ကားသူခိုးကို ထုထောင်းမှုကြောင့် ရိုးမားစတားအယ်ရှာရာဝီ စစ်ဆေးခြင်းခံနေရ

ရိုးမားစတားစတီဖင်အယ်ရှာရာဝီဟာသူ့ရဲ့ Lamborghini ကားကိုခိုးရန်ကြိုးပမ်းတဲ့ကားသူခိုးကိုဖမ်းမိပြီးနောက် ထိုးကြိတ်မှုပြုလုပ်ခဲ့မှုအတွက် စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။

အီတလီသတင်းစာ Corriere della Sera ရဲ့ဖော်ပြချက်အရကားခိုးရန်ကြိုးပမ်းတဲ့ဟိုဆေးကားလို့စ်အလီယာဂါဆာဂါဒီဟာအယ်ရှာရာဝီရဲ့တိုက်ခိုက်မှုကြောင့်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းသိရပါတယ်။

ကားသူခိုးဆာဂါဒီယာဟာကားခိုးရကြိုးပမ်းမှုအတွက်ထောင်ဒဏ်၁နှစ်ခွဲချမှတ်ခြင်းခံခဲ့ရပြီးဖြစ်ပါတယ်။

အယ်ရှာရာဝီဟာဖေဖော်ဝါရီလ၁၂ရက်နေ့တုန်းကကစားဖော်အလက်စီယိုစာစီထံသို့သွားရောက်လည်ပတ်ခဲ့ပါတယ်။၎င်းတို့နှစ်ဦး ဂိမ်းကစားနေစဉ်သူခိုးမှာကားခိုးရန်ကြိုးပမ်းခဲ့တာပါ။

အယ်ရှာရာဝီဟာချက်ချင်းပဲခြံအပြင်သို့ထွက်ကာသူခိုးကိုဖမ်းခဲ့ပြီးတွန်းထိုးလှဲချခဲ့ပါတယ်။ယင်းနောက်တွင်ရိုးမားကစားသမားဟာသူခိုးကိုထိုးကြိတ်မှုပြုလုပ်ခဲ့ပြီးသူခိုးမှာဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။

အထက်ပါဖြစ်ရပ်အားမြင်တွေ့လိုက်တဲ့မြင်မြင်သက်သေနှစ်ဦးကလည်းရှိနေပါတယ်။

အယ်ရှာရာဝီဟာပြီးခဲ့တဲ့ဇန်နဝါရီတုန်းကအသင်းဟောင်းရိုးမားသို့ပြန်ပြောင်းခဲ့သူဖြစ်ပြီးပြိုင်ပွဲအရပ်ရပ်မှာပွဲကစားခဲ့ရာမှာဂိုးသွင်းကာ၂ဂိုးဖန်တီးခဲ့ပါတယ်။

သူဟာတိုက်စစ်တွင်နေရာစုံကစားနိုင်တဲ့အပြင်အလယ်တန်းတွင်လည်းကစားနိုင်စွမ်းရှိသူဖြစ်ပါတယ်။

ZawGyi

ကားသူခိုးကို ထုေထာင္းမႈေၾကာင့္ ႐ိုးမားစတားအယ္ရွာရာဝီ စစ္ေဆးျခင္းခံေနရ

႐ိုးမားစတားစတီဖင္အယ္ရွာရာဝီဟာသူ႔ရဲ႕ Lamborghini ကားကိုခိုးရန္ႀကိဳးပမ္းတဲ့ကားသူခိုးကိုဖမ္းမိၿပီးေနာက္ ထိုးႀကိတ္မႈျပဳလုပ္ခဲ့မႈအတြက္ စုံစမ္းစစ္ေဆးျခင္းခံေနရပါတယ္။

အီတလီသတင္းစာ Corriere della Sera ရဲ႕ေဖာ္ျပခ်က္အရကားခိုးရန္ႀကိဳးပမ္းတဲ့ဟိုေဆးကားလို႔စ္အလီယာဂါဆာဂါဒီဟာအယ္ရွာရာဝီရဲ႕တိုက္ခိုက္မႈေၾကာင့္ဒဏ္ရာအျပင္းအထန္ရရွိခဲ့ေၾကာင္းသိရပါတယ္။

ကားသူခိုးဆာဂါဒီယာဟာကားခိုးရႀကိဳးပမ္းမႈအတြက္ေထာင္ဒဏ္၁ႏွစ္ခြဲခ်မွတ္ျခင္းခံခဲ့ရၿပီးျဖစ္ပါတယ္။

အယ္ရွာရာဝီဟာေဖေဖာ္ဝါရီလ၁၂ရက္ေန႔တုန္းကကစားေဖာ္အလက္စီယိုစာစီထံသို႔သြားေရာက္လည္ပတ္ခဲ့ပါတယ္။၎တို႔ႏွစ္ဦး ဂိမ္းကစားေနစဥ္သူခိုးမွာကားခိုးရန္ႀကိဳးပမ္းခဲ့တာပါ။

အယ္ရွာရာဝီဟာခ်က္ခ်င္းပဲၿခံအျပင္သို႔ထြက္ကာသူခိုးကိုဖမ္းခဲ့ၿပီးတြန္းထိုးလွဲခ်ခဲ့ပါတယ္။ယင္းေနာက္တြင္႐ိုးမားကစားသမားဟာသူခိုးကိုထိုးႀကိတ္မႈျပဳလုပ္ခဲ့ၿပီးသူခိုးမွာဒဏ္ရာျပင္းထန္စြာရရွိခဲ့ပါတယ္။

အထက္ပါျဖစ္ရပ္အားျမင္ေတြ႕လိုက္တဲ့ျမင္ျမင္သက္ေသႏွစ္ဦးကလည္းရွိေနပါတယ္။

အယ္ရွာရာဝီဟာၿပီးခဲ့တဲ့ဇန္နဝါရီတုန္းကအသင္းေဟာင္း႐ိုးမားသို႔ျပန္ေျပာင္းခဲ့သူျဖစ္ၿပီးၿပိဳင္ပြဲအရပ္ရပ္မွာပြဲကစားခဲ့ရာမွာဂိုးသြင္းကာ၂ဂိုးဖန္တီးခဲ့ပါတယ္။

သူဟာတိုက္စစ္တြင္ေနရာစုံကစားႏိုင္တဲ့အျပင္အလယ္တန္းတြင္လည္းကစားႏိုင္စြမ္းရွိသူျဖစ္ပါတယ္။