ကိန်းအတွက် ပေါင်သန်း ၁၂၀ အထိသုံးရနိုင်သော်လည်း မာရှယ်(သို့မဟုတ်)လင်ဂတ်ကိုအလိုက်ပေးကမ်းလှမ်းမယ့် သရဲနီ

မန်ယူအတွက်ဟယ်ရီကိန်းကိုခေါ်ယူနိုင်မယ့်တစ်ခုတည်းသောနည်းပြကကစားသမားတစ်ဦးအလိုက်ပေးပြီးခေါ်ယူနိုင်မယ့်နည်းတစ်ခုတည်းသာရှိကြောင်းသိရပါတယ်။

အသက်၂၇နှစ်ရှိစပါးစ်စတားဟာဆုဖလားဆွတ်ခူးနိုင်ရေးအတွက်ယခုနွေရာသီတွင်အသင်းပြောင်းခွင့်ပေးရန်စပါးစ်ကိုတောင်းဆိုထားပါတယ်။

အင်္ဂလန်နှင့်စပါးစ်အသင်းခေါင်းဆောင်ကိုမန်စီးတီး၊ချဲလ်ဆီး၊မန်ယူအပြင်ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ပီအက်စ်ဂျီစတဲ့ထိပ်သီးများကလည်းစိတ်ဝင်စားနေပါတယ်။

ယခုအပတ်အစောပိုင်းတုန်းကမန်ယူနှင့်မန်စီးတီးတို့ဟာဟယ်ရီကိန်းကိုပေါင်သန်း၈၀တန်ဖိုးရှိငါးနှစ်စာချုပ်ကမ်းလှမ်းရန်အသင့်ရှိနေကြောင်းသိရပါတယ်။

စပါးစ်ဟာဟယ်ရီကိန်းအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၁၂၀အထိတောင်းဆိုလိုနေပါတယ်။ထိုမျှငွေကြေးရရှိမှသာလျှင်အစားထိုးနိုင်မယ့်ကစားသမားကိုခေါ်ယူနိုင်ပါမယ်။

မန်ယူဟာယင်းမျှအထိငွေကြေးတတ်နိုင်ခြင်းမရှိသော်လည်းဂျက်စီလင်ဂတ်၊အန်တိုနီမာရှယ်တို့ကိုအလိုက်ပေးကမ်းလှမ်းရန်စီစဉ်ထားပါတယ်။

လင်ဂတ်ဟာဝက်စ်ဟမ်းတွင်အငှားဖြင့်သွားရောက်ကစားစဉ်အတွင်းခြေစွမ်းပြန်လည်ပြနိုင်မှုနှင့်အတူအင်္ဂလန်အသင်းရဲ့ယူရို၂၀၂၀စာရင်းတွင်ရွေးချယ်ခြင်းခံထားရပါတယ်။

အခြားတစ်ဖက်တွင်မန်ယူဟာဂျူဗင်တပ်မှထွက်ခွာမယ့်ခရစ္စတီယာနိုရော်နယ်ဒိုကိုလည်းအသင်းသို့ပြန်လည်ခေါ်ဆောင်လိုနေရာကစားသမားခေါ်ယူရေးနှင့်ပတ်သက်ပြီးဆုံးဖြတ်ချက်ချရခက်ခဲလျက်ရှိနေပါတယ်။

၎င်းတို့ဟာဂျက်ဂရဲလ်လစ်ချ်၊ဆန်ချိုတို့ကိုလည်းခေါ်ယူလိုနေတဲ့အပြင်ဟယ်ရီမက်ဂွိုင်းယားနှင့်တွဲကစားမယ့်ထိပ်တန်းခံစစ်မှူးတစ်ဦးကိုလည်းခေါ်ယူလိုနေပါတယ်။

ZawGyi










၎င်းတို့ဟာဂျက်ဂရဲလ်လစ်ခ်ျ၊ဆန်ချိုတို့ကိုလည်းခေါ်ယူလိုနေတဲ့အပြင်ဟယ်ရီမက်ဂွိုင်းယားနှင့်တွဲကစားမယ့်ထိပ်တန်းခံစစ်မှူးတစ်ဦးကိုလည်းခေါ်ယူလိုနေပါတယ်။