ကိုင်လီယန်ဘက်ပေးအား သူ့ကျောနံပါတ်ကို လွဲပြောင်းပေးရန် အသင့်ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်စတား

ဖာလန်းမင်ဒီဟာမကြာမီကာလအတွင်းတွင်ရီးရဲလ်မက်ဒရစ်သို့ရောက်လာမယ့်ပြင်သစ်စူပါစတားကိုင်လီယန်ဘက်ပေးသာအလိုရှိလျှင်သူဝတ်ဆင်နေတဲ့ကျောနံပါတ်အားလက်လွှတ်ဆုံးရှုံးခံရန်အသင့်ရှိနေကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာကိုင်လီယန်ဘက်ပေးအားဒုတိယမြောက်ကမ်းလှမ်းမှုအနေဖြင့်ပေါင်၁၅၄သန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်ထားပြီးယနေ့ညတွင်အပြောင်းအရွှေ့ပြီးမြောက်ကြောင်းကြေညာလာဖို့ရှိနေကြောင်းသတင်းထွက်နေပါတယ်။

အစောပိုင်းတုန်းကကိုင်လီယန်ဘက်ပေးဟာရီးရဲလ်မက်ဒရစ်တွင် သူ ငယ်စဉ်ကတည်းကလေးစားအားကျရတဲ့ဇီဒန်းဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၅ကိုဝတ်ဆင်မယ်လို့သတင်းထွက်ခဲ့ပါတယ်။

ဒါပေမယ့်ယခုထွက်ပေါ်လာတဲ့သတင်းအရအသက်၂၂နှစ်ရှိကိုင်လီယန်ဘက်ပေးဟာရီးရဲလ်မက်ဒရစ်တွင်ကျောနံပါတ်၂၃ကိုဝတ်ဆင်နိုင်ကြောင်းသိရပါတယ်။လက်ရှိအချိန်တွင်ရီးရဲလ်မက်ဒရစ်တွင်ကျောနံပါတ်၂၃ကိုမင်ဒီကဝတ်ဆင်နေပါတယ်။ဒါပေမယ့်မင်ဒီဟာသူ့သူငယ်ချင်းသာဆန္ဒရှိပါကကျောနံပါတ်၂၃အားလက်လွှတ်ဆုံးရှုံးခံရန်အသင့်ရှိကြောင်းသိရပါတယ်။

ကျောနံပါတ်၂၃မှာဘောလုံးလောကတွင်နာမည်ကြီးတဲ့ကျောနံပါတ်မဟုတ်ပေမယ့်ဘတ်စကက်ဘောတွင်မိုက်ကယ်ဂျော်ဒန်ဝတ်ဆင်ခဲ့မှုကြောင့်နာမည်ကြီးနံပါတ်တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင်ဒေးဗစ်ဘက်ဟမ်းမှာလည်းမန်ယူမှရီးရဲလ်မက်ဒရစ်သို့ရောက်လာစဉ်တုန်းကဘာနေဗျူးတွင်ကျောနံပါတ်၂၃ကိုဝတ်ဆင်ခဲ့ဖူးပါတယ်။

ZawGyi

ကိုင္လီယန္ဘက္ေပးအား သူ႔ေက်ာနံပါတ္ကို လြဲေျပာင္းေပးရန္ အသင့္ရွိေနတဲ့ ရီးရဲလ္မက္ဒရစ္စတား

ဖာလန္းမင္ဒီဟာမၾကာမီကာလအတြင္းတြင္ရီးရဲလ္မက္ဒရစ္သို႔ေရာက္လာမယ့္ျပင္သစ္စူပါစတားကိုင္လီယန္ဘက္ေပးသာအလိုရွိလွ်င္သူဝတ္ဆင္ေနတဲ့ေက်ာနံပါတ္အားလက္လႊတ္ဆုံးရႈံးခံရန္အသင့္ရွိေနေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာကိုင္လီယန္ဘက္ေပးအားဒုတိယေျမာက္ကမ္းလွမ္းမႈအေနျဖင့္ေပါင္၁၅၄သန္းျဖင့္ကမ္းလွမ္းမႈျပဳလုပ္ထားၿပီးယေန႔ညတြင္အေျပာင္းအေ႐ႊ႕ၿပီးေျမာက္ေၾကာင္းေၾကညာလာဖို႔ရွိေနေၾကာင္းသတင္းထြက္ေနပါတယ္။

အေစာပိုင္းတုန္းကကိုင္လီယန္ဘက္ေပးဟာရီးရဲလ္မက္ဒရစ္တြင္ သူ ငယ္စဥ္ကတည္းကေလးစားအားက်ရတဲ့ဇီဒန္းဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၅ကိုဝတ္ဆင္မယ္လို႔သတင္းထြက္ခဲ့ပါတယ္။

ဒါေပမယ့္ယခုထြက္ေပၚလာတဲ့သတင္းအရအသက္၂၂ႏွစ္ရွိကိုင္လီယန္ဘက္ေပးဟာရီးရဲလ္မက္ဒရစ္တြင္ေက်ာနံပါတ္၂၃ကိုဝတ္ဆင္ႏိုင္ေၾကာင္းသိရပါတယ္။လက္ရွိအခ်ိန္တြင္ရီးရဲလ္မက္ဒရစ္တြင္ေက်ာနံပါတ္၂၃ကိုမင္ဒီကဝတ္ဆင္ေနပါတယ္။ဒါေပမယ့္မင္ဒီဟာသူ႔သူငယ္ခ်င္းသာဆႏၵရွိပါကေက်ာနံပါတ္၂၃အားလက္လႊတ္ဆုံးရႈံးခံရန္အသင့္ရွိေၾကာင္းသိရပါတယ္။

ေက်ာနံပါတ္၂၃မွာေဘာလုံးေလာကတြင္နာမည္ႀကီးတဲ့ေက်ာနံပါတ္မဟုတ္ေပမယ့္ဘတ္စကက္ေဘာတြင္မိုက္ကယ္ေဂ်ာ္ဒန္ဝတ္ဆင္ခဲ့မႈေၾကာင့္နာမည္ႀကီးနံပါတ္တစ္ခုျဖစ္ပါတယ္။

ဒါ့အျပင္ေဒးဗစ္ဘက္ဟမ္းမွာလည္းမန္ယူမွရီးရဲလ္မက္ဒရစ္သို႔ေရာက္လာစဥ္တုန္းကဘာေနဗ်ဴးတြင္ေက်ာနံပါတ္၂၃ကိုဝတ္ဆင္ခဲ့ဖူးပါတယ္။