ကိုကင်း ၁၁၅ ကီလိုဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတဲ့ ဘွန်ဒက်စ်လီဂါစတားဟောင်းဒူဆန်ပက်ကိုဗစ်

ဘွန်ဒက်စ်လီဂါစတားဟောင်းဒူဆန်ပက်ကိုဗစ်ဟာကိုကင်း၁၁၅ကီလိုဂရမ်ဖြင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

ဆားဘီးယားကလပ် OFK Belgrade အသင်းတွင်အားကစားဒါရိုက်တာအဖြစ်ဆောင်ရွက်နေတဲ့ပက်ကိုဗစ်ဟာအမ်စတာဒမ်တွင်ကိုကင်းများနှင့်အတူဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးယခုအခါထောင်ဒဏ်ကျခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

ဂျာမန်သတင်းစာ Bild ကရဲတပ်ဖွဲ့ဝင်များဟာဝုဖ်ဘတ်စတားဟောင်းအပါအဝင်လူ၈ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းဖော်ပြသွားပါတယ်။

ဆားဘီးယားလက်ရွေးစင်နောက်ခံလူဟောင်းဟာEuropolလှုပ်ရှားမှုအစိတ်အပိုင်းတစ်ရပ်အနေဖြင့်ရိုသာဒမ်မှဘယ်လ်ဂျီယံမြို့ အာလွန်သို့သွားရာလမ်းတွင်ဂိုဏ်းသားများကိုဖမ်းဆီးမှုတွင်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်များရဲ့စုံစမ်းစစ်ဆေးမှုအရယင်းကိုကင်းများကိုလန်ဒန်သို့ပို့ရန်လမ်းကြောင်းပေါ်တွင်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာဖြစ်ကြောင်းသိရပါယ်။

လက်ရှိအချိန်တွင်ပက်ကိုဗစ်ရဲ့ကလပ်ဖြစ်တဲ့ OFK Belgrade ကတော့တစုံတရာထုတ်ပြန်ခြင်းမရှိပါဘူး။

ZawGyi

ကိုကင္း ၁၁၅ ကီလိုျဖင့္ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရတဲ့ ဘြန္ဒက္စ္လီဂါစတားေဟာင္းဒူဆန္ပက္ကိုဗစ္

ဘြန္ဒက္စ္လီဂါစတားေဟာင္းဒူဆန္ပက္ကိုဗစ္ဟာကိုကင္း၁၁၅ကီလိုဂရမ္ျဖင့္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။

ဆားဘီးယားကလပ္ OFK Belgrade အသင္းတြင္အားကစားဒါ႐ိုက္တာအျဖစ္ေဆာင္႐ြက္ေနတဲ့ပက္ကိုဗစ္ဟာအမ္စတာဒမ္တြင္ကိုကင္းမ်ားႏွင့္အတူဖမ္းဆီးခံခဲ့ရတာျဖစ္ၿပီးယခုအခါေထာင္ဒဏ္က်ခံရမယ့္အေရးႏွင့္ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။

ဂ်ာမန္သတင္းစာ Bild ကရဲတပ္ဖြဲ႕ဝင္မ်ားဟာဝုဖ္ဘတ္စတားေဟာင္းအပါအဝင္လူ၈ဦးကိုဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္းေဖာ္ျပသြားပါတယ္။

ဆားဘီးယားလက္ေ႐ြးစင္ေနာက္ခံလူေဟာင္းဟာEuropolလႈပ္ရွားမႈအစိတ္အပိုင္းတစ္ရပ္အေနျဖင့္႐ိုသာဒမ္မွဘယ္လ္ဂ်ီယံၿမိဳ႕ အာလြန္သို႔သြားရာလမ္းတြင္ဂိုဏ္းသားမ်ားကိုဖမ္းဆီးမႈတြင္ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။

ရဲတပ္ဖြဲ႕ဝင္မ်ားရဲ႕စုံစမ္းစစ္ေဆးမႈအရယင္းကိုကင္းမ်ားကိုလန္ဒန္သို႔ပို႔ရန္လမ္းေၾကာင္းေပၚတြင္ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့တာျဖစ္ေၾကာင္းသိရပါယ္။

လက္ရွိအခ်ိန္တြင္ပက္ကိုဗစ္ရဲ႕ကလပ္ျဖစ္တဲ့ OFK Belgrade ကေတာ့တစုံတရာထုတ္ျပန္ျခင္းမရွိပါဘူး။