
အာလင်းဟာလန်းဟာမနေ့ညတုန်းကအီတီဟတ်ကွင်းတွင်ဘရိုက်တန်နှင့်ပွဲစဉ်မှာကိုက်၈၀အကွာမှဖန်တီးပေးလိုက်တဲ့ဘောလုံးကနေသူ့ရဲ့ယခုရာသီ၂၁ဂိုးမြောက်ဂိုးကိုသွင်းယူလိုက်နိုင်ခဲ့ပါတယ်။
မန်စီးတီးစတားနှင့်ကစားဖော်များဟာပြီးခဲ့တဲ့အပတ်တုန်းကလီဗာပူးကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်နိုင်ပွဲပြန်လည်ရယူနိုင်ရေး အစောပိုင်းကတည်းကအပြင်းအထန်ကြိုးပမ်းခဲ့ကြပါတယ်။
ပြီးခဲ့တဲ့အပတ်စနေနေ့တုန်းကပွဲစဉ်မှာမိုဟာမက်ဆာလက်ဟာဂိုးသမားအလစ်ဆင်ဘက်ကာရဲ့ကိုက်၈၀အကွာမှဖန်တီးမှုကနေ လီဗာပူးအတွက်အနိုင်ဂိုးသွင်းခဲ့ပါတယ်။
မနေ့ညတုန်းကဘရိုက်တန်နှင့်ပွဲမှာလည်းအာလင်းဟာလန်းဟာဘရာဇီးဂိုးသမားအီဒါဆင်ရဲ့ကိုက်၈၀အကွာမှဖန်တီးမှုကနေသူ့ရဲ့ယခုရာသီ၂၁ဂိုးမြောက်ဂိုးကိုသွင်းခဲ့ပါတယ်။
သူဟာရောဘတ်ဆန်းချက်ဇ်ကိုမြန်နှုန်းဖြင့်ကျော်ဖြတ်ပြီးနောက်ဝက်ဘ်စတာကိုပုခုံးဖြင့်ခပ်ကြမ်းကြမ်းတိုက်ပြီးနောက်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။
အာလင်းဟာလန်းဟာအိမ်ကွင်းမှာ၇ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
မနေ့ညတုန်းကဘရိုက်တန်နှင့်ပွဲမှာအာလင်းဟာလန်းဟာပင်နယ်တီကနေ သူ့ရဲ့ယခုရာသီ ၂၂ ဂိုးမြောက်ဂိုးကိုလည်းသွင်းခဲ့ပါတယ်။
မန်စီးတီးဟာဘရိုက်တန်ကိုအာလင်းဟာလန်းရဲ့သွင်းဂိုး၂ဂိုး၊ကီဗင်ဒီဘရိုင်းရဲ့တစ်ဂိုးတို့ဖြင့်၃-၁ဖြင့်အနိုင်ရခဲ့ပါတယ်။
ZawGyi
ကိုက် ၈၀ အကွာမှ အီဒါဆင်ရဲ့ဖန်တီးမှုကနေ အဒမ်ဝက်ဘ်စတာကို ခပ်ကြမ်းကြမ်းဘော်ဒီတိုက်ပြီး ယခုရာသီ ၂၁ ဂိုးမြောက်ဂိုးကို သွင်းခဲ့တဲ့ ဟာလန်း