ကားပြိုင်မောင်းရာမှ ဘတ်စ်ကားဂိတ်ကို ဝင်တိုက်ခဲ့တဲ့ ဟမ်းဘတ်စတားနှစ်ဦး

ဘွန်ဒက်စ်လီဂါစတားနှစ်ဦးဟာပြိုင်ကားပြိုင်မောင်းရာမှကြီးမားတဲ့ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။

ဟမ်းဘတ်စတားနှစ်ဦးဖြစ်တဲ့ဂျိန်းလူဒွမ်ပီနှင့်ဝီလီယမ်မီကယ်ဘရန်ဆစ်တို့ယင်းယာဉ်မတော်တဆမှုတွင်ပါဝင်ကြောင်း Bild ရဲ့ဖော်ပြချက်အရသိရပါတယ်။

၎င်းတို့နှစ်ဦးဟာBMW M3 ကားဖြင့်အင်္ဂါနေ့ညစိန့်ပေါ်လီဧရိယာတွင်ဘတ်စ်ကားဂိတ်ကိုဝင်တိုက်ခဲ့ကြတာဖြစ်ပါတယ်။

ယင်းယာဉ်မှာ အသက်၂၇နှစ်ရှိတောင်ပံကစားသမားဒွမ်ပီရဲ့ကားဖြစ်ကြောင်းသိရပါတယ်။

၎င်းတို့ဟာတရားမဝင်ယာဉ်ပြိုင်မောင်းရာမှယင်းသို့ဖြစ်ပျက်သွားခဲ့တာလို့သံသယဝင်ခြင်းခံနေရပါတယ်။

မျက်မြင်သက်သေများရဲ့အဆိုအရဒမ်ဘီဟာသူကားပျက်မှထွက်ကာအဝါရောင်AMG-Mercedes ကားသို့တက်သွားပြီးအခင်းဖြစ်ပွားရာမှထွက်ခွာသွားခဲ့ကြောင်းသိရပါတယ်။သူတက်သွားတဲ့အဝါရောင် Mercedes ကားမှာမီကယ်ဘရန်ဆစ်ပိုင်ဆိုင်တဲ့ကားလည်းဖြစ်ပါတယ်။

ဒါပေမဲ့အသက်၁၈နှစ်ရှိနောက်ခံလူမီကယ်ဘရန်ဆစ်ကကားမောင်းတာမဟုတ်ဘဲအသက်၂၇နှစ်ရှိဒွမ်ပီကမောင်းတာလို့ယူဆရပါတယ်။

လက်ရှိအချိန်တွင်ရဲတပ်ဖွဲ့ဝင်များကယင်းယာဉ်မတော်တဆမှုကိုစုံစမ်းစစ်ဆေးမှုပြုလုပ်နေပါတယ်။

Zawgyi








