ကားတုံးလုံးလဲတဲ့အထိ ယာဉ်မတော်တဆမှုဖြစ်ခဲ့ပေမယ့် ကံအရမ်းကောင်းခဲ့တဲ့အာဆင်နယ်စတား

အာဆင်နယ်စတားအိန်စလေမိုင်လန်းနေးလ်ဟာ M25 လမ်းမထက်မှာပေါင်၁၀၅၀၀၀တန်မာစီးဒီးစ်ကားတုံးတုံးလဲတဲ့အထိယာဉ်မတော်တဆမှုဖြစ်ခဲ့ပါတယ်။

အသက်၂၃နှစ်ရှိကစားသမားရဲ့ Mercedes G-Wagon ကားဟာအခြားကားတစ်စီးကိုတိုက်မိခဲ့တာဖြစ်ပြီးကားတုံးတုံးလဲတဲ့အထိဖြစ်ခဲ့ပါတယ်။ဒါပေမယ့်ကံကောင်းထောက်မစွာဘဲအာဆင်နယ်ကစားသမာဟာတစ်စုံတစ်ရာဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။

အာဆင်နယ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အိန်စလေမိုင်လန်းနေးလ်ပါဝင်ခဲ့တဲ့ယာဉ်မတော်တဆမှုကြောင့်အရမ်းစိုးရိမ်ခဲ့ရပါတယ်။ဒါပေမယ့်အိန်စလေဟာဒဏ်ရာတစ်စုံတစ်ရာမရခဲ့ပါဘူး။အခုအိမ်ကိုရောက်နေပါပြီ”လို့ပြောကြာသွားပါတယ်။

အာဆင်နယ်ကစားသမားရဲ့ကားဟာအသက်အရွယ်ကြီးနေပြီဖြစ်တဲ့လူတစ်ဦးမောင်းနှင်တဲ့ကားကိုတိုက်မိခဲ့တာဖြစ်ပြီးယင်းလူကြီးကိုမီးသတ်ဝန်ထမ်းတို့ကအကူအညီပေးနေတာတွေ့ရပါတယ်။

သူဟာအာဆင်နယ်အတွက်၆၄ပွဲကစားကာ၁ဂိုးသွင်းထားသူဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဝက်စ်ဘရွန်းသို့ရာသီဝက်အငှားဖြင့်သွားရောက်ကစားခဲ့ပြီး၁၂ပွဲကစားခွင့်ရရှိခဲ့ပါတယ်။

သူဟာအသက်၆နှစ်အရွယ်ကတည်းကအာဆင်နယ်သို့ရောက်လာခဲ့သူဖြစ်ပြီး၂၀၁၄ခုနှစ်တွင်အာဆင်နယ်အတွက်ပထမဆုံးပွဲကစားခွင့်ရခဲ့ပါတယ်။သူဟာ၂၀၁၉-၂၀ရာသီမှာအာဆင်နယ်ရဲ့အရေးပါတဲ့သူတစ်ဦးဖြစ်လာခဲ့ပေမယ့်ပြီးခဲ့တဲ့ရာသီမှာတော့နည်းပြအာတီတာရဲ့အစီအစဉ်မှာမပါဝင်ခဲ့ပါဘူး။

ZawGyi

ကားတုံးလုံးလဲတဲ့အထိ ယာဥ္မေတာ္တဆမႈျဖစ္ခဲ့ေပမယ့္ ကံအရမ္းေကာင္းခဲ့တဲ့အာဆင္နယ္စတား

အာဆင္နယ္စတားအိန္စေလမိုင္လန္းေနးလ္ဟာ M25 လမ္းမထက္မွာေပါင္၁၀၅၀၀၀တန္မာစီးဒီးစ္ကားတုံးတုံးလဲတဲ့အထိယာဥ္မေတာ္တဆမႈျဖစ္ခဲ့ပါတယ္။

အသက္၂၃ႏွစ္ရွိကစားသမားရဲ႕ Mercedes G-Wagon ကားဟာအျခားကားတစ္စီးကိုတိုက္မိခဲ့တာျဖစ္ၿပီးကားတုံးတုံးလဲတဲ့အထိျဖစ္ခဲ့ပါတယ္။ဒါေပမယ့္ကံေကာင္းေထာက္မစြာဘဲအာဆင္နယ္ကစားသမာဟာတစ္စုံတစ္ရာဒဏ္ရာရရွိခဲ့ျခင္းမရွိပါဘူး။

အာဆင္နယ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “အိန္စေလမိုင္လန္းေနးလ္ပါဝင္ခဲ့တဲ့ယာဥ္မေတာ္တဆမႈေၾကာင့္အရမ္းစိုးရိမ္ခဲ့ရပါတယ္။ဒါေပမယ့္အိန္စေလဟာဒဏ္ရာတစ္စုံတစ္ရာမရခဲ့ပါဘူး။အခုအိမ္ကိုေရာက္ေနပါၿပီ”လို႔ေျပာၾကာသြားပါတယ္။

အာဆင္နယ္ကစားသမားရဲ႕ကားဟာအသက္အ႐ြယ္ႀကီးေနၿပီျဖစ္တဲ့လူတစ္ဦးေမာင္းႏွင္တဲ့ကားကိုတိုက္မိခဲ့တာျဖစ္ၿပီးယင္းလူႀကီးကိုမီးသတ္ဝန္ထမ္းတို႔ကအကူအညီေပးေနတာေတြ႕ရပါတယ္။

သူဟာအာဆင္နယ္အတြက္၆၄ပြဲကစားကာ၁ဂိုးသြင္းထားသူျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဝက္စ္ဘ႐ြန္းသို႔ရာသီဝက္အငွားျဖင့္သြားေရာက္ကစားခဲ့ၿပီး၁၂ပြဲကစားခြင့္ရရွိခဲ့ပါတယ္။

သူဟာအသက္၆ႏွစ္အ႐ြယ္ကတည္းကအာဆင္နယ္သို႔ေရာက္လာခဲ့သူျဖစ္ၿပီး၂၀၁၄ခုႏွစ္တြင္အာဆင္နယ္အတြက္ပထမဆုံးပြဲကစားခြင့္ရခဲ့ပါတယ္။သူဟာ၂၀၁၉-၂၀ရာသီမွာအာဆင္နယ္ရဲ႕အေရးပါတဲ့သူတစ္ဦးျဖစ္လာခဲ့ေပမယ့္ၿပီးခဲ့တဲ့ရာသီမွာေတာ့နည္းျပအာတီတာရဲ႕အစီအစဥ္မွာမပါဝင္ခဲ့ပါဘူး။