ကားတိုက်ပြေးမှုကြောင့် ဘာစီလိုနာအကယ်ဒမီထွက်သေဆုံး

ဘာစီလိုနာအကယ်ဒမီထွက်ကာတာပေးနီဟာကားတိုက်ပြေးမှုကြောင့်အသက်၂၁နှစ်အရွယ်တွင်ပင်သေဆုံးသွားခဲ့ပါတယ်။

Tormenta FC ကစားသမားဟာပြီးခဲ့တဲ့အပတ်တုန်းက Lime Scooter စီးနေစဉ်ယာဉ်တိုက်ခံရတာဖြစ်ပါတယ်။

နောက်တန်းကစားသမားဟာ အရီဇိုးနား၊ ကာဆာဂရန်ဒီရှိ Barcelona Residency Academy တွင်တက်ရောက်ခဲ့သူဖြစ်ပါတယ်။

သူဟာယာဉ်တိုက်မှုကြောင့်ဒဏ်ရာများစွာရရှိကာဆာဗန်နာရှိ Memorial Medical Centerသို့ပို့ဆောင်တက်ရောက်ခဲ့ရပါတယ်။

သူ့ကိုတိုက်ခဲ့တဲ့ကားမှာထွက်ပြေးသွားခဲ့ပြီးဂျော်ဂျီယာရဲတပ်ဖွဲ့ဝင်များကရှာဖွေလျက်ရှိပါတယ်။

ပေးနီသေဆုံးမှုနဲ့ပတ်သက်ပြီးBarcelona Residency Academy Arizona နှင့်မီချီဂန်းတက္ကသိုလ်အသင်းကစိတ်မကောင်းဖြစ်ရကြောင်းထုတ်ပြန်ကြေညာသွားခဲ့ကြပါတယ်။

ZawGyi






