဝင္ကစားသမားတစ္ဦးျဖစ္တဲ့ဂတ္မူလာဟာေဘာလုံးသမိုင္းတြင္အႀကီးအက်ယ္ဆုံးတိုက္စစ္မႉးမ်ားထဲတစ္ဦးအျဖစ္သတ္မွတ္ခံထားရသူလည္းျဖစ္ပါတယ္။

သူဟာဘိုင္ယန္ျမဴးနစ္အတြက္၆၀၇ပြဲကစားခဲ့ရာမွာ၅၆၆ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။သူဟာဘြန္ဒက္စ္လီဂါပြဲ၄၂၇ပြဲတြင္၃၆၅ဂိုးအထိသြင္းယူႏိုင္ခဲ့တဲ့သူျဖစ္ၿပီးဘြန္ဒက္စ္လီဂါဂိုးသြင္းဘုရင္ဆုကို၇ႀကိမ္တိုင္တိုင္ရရွိခဲ့သူလည္းျဖစ္ပါတယ္။

Der Bomber လို႔အမည္ေျပာင္ရရွိခဲ့တဲ့ဂတ္မူလာဟာအေနာက္ဂ်ာမနီအသင္းအတြက္၁၉၆၆မွ၁၉၇၄ခုႏွစ္အထိ၆၈ပြဲကစားခဲ့ရာမွာ၆၈ဂိုးသြင္းယူႏိုင္ခဲ့သူျဖစ္ၿပီး၁၉၇၄ကမာၻ႔ဖလားႏွင့္ယူ႐ို၇၂တို႔ဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

သူဟာဘိုင္ယန္ျမဴးနစ္ႏွင့္အတူ၁၉၇၀ခုႏွစ္မ်ားတြင္ဥေရာပဖလားသုံးႀကိမ္ဆက္ဆြတ္ခူးခဲ့သလို၁၉၇၂ခုႏွစ္တုန္းကတစ္ႏွစ္အတြင္းတြင္၈၅ဂိုးအထိသြင္းယူခဲ့ကာ၂၀၁၂ခုႏွစ္တုန္းကမက္ဆီစံခ်ိန္သစ္မတိုင္မီအထိတစ္ႏွစ္အတြင္းဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္မွတ္တိုင္စိုက္ထူလာသူလည္းျဖစ္ပါတယ္။

သူဟာ၁၉၈၁ခုႏွစ္မွာကစားသမားဘဝမွအနားယူခဲ့ၿပီးအရက္စြဲျပႆနာႏွင့္ႀကဳံခဲ့ရပါတယ္။၂၀၁၅ခုႏွစ္မွာသူဟာအယ္ဇိုင္းမားေရာဂါေဝဒနာခံစားခဲ့ရပါတယ္။