
မန်ချက်စတာယူနိုက်တက်ပစ်မှတ်ဒီယေဂိုကော့စတာဟာမနေ့ညတုန်းကလေဗာကူဆင်နှင့်ပေါ်တိုတို့ရဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်ဖန်တီးမှုတစ်ကြိမ်ပြုလုပ်ခဲ့တဲ့အပြင်ပင်နယ်တီကာကွယ်မှုပြုလုပ်ပြီးနောက်ချန်ပီယံလိဂ်သမိုင်းတွင်ဖန်တီးမှုပြုလုပ်ပြီးပင်နယ်တီကာကွယ်မှုပြုလုပ်နိုင်တဲ့ပထမဆုံးဂိုးသမားအဖြစ်မှတ်တိုင်စိုက်ထူလာပါတယ်။
ပေါ်တူဂီထိပ်သီးပေါ်တိုဟာမနေ့ညတုန်းကဂျာမနီတွင်ဇာဘီးအလွန်ဆိုရဲ့လေဗာကူဆင်အသင်းကို၃-၀ဂိုးဖြင့်အနိုင်ရရှိပြီးချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်လှမ်းနိုင်ရေးအခြေအနေကောင်းလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင်တန်ကြေးပေါင်သန်း၃၀သတ်မှတ်ခံထားရတဲ့အသက်၂၃နှစ်ရှိဂိုးသမားကော့စတာဟာပွဲချိန်၆မိနစ်တွင်ပင်ကိုက်၈၀အကွာမှတိကျသေသပ်တဲ့ဘောလုံးပေးပို့မှုပြုလုပ်ပြီးဂါလီနိုဦးဆောင်ဂိုးသွင်းယူအောင်ဖန်တီးနိုင်ခဲ့ပါတယ်။
ယင်းနောက်ပွဲချိန်၁၆မိနစ်မှာကော့စတာဟာဂျာမနီအသင်းရဲ့ပင်နယ်တီကိုကာကွယ်ခဲ့ပြန်ပါတယ်။လေဗာကူဆင်အတွက်ပင်နယ်တီကိုကီရမ်ဒီမာဘေးကကန်ခဲ့တာဖြစ်ပြီးကော့စတာကခန့်မှန်းချက်မှန်ကန်ကာကာကွယ်မှုပြုလုပ်နိုင်ခဲ့ပါတယ်။
ပေါ်တိုဟာဒုတိယပိုင်းတွင်မီဒီတာရီမီရဲ့ပင်နယ်တီနှစ်ဂိုးထပ်မံသွင်းယူခဲ့လို့ လေဗာကူဆင်ကို၃-၀ဖြင့်အနိုင်ယူပြီးချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရန်အခြေအနေကောင်းလာခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်များကတော့ကလပ်ရဲ့ပစ်မှတ်ကော့စတာရဲ့စွမ်းဆောင်ရည်အပေါ်ကျေနပ်အားရလျက်ရှိကြပါတယ်။
ယူနိုက်တက်ဟာလာမယ့်နွေရာသီတွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒေးဗစ်ဒီဂီယာရဲ့နေရာတွင်အစားထိုးရန်အတွက် ဒီယေဂိုကော့စတာကို ကင်းထောက်များစေလွှတ်ကာစောင့်ကြည့်မှုများပြုလုပ်နေခဲ့ပါတယ်။
ZawGyi
ကိုက္ ၈၀ အကြာမွ ဖန္တီးတဲ့အျပင္ ပင္နယ္တီကာကြယ္ကာ ခ်န္ပီယံလိဂ္စံခ်ိန္သစ္ ေရးထိုးလာတဲ့ ယူႏိုက္တက္ပစ္မွတ္ ေကာ့စတာ
မန္ခ်က္စတာယူႏိုက္တက္ပစ္မွတ္ဒီေယဂိုေကာ့စတာဟာမေန႔ညတုန္းကေလဗာကူဆင္ႏွင့္ေပၚတိုတို႔ရဲ႕ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ဖန္တီးမႈတစ္ႀကိမ္ျပဳလုပ္ခဲ့တဲ့အျပင္ပင္နယ္တီကာကြယ္မႈျပဳလုပ္ၿပီးေနာက္ခ်န္ပီယံလိဂ္သမိုင္းတြင္ဖန္တီးမႈျပဳလုပ္ၿပီးပင္နယ္တီကာကြယ္မႈျပဳလုပ္ႏိုင္တဲ့ပထမဆုံးဂိုးသမားအျဖစ္မွတ္တိုင္စိုက္ထူလာပါတယ္။
ေပၚတူဂီထိပ္သီးေပၚတိုဟာမေန႔ညတုန္းကဂ်ာမနီတြင္ဇာဘီးအလြန္ဆိုရဲ႕ေလဗာကူဆင္အသင္းကို၃-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔တက္လွမ္းႏိုင္ေရးအေျခအေနေကာင္းလာခဲ့ပါတယ္။
အဆိုပါပြဲစဥ္တြင္တန္ေၾကးေပါင္သန္း၃၀သတ္မွတ္ခံထားရတဲ့အသက္၂၃ႏွစ္ရွိဂိုးသမားေကာ့စတာဟာပြဲခ်ိန္၆မိနစ္တြင္ပင္ကိုက္၈၀အကြာမွတိက်ေသသပ္တဲ့ေဘာလုံးေပးပို႔မႈျပဳလုပ္ၿပီးဂါလီႏိုဦးေဆာင္ဂိုးသြင္းယူေအာင္ဖန္တီးႏိုင္ခဲ့ပါတယ္။
ယင္းေနာက္ပြဲခ်ိန္၁၆မိနစ္မွာေကာ့စတာဟာဂ်ာမနီအသင္းရဲ႕ပင္နယ္တီကိုကာကြယ္ခဲ့ျပန္ပါတယ္။ေလဗာကူဆင္အတြက္ပင္နယ္တီကိုကီရမ္ဒီမာေဘးကကန္ခဲ့တာျဖစ္ၿပီးေကာ့စတာကခန႔္မွန္းခ်က္မွန္ကန္ကာကာကြယ္မႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။
ေပၚတိုဟာဒုတိယပိုင္းတြင္မီဒီတာရီမီရဲ႕ပင္နယ္တီႏွစ္ဂိုးထပ္မံသြင္းယူခဲ့လို႔ ေလဗာကူဆင္ကို၃-၀ျဖင့္အႏိုင္ယူၿပီးခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔တက္ရန္အေျခအေနေကာင္းလာခဲ့ပါတယ္။
ယူႏိုက္တက္ပရိသတ္မ်ားကေတာ့ကလပ္ရဲ႕ပစ္မွတ္ေကာ့စတာရဲ႕စြမ္းေဆာင္ရည္အေပၚေက်နပ္အားရလ်က္ရွိၾကပါတယ္။
ယူႏိုက္တက္ဟာလာမယ့္ေႏြရာသီတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ေဒးဗစ္ဒီဂီယာရဲ႕ေနရာတြင္အစားထိုးရန္အတြက္ ဒီေယဂိုေကာ့စတာကို ကင္းေထာက္မ်ားေစလႊတ္ကာေစာင့္ၾကည့္မႈမ်ားျပဳလုပ္ေနခဲ့ပါတယ္။