ကိုင်စီဒိုထက် ပိုကောင်းတဲ့ ဂျော်ဂျင်ဟိုကို ပါးနပ်စွာ ခေါ်ယူခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာကြေးကြီးပေးဝယ်ရမဲ့မွိုက်စ်ကိုင်စီဒိုကိုခေါ်ယူရေးနောက်ဆုတ်ကာချဲလ်ဆီးကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုကိုခေါ်ယူလိုက်ပြီဖြစ်ပါတယ်။အာဆင်နယ်ရဲ့ဂျော်ဂျင်ဟိုကိုခေါ်ယူလိုက်မှုကပါးနပ်တဲ့ခေါ်ယူမှုဖြစ်လာဖို့သေချာနေပါတယ်။

အာဆင်နယ်ဟာအသက်၂၁နှစ်အရွယ်ရှိကိုင်စီဒိုကိုပေါင်သန်း၆၀ဖြင့်လည်းကောင်း၊ပေါင်သန်း၇၀ဖြင့်လည်းကောင်းကမ်းလှမ်းခဲ့ပေမဲ့ဘရိုက်တန်ရဲ့ပယ်ချခြင်းခံခဲ့ရပါတယ်။

အာဆင်နယ်ဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာပေါင်၇၅သန်းဖြင့်နောက်ဆုံးအကြိမ်ကမ်းလှမ်းမှုတောင်ပြုလုပ်ခဲ့ပါသေးတယ်။နောက်ဆုံးမခေါ်ယူနိုင်တဲ့အဆုံးအာဆင်နယ်ဟာချဲလ်ဆီးမှအသက်၃၁နှစ်အရွယ်ရှိအီတလီလက်ရွေးစင်ကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုကိုပေါင်၁၂သန်းတည်းဖြင့်ခေါ်ယူခဲ့ပါတယ်။

ဂျော်ဂျင်ဟိုဟာအာတီတာရဲ့ဦးစားပေးမဟုတ်ပါဘူး။ဒါပေမဲ့အီတလီလက်ရွေးစင်ကစားသမားကကမ္ဘာ့အဆင့်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တာနဲ့အညီ ဂရာနစ်ဇာခါနှင့်သောမတ်စ်ပါတေးတို့ကိုအရန်ခုံမှာထိုင်လာရအောင်လုပ်ဆောင်လာဖို့ရှိနေပါတယ်။

ပရီးမီးယားလိဂ်မှတ်တမ်းများအရဂျော်ဂျင်ဟိုဟာသောမတ်စ်ပါတေးထက်ရောကိုင်စီဒိုထက်ပါခြေစွမ်းပိုမိုကောင်းမွန်နေတာတွေ့ရပါတယ်။

၂၀၂၁-၂၂ ပရီးမီးယားလိဂ်ရာသီမှစတင်တဲ့မှတ်တမ်းအရဂျော်ဂျင်ဟိုဟာပါတေးထက်၇ပွဲပိုကစားထားသလိုကိုင်စီဒိုထက်၂၁ပွဲပိုကစားထားပါတယ်။

ပင်နယ်တီ Expert ဟာ၈ဂိုးသွင်းထားပြီးပါတေး(၄)နှင့်ကိုင်စီဒို(၂)တို့နှစ်ဦးပေါင်းသွင်းဂိုးထက်ပိုသွင်းထားပါတယ်။

အီတလီလက်ရွေးစင်ဟာဖန်တီးမှု၂ကြိမ်ပြုလုပ်ထားကာကိုင်စီဒိုက၂ကြိမ်၊ပါတေးက၁ကြိမ်သာပြုလုပ်ထားပါတယ်။

ယင်းကစားသမားသုံးဦးရဲ့ကွင်းလယ်ပိုင်းကိုကြည့်ရာမှာလည်းဂျော်ဂျင်ဟိုကပါတေးနှင့်ကိုင်စီဒိုတို့ထက်ဘောလုံးပေးပို့မှုပိုမိုပြုလုပ်ထားတဲ့အပြင်တတိယဇုန်မှာဘောလုံးပေးပို့မှုပိုပြုလုပ်ထားနိုင်ပါတယ်။

ဒါပေမဲ့ဂျော်ဂျင်ဟိုဟာဘောလုံးပြန်ဆယ်ယူနိုင်မှုနဲ့ဘောလုံးဖျက်ထုတ်မှုအပိုင်းမှာလည်းပိုကောင်းပါတယ်။

ဂျော်ဂျင်ဟိုထက်ပိုကောင်းတဲ့အပိုင်း၃ပိုင်းတည်းသာရှိပါတယ်။ယင်းအထဲမှာဘောလုံးသယ်ဆောင်ပြေးလွှားမှုနည်းပါးတာပါဝင်ပါတယ်။

ဂျော်ဂျင်ဟိုဟာကိုင်စီဒိုထက်ဆယ်နှစ်ပိုကြီးပေမဲ့လည်းပိုမိုလိမ်ခေါက်ထားသလိုတစ်ဦးချင်းထိပ်တိုက်တွေ့ဆုံချိန်မှာအသာစီးရမှုလည်းပိုများပါတယ်။

ဒါကြောင့်လည်းအာဆင်နယ်ဟာဂျော်ဂျင်ဟိုကိုပါးပါးနပ်နပ်နှင့်ခေါ်ယူလိုက်နိုင်တယ်လို့ကျွမ်းကျင်သူများကသုံးသပ်နေကြပါတယ်။

