
ဆားဘီးယားဘောလုံးဂန္ထဝင်ဆီနီဆာမီဟိုင်းလိုဗစ်ဟာအသက် ၅၃ နှစ်အရွယ်မှာပဲကွယ်လွန်သွားခဲ့ပါတယ်။
ယူဂိုဆလားဗီးယားအသင်းအတွက် ၆၃ပွဲကစားခဲ့ပြီးစက်တင်ဘာလအထိ ဘိုလော့ဂ်နာအသင်းကိုကိုင်တွယ်ခဲ့တဲ့ မီဟိုင်းလိုဗစ်ဟာကင်ဆာရောဂါဝေဒနာကိုကာလရှည်တိုက်ပွဲဝင်ခဲ့ပြီးတဲ့နောက်ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
မီဟိုင်းလိုဗစ်ဟာ၂၀၁၉ ခုနှစ်တုန်းကသွေးကင်ဆာရောဂါဝေဒနာခံစားနေရကြောင်း တွေ့ရှိရပြီးနောက်မတ်လတွင်ဆေးကုသမှုခံယူခဲ့ရပါတယ်။
မီဟိုင်းလိုဗစ်ဟာကစားသမားတစ်ဦးအဖြစ်ယူဂိုဆလားဗီးယားအတွက် ၁၉၉၈ကမ္ဘာ့ဖလားနှင့်ယူရို ၂၀၀၀တို့တွင်ကစားခဲ့သူဖြစ်ပါတယ်။
သူဟာကစားသမားဘဝအများစုကိုစီးရီးအေတွင်ကုန်ဆုံးခဲ့ပြီးအင်တာမီလန်၊ လာဇီယို၊ရိုးမားနှင့်ဆမ်ဒိုးရီးယားတို့တွင် ကစားခဲ့ပါတယ်။ဒါ့အပြင်မွေးရပ်မြေဆားဘီးယားမှရက်စတားဘဲလ်ဂရိတ်နှင့်ဗိုဗိုဒီနာတို့တွင်လည်းကစားခဲ့ပါတယ်။
မီဟိုင်းလိုဗစ်ကွယ်လွန်ကြောင်း သိရပြီးနောက် စီးရီးအေ၊ဘိုလော့ဂ်နာ၊ အင်တာမီလန်အပါအဝင်သူကစားခဲ့တဲ့ကိုင်တွယ်ခဲ့တဲ့ကလပ်များနှင့် ကစားသမားများကဝမ်းနည်းကြောင်းရေးသားနေကြပါတယ်။
သူဟာကစားသမားဘဝမှအနားယူပြီးနောက်နည်းပြလောကသို့ဝင်ရောက်ခဲ့ပြီး ဆားဘီးယားကိုတစ်နှစ်ကြာကိုင်တွယ်ခဲ့ပါတယ်။ ဒါ့အပြင်သူဟာအေစီမီလန်၊ ဖီအိုရင်တီးနားနှင့်တိုရီနိုတို့ကိုလည်းကိုင်တွယ်ခဲ့ပါတယ်။
သူဟာ၂၀၁၈ခုနှစ်တုန်းကစပို့တင်းလစ္စဘွန်းကို ၃နှစ်စာချုပ်ဖြင့် ကိုင်တွယ်ရန်စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ကလပ်ဥက္ကဌအပြောင်းအလဲဖြစ်ပြီးနောက်၉ရက်အကြာတွင်ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
သူဟာ၂၀၁၉ ခုနှစ်တွင်ဘိုလော့ဂ်နာအသင်းကို ကိုင်တွယ်ပြီးနောက်သွေးကင်ဆာရောဂါခံစားရကြောင်းတွေ့ရှိခဲ့ရပါတယ်။
သူဟာသွေးကင်ဆာတိုက်ပွဲအပြင် ကွင်းတွင်းတွင်လည်းတိုက်ပွဲဝင်နေခဲ့ရပြီး စက်တင်ဘာလတုန်းက ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
မီဟိုင်းလိုဗစ်ဟာကစားသမားဘဝတုန်းကဖရီးကစ်စပါယ်ရှယ်လစ်အဖြစ် နာမည်ကြီးခဲ့သူဖြစ်ပြီး၁၉၉၈ပြင်သစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အီရန်နှင့်ပွဲမှာ ယူဂိုဆလားဗီးယားအတွက်ဖရီးကစ်ဂိုးသွင်းခဲ့ပါတယ်။
သူဟာအင်တာမီလန်၊လာဇီယိုတို့နှင့် စီးရီးအေဖလား၁ကြိမ်စီဆွတ်ခူးခဲ့ပြီး ၁၉၉၁ခုနှစ်တုန်းကရက်စတားဘဲလ်ဂရိတ်နှင့်အတူ ဥရောပဖလားဆွတ်ခူးခဲ့ပါတယ်။
zawgyi
