ကားအတွင်းတွင် သေဆုံးလျက်တွေ့ရတဲ့ ဂရိဘောလုံးကစားသမားအမှုကို လူသတ်မှုအဖြစ် ရဲတပ်ဖွဲ့သံသယဝင်နေ

ဂရိဘောလုံးကစားသမားတစ်ဦးကိုကားအတွင်းတွင်သေဆုံးလျက်ရှိတွေ့ရှိခဲ့ရပါတယ်။ဂရိရဲတပ်ဖွဲ့ဟာအသက်၃၁နှစ်ရှိဘောလုံးကစားသမားရဲ့သေဆုံးမှုကိုလူသတ်မှုအဖြစ်သံသယဝင်နေကြောင်းလည်းသိရပါတယ်။

ဂရိယူ-၂၁လက်ရွေးစင်ဟောင်းနီကို့စ်ဆူမာနစ်ဟာရက်အတန်ကြာပျောက်ဆုံးသွားပြီးနောက်ရဲတပ်ဖွဲ့ကလူပျောက်မှုဖြင့်အပူတပြင်းရှာဖွေခဲ့ရာအင်္ဂါနေ့နံနက်ပိုင်းတုန်းကကားအတွင်းတွင်အသက်သေဆုံးလျက်တွေ့ရှိခဲ့ရပါတယ်။

နောက်ခံကစားသမားဟာကာလာမာရီယာရှိနီယာခရီနာလေဆိပ်အနီးတွင်သေဆုံးလျက်တွေ့ရှိခဲ့ရတာပါ။

နီကို့စ်ဆူမာနစ်ကိုကားအတွင်းတွင်ကြိုးဖြင့်ချည်လျက်တွေ့ရှိခဲ့ရမှုနဲ့အတူလူသတ်မှုအဖြစ်ရဲတပ်ဖွဲ့ကသံသယဝင်နေတာပါ။

ဆူမာနစ်ဟာယခုနွေရာသီတွင်ဂရိကလပ်မာကဲဒိုနီကို့စ်သို့ပြောင်းခဲ့သူဖြစ်ပြီးသူဟာယင်းကလပ်မှာကစားသမားဘဝစတင်ခဲ့တာပါ။သူဟာဂရိကလပ်များဖြစ်ကြတဲ့အေရက်စ်၊အပိုလ်လွန်ကာလာမာရီယာ၊ဇင်သီ၊ကော်ဖူး၊ပန်သာကီကို့စ်၊ဗီရီယာတို့တွင်ကစားခဲ့သူဖြစ်ပြီးကစားသမားဘဝတစ်လျှောက်ပွဲပေါင်း၁၂၆ပွဲကစားကာ၄ဂိုးသွင်းယူပြီး၃ကြိမ်ဖန်တီးထားပါတယ်။

သူဟာဂရိယူ-၂၁အသင်းတွင်လည်း၂ပွဲကစားခွင့်ရခဲ့ပြီး၂၀၁၁ခုနှစ်တုန်းကဘယ်လ်ဂျီယံ၊ဂျာမနီတို့နှင့်ပွဲမှာကစားခွင့်ရခဲ့တာပါ။

ZawGyi

ကားအတြင္းတြင္ ေသဆုံးလ်က္ေတြ႕ရတဲ့ ဂရိေဘာလုံးကစားသမားအမႈကို လူသတ္မႈအျဖစ္ ရဲတပ္ဖြဲ႕သံသယဝင္ေန

ဂရိေဘာလုံးကစားသမားတစ္ဦးကိုကားအတြင္းတြင္ေသဆုံးလ်က္ရွိေတြ႕ရွိခဲ့ရပါတယ္။ဂရိရဲတပ္ဖြဲ႕ဟာအသက္၃၁ႏွစ္ရွိေဘာလုံးကစားသမားရဲ႕ေသဆုံးမႈကိုလူသတ္မႈအျဖစ္သံသယဝင္ေနေၾကာင္းလည္းသိရပါတယ္။

ဂရိယူ-၂၁လက္ေ႐ြးစင္ေဟာင္းနီကို႔စ္ဆူမာနစ္ဟာရက္အတန္ၾကာေပ်ာက္ဆုံးသြားၿပီးေနာက္ရဲတပ္ဖြဲ႕ကလူေပ်ာက္မႈျဖင့္အပူတျပင္းရွာေဖြခဲ့ရာအဂၤါေန႔နံနက္ပိုင္းတုန္းကကားအတြင္းတြင္အသက္ေသဆုံးလ်က္ေတြ႕ရွိခဲ့ရပါတယ္။

ေနာက္ခံကစားသမားဟာကာလာမာရီယာရွိနီယာခရီနာေလဆိပ္အနီးတြင္ေသဆုံးလ်က္ေတြ႕ရွိခဲ့ရတာပါ။

နီကို႔စ္ဆူမာနစ္ကိုကားအတြင္းတြင္ႀကိဳးျဖင့္ခ်ည္လ်က္ေတြ႕ရွိခဲ့ရမႈနဲ႔အတူလူသတ္မႈအျဖစ္ရဲတပ္ဖြဲ႕ကသံသယဝင္ေနတာပါ။

ဆူမာနစ္ဟာယခုေႏြရာသီတြင္ဂရိကလပ္မာကဲဒိုနီကို႔စ္သို႔ေျပာင္းခဲ့သူျဖစ္ၿပီးသူဟာယင္းကလပ္မွာကစားသမားဘဝစတင္ခဲ့တာပါ။သူဟာဂရိကလပ္မ်ားျဖစ္ၾကတဲ့ေအရက္စ္၊အပိုလ္လြန္ကာလာမာရီယာ၊ဇင္သီ၊ေကာ္ဖူး၊ပန္သာကီကို႔စ္၊ဗီရီယာတို႔တြင္ကစားခဲ့သူျဖစ္ၿပီးကစားသမားဘဝတစ္ေလွ်ာက္ပြဲေပါင္း၁၂၆ပြဲကစားကာ၄ဂိုးသြင္းယူၿပီး၃ႀကိမ္ဖန္တီးထားပါတယ္။

သူဟာဂရိယူ-၂၁အသင္းတြင္လည္း၂ပြဲကစားခြင့္ရခဲ့ၿပီး၂၀၁၁ခုႏွစ္တုန္းကဘယ္လ္ဂ်ီယံ၊ဂ်ာမနီတို႔ႏွင့္ပြဲမွာကစားခြင့္ရခဲ့တာပါ။