ZawGyi

ကိုင္စီဒိုထက္ ပိုေကာင္းတဲ့ ေဂ်ာ္ဂ်င္ဟိုကို ပါးနပ္စြာ ေခၚယူခဲ့တဲ့ အာဆင္နယ္

အာဆင္နယ္ဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးေန႔မွာေၾကးႀကီးေပးဝယ္ရမဲ့မြိဳက္စ္ကိုင္စီဒိုကိုေခၚယူေရးေနာက္ဆုတ္ကာခ်ဲလ္ဆီးကြင္းလယ္ကစားသမားေဂ်ာ္ဂ်င္ဟိုကိုေခၚယူလိုက္ၿပီျဖစ္ပါတယ္။အာဆင္နယ္ရဲ႕ေဂ်ာ္ဂ်င္ဟိုကိုေခၚယူလိုက္မႈကပါးနပ္တဲ့ေခၚယူမႈျဖစ္လာဖို႔ေသခ်ာေနပါတယ္။

အာဆင္နယ္ဟာအသက္၂၁ႏွစ္အ႐ြယ္ရွိကိုင္စီဒိုကိုေပါင္သန္း၆၀ျဖင့္လည္းေကာင္း၊ေပါင္သန္း၇၀ျဖင့္လည္းေကာင္းကမ္းလွမ္းခဲ့ေပမဲ့ဘ႐ိုက္တန္ရဲ႕ပယ္ခ်ျခင္းခံခဲ့ရပါတယ္။

အာဆင္နယ္ဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးေန႔မွာေပါင္၇၅သန္းျဖင့္ေနာက္ဆုံးအႀကိမ္ကမ္းလွမ္းမႈေတာင္ျပဳလုပ္ခဲ့ပါေသးတယ္။ေနာက္ဆုံးမေခၚယူႏိုင္တဲ့အဆုံးအာဆင္နယ္ဟာခ်ဲလ္ဆီးမွအသက္၃၁ႏွစ္အ႐ြယ္ရွိအီတလီလက္ေ႐ြးစင္ကြင္းလယ္ကစားသမားေဂ်ာ္ဂ်င္ဟိုကိုေပါင္၁၂သန္းတည္းျဖင့္ေခၚယူခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာအာတီတာရဲ႕ဦးစားေပးမဟုတ္ပါဘူး။ဒါေပမဲ့အီတလီလက္ေ႐ြးစင္ကစားသမားကကမာၻ႔အဆင့္ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တာနဲ႔အညီ ဂရာနစ္ဇာခါႏွင့္ေသာမတ္စ္ပါေတးတို႔ကိုအရန္ခုံမွာထိုင္လာရေအာင္လုပ္ေဆာင္လာဖို႔ရွိေနပါတယ္။

ပရီးမီးယားလိဂ္မွတ္တမ္းမ်ားအရေဂ်ာ္ဂ်င္ဟိုဟာေသာမတ္စ္ပါေတးထက္ေရာကိုင္စီဒိုထက္ပါေျခစြမ္းပိုမိုေကာင္းမြန္ေနတာေတြ႕ရပါတယ္။

၂၀၂၁-၂၂ ပရီးမီးယားလိဂ္ရာသီမွစတင္တဲ့မွတ္တမ္းအရေဂ်ာ္ဂ်င္ဟိုဟာပါေတးထက္၇ပြဲပိုကစားထားသလိုကိုင္စီဒိုထက္၂၁ပြဲပိုကစားထားပါတယ္။

ပင္နယ္တီ Expert ဟာ၈ဂိုးသြင္းထားၿပီးပါေတး(၄)ႏွင့္ကိုင္စီဒို(၂)တို႔ႏွစ္ဦးေပါင္းသြင္းဂိုးထက္ပိုသြင္းထားပါတယ္။

အီတလီလက္ေ႐ြးစင္ဟာဖန္တီးမႈ၂ႀကိမ္ျပဳလုပ္ထားကာကိုင္စီဒိုက၂ႀကိမ္၊ပါေတးက၁ႀကိမ္သာျပဳလုပ္ထားပါတယ္။

ယင္းကစားသမားသုံးဦးရဲ႕ကြင္းလယ္ပိုင္းကိုၾကည့္ရာမွာလည္းေဂ်ာ္ဂ်င္ဟိုကပါေတးႏွင့္ကိုင္စီဒိုတို႔ထက္ေဘာလုံးေပးပို႔မႈပိုမိုျပဳလုပ္ထားတဲ့အျပင္တတိယဇုန္မွာေဘာလုံးေပးပို႔မႈပိုျပဳလုပ္ထားႏိုင္ပါတယ္။

ဒါေပမဲ့ေဂ်ာ္ဂ်င္ဟိုဟာေဘာလုံးျပန္ဆယ္ယူႏိုင္မႈနဲ႔ေဘာလုံးဖ်က္ထုတ္မႈအပိုင္းမွာလည္းပိုေကာင္းပါတယ္။

ေဂ်ာ္ဂ်င္ဟိုထက္ပိုေကာင္းတဲ့အပိုင္း၃ပိုင္းတည္းသာရွိပါတယ္။ယင္းအထဲမွာေဘာလုံးသယ္ေဆာင္ေျပးလႊားမႈနည္းပါးတာပါဝင္ပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာကိုင္စီဒိုထက္ဆယ္ႏွစ္ပိုႀကီးေပမဲ့လည္းပိုမိုလိမ္ေခါက္ထားသလိုတစ္ဦးခ်င္းထိပ္တိုက္ေတြ႕ဆုံခ်ိန္မွာအသာစီးရမႈလည္းပိုမ်ားပါတယ္။

ဒါေၾကာင့္လည္းအာဆင္နယ္ဟာေဂ်ာ္ဂ်င္ဟိုကိုပါးပါးနပ္နပ္ႏွင့္ေခၚယူလိုက္ႏိုင္တယ္လို႔ကြၽမ္းက်င္သူမ်ားကသုံးသပ္ေနၾကပါတယ္။