
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာ ယနေ့တွင် ပြုလုပ်တဲ့ ကိန်းရုပ်ရှင်ပွဲတော်သို့ တက်ရောက်ရာမှာ ပေါင် ၁ သန်းတန်ကြေးရှိ လည်ဆွဲဖြင့် တက်ရောက်ခဲ့ပါတယ်။
ပေါ်တူဂီစူပါစတားရဲ့ ချစ်သူဟာ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး လည်ပင်တွင် တန်ဖိုးကြီး စိန်လည်ဆွဲ ဆွဲထားတာဖြစ်ပါတယ်။
ဂျော်ဂျီနာရိုဒရီဂွက်ဇ်လည်ပင်းတွင် ဆွဲထားတဲ့ လည်ဆွဲကို တန်ဖိုးကြီးလက်ဝတ်ရတနာ ထုတ်လုပ်တဲ့ Chopard က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ယင်းလည်ဆွဲရဲ့တန်ဖိုးမှာ ပေါင် ၁ သန်းဖြစ်ပါတယ်။
ဂျော်ဂျီနာမတိုင်မီ ကေပေါ့ပ်စတားကာရီနာမှာလည်း Chopard က ဖန်တီးထားတဲ့ အနီရောင်စိန်လည်ဆွဲဖြင့်ပင် တက်ရောက်ခဲ့ပါတယ်။ ကာရီနာမှာ ကေပေါ့ပ်အဖွဲ့ Aespa အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။
ဂျော်ဂျီနာဟာ တန်ဖိုးကြီးစိန်လည်ဆွဲအပြင် ငွေရောင်လက်ကောက်နှင့် စိန်လက်စွပ်တို့ ဝတ်ဆင်ထားပါသေးတယ်။