ကာလရွည္ ေသြးကင္ဆာတိုက္ပြဲဝင္ၿပီးေနာက္ အင္တာမီလန္၊ လာဇီယိုႏွင့္ ယူဂိုဆလားဗီးယားကမာၻ႔ဖလားသူရဲေကာင္းမီဟိုင္းလိုဗစ္ကြယ္လြန္
ဆားဘီးယားေဘာလုံးဂႏၴဝင္ဆီနီဆာမီဟိုင္းလိုဗစ္ဟာအသက္ ၅၃ ႏွစ္အ႐ြယ္မွာပဲကြယ္လြန္သြားခဲ့ပါတယ္။
ယူဂိုဆလားဗီးယားအသင္းအတြက္ ၆၃ပြဲကစားခဲ့ၿပီးစက္တင္ဘာလအထိ ဘိုေလာ့ဂ္နာအသင္းကိုကိုင္တြယ္ခဲ့တဲ့ မီဟိုင္းလိုဗစ္ဟာကင္ဆာေရာဂါေဝဒနာကိုကာလရွည္တိုက္ပြဲဝင္ခဲ့ၿပီးတဲ့ေနာက္ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။
မီဟိုင္းလိုဗစ္ဟာ၂၀၁၉ ခုႏွစ္တုန္းကေသြးကင္ဆာေရာဂါေဝဒနာခံစားေနရေၾကာင္း ေတြ႕ရွိရၿပီးေနာက္မတ္လတြင္ေဆးကုသမႈခံယူခဲ့ရပါတယ္။
မီဟိုင္းလိုဗစ္ဟာကစားသမားတစ္ဦးအျဖစ္ယူဂိုဆလားဗီးယားအတြက္ ၁၉၉၈ကမာၻ႔ဖလားႏွင့္ယူ႐ို ၂၀၀၀တို႔တြင္ကစားခဲ့သူျဖစ္ပါတယ္။
သူဟာကစားသမားဘဝအမ်ားစုကိုစီးရီးေအတြင္ကုန္ဆုံးခဲ့ၿပီးအင္တာမီလန္၊ လာဇီယို၊႐ိုးမားႏွင့္ဆမ္ဒိုးရီးယားတို႔တြင္ ကစားခဲ့ပါတယ္။ဒါ့အျပင္ေမြးရပ္ေျမဆားဘီးယားမွရက္စတားဘဲလ္ဂရိတ္ႏွင့္ဗိုဗိုဒီနာတို႔တြင္လည္းကစားခဲ့ပါတယ္။
မီဟိုင္းလိုဗစ္ကြယ္လြန္ေၾကာင္း သိရၿပီးေနာက္ စီးရီးေအ၊ဘိုေလာ့ဂ္နာ၊ အင္တာမီလန္အပါအဝင္သူကစားခဲ့တဲ့ကိုင္တြယ္ခဲ့တဲ့ကလပ္မ်ားႏွင့္ ကစားသမားမ်ားကဝမ္းနည္းေၾကာင္းေရးသားေနၾကပါတယ္။
သူဟာကစားသမားဘဝမွအနားယူၿပီးေနာက္နည္းျပေလာကသို႔ဝင္ေရာက္ခဲ့ၿပီး ဆားဘီးယားကိုတစ္ႏွစ္ၾကာကိုင္တြယ္ခဲ့ပါတယ္။ ဒါ့အျပင္သူဟာေအစီမီလန္၊ ဖီအိုရင္တီးနားႏွင့္တိုရီႏိုတို႔ကိုလည္းကိုင္တြယ္ခဲ့ပါတယ္။
သူဟာ၂၀၁၈ခုႏွစ္တုန္းကစပို႔တင္းလစၥဘြန္းကို ၃ႏွစ္စာခ်ဳပ္ျဖင့္ ကိုင္တြယ္ရန္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေပမဲ့ကလပ္ဥကၠဌအေျပာင္းအလဲျဖစ္ၿပီးေနာက္၉ရက္အၾကာတြင္ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
သူဟာ၂၀၁၉ ခုႏွစ္တြင္ဘိုေလာ့ဂ္နာအသင္းကို ကိုင္တြယ္ၿပီးေနာက္ေသြးကင္ဆာေရာဂါခံစားရေၾကာင္းေတြ႕ရွိခဲ့ရပါတယ္။
သူဟာေသြးကင္ဆာတိုက္ပြဲအျပင္ ကြင္းတြင္းတြင္လည္းတိုက္ပြဲဝင္ေနခဲ့ရၿပီး စက္တင္ဘာလတုန္းက ရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
မီဟိုင္းလိုဗစ္ဟာကစားသမားဘဝတုန္းကဖရီးကစ္စပါယ္ရွယ္လစ္အျဖစ္ နာမည္ႀကီးခဲ့သူျဖစ္ၿပီး၁၉၉၈ျပင္သစ္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္အီရန္ႏွင့္ပြဲမွာ ယူဂိုဆလားဗီးယားအတြက္ဖရီးကစ္ဂိုးသြင္းခဲ့ပါတယ္။
သူဟာအင္တာမီလန္၊လာဇီယိုတို႔ႏွင့္ စီးရီးေအဖလား၁ႀကိမ္စီဆြတ္ခူးခဲ့ၿပီး ၁၉၉၁ခုႏွစ္တုန္းကရက္စတားဘဲလ္ဂရိတ္ႏွင့္အတူ ဥေရာပဖလားဆြတ္ခူးခဲ့ပါတယ္။