ကိုင်လီယန်ဘက်ပေး လုပ်ခဘယ်လောက်တောင်းဆိုသလဲဆိုတာ ဘာစီလိုနာဥက္ကဌလာပေါ်တာဖွင့်ဟလာ

ဘာစီလိုနာဥက္ကဌဂျိုဟန်လာပေါ်တာကကိုင်လီယန်ဘက်ပေးမှာတစ်ပတ်လုပ်ခပေါင်၈၀၀၀၀၀ထက်ပိုပြီးတော့လိုချင်နေကြောင်းဖွင့်ချလာပါတယ်။

ပီအက်စ်ဂျီစတားဟာဇွန်လအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ရှိနေသူလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ကိုင်လီယန်ဘက်ပေးကို ရီးရဲလ်မက်ဒရစ်ကခေါ်ယူရန်သဘောတူညီမှုရရှိထားကြောင်းသတင်းထွက်နေပါတယ်။

ကိုင်လီယန်ဘက်ပေးကို ခေါ်ယူရေးကြိုးပမ်းနေတဲ့ကလပ်များထဲတွင်လီဗာပူးလည်းပါဝင်နေပါတယ်။

ဒါပေမဲ့ကိုင်လီယန်ဘက်ပေးကိုခေါ်ယူဖို့မကြိုးစားတဲ့ကလပ်တစ်ခုကရှိနေပါတယ်။ယင်းကလပ်ကဘာစီလိုနာဖြစ်ပါတယ်။

လာပေါ်တာက”ငွေကြေးကြောင့်သော်လည်းကောင်း၊ကလပ်ရဲ့လုပ်ခကန့်သတ်ချက်သော်လည်းကောင်းကျွန်တော်တို့မခေါ်ယူနိုင်တဲ့ကစားသမားတွေရှိပါတယ်။ကျွန်တော်တို့အတွက်အသုံးစရိတ်ကန့်သတ်ချက်ရှိပါတယ်။နောက်ထပ်ထပ်ဖြစ်လို့မဖြစ်ပါဘူး။ကျွန်တော်တို့ဟာကလပ်ကိုအားလုံးဟန်ချက်ညီအောင်လုပ်နေပါတယ်။ကျွန်တော်တို့အနေနဲ့ကိုင်လီယန်ဘက်ပေးတောင်းသလိုယူရိုသန်း၄၀ကနေသန်၅၀(ပေါင်၄၂သန်း)မသုံးနိုင်ပါဘူး။သူကယူရိုသန်း၅၀အသားတင်လိုချင်တယ်။သူကချန်ပီယံလိဂ်မဖလားရသေးပေမဲ့လည်းစူပါအဆင့်မှာရှိတဲ့သူပါ။ဒါကိုစိတ်ထဲတော့ထည့်ရမယ်။လစာအကြောင်းပြောလိုက်ရင်၂၅၊၃၀(သို့မဟုတ်)၄၀လိုချင်တယ်။ကျွန်တော်တို့ကတော့မသုံးနိုင်ဘူ”လို့ပြောကြားသွားပါတယ်။

ဒါပေမဲ့ကိုင်လီယန်ဘက်ပေးရဲ့အေးဂျင့်တွေကတော့၎င်းတို့ဟာဘာစီလိုနာနှင့်ဆွေးနွေးခဲ့ဖူးခြင်းမရှိကြောင်းဆိုထားပါတယ်။

မကြာသေးမီတုန်းကဘက်ပေးကလာမယ့်ရက်ပိုင်းအတွင်းမှာသူ့အနာဂတ်ဆုံးဖြတ်ချက်ကိုကြေညာသွားမည်ဖြစ်ကြောင်းကြေညာထားပါတယ်။

ZawGyi

ကိုင္လီယန္ဘက္ေပး လုပ္ခဘယ္ေလာက္ေတာင္းဆိုသလဲဆိုတာ ဘာစီလိုနာဥကၠဌလာေပၚတာဖြင့္ဟလာ

ဘာစီလိုနာဥကၠဌဂ်ိဳဟန္လာေပၚတာကကိုင္လီယန္ဘက္ေပးမွာတစ္ပတ္လုပ္ခေပါင္၈၀၀၀၀၀ထက္ပိုၿပီးေတာ့လိုခ်င္ေနေၾကာင္းဖြင့္ခ်လာပါတယ္။

ပီအက္စ္ဂ်ီစတားဟာဇြန္လအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာခြင့္ရွိေနသူလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ကိုင္လီယန္ဘက္ေပးကို ရီးရဲလ္မက္ဒရစ္ကေခၚယူရန္သေဘာတူညီမႈရရွိထားေၾကာင္းသတင္းထြက္ေနပါတယ္။

ကိုင္လီယန္ဘက္ေပးကို ေခၚယူေရးႀကိဳးပမ္းေနတဲ့ကလပ္မ်ားထဲတြင္လီဗာပူးလည္းပါဝင္ေနပါတယ္။

ဒါေပမဲ့ကိုင္လီယန္ဘက္ေပးကိုေခၚယူဖို႔မႀကိဳးစားတဲ့ကလပ္တစ္ခုကရွိေနပါတယ္။ယင္းကလပ္ကဘာစီလိုနာျဖစ္ပါတယ္။

လာေပၚတာက”ေငြေၾကးေၾကာင့္ေသာ္လည္းေကာင္း၊ကလပ္ရဲ႕လုပ္ခကန႔္သတ္ခ်က္ေသာ္လည္းေကာင္းကြၽန္ေတာ္တို႔မေခၚယူႏိုင္တဲ့ကစားသမားေတြရွိပါတယ္။ကြၽန္ေတာ္တို႔အတြက္အသုံးစရိတ္ကန႔္သတ္ခ်က္ရွိပါတယ္။ေနာက္ထပ္ထပ္ျဖစ္လို႔မျဖစ္ပါဘူး။ကြၽန္ေတာ္တို႔ဟာကလပ္ကိုအားလုံးဟန္ခ်က္ညီေအာင္လုပ္ေနပါတယ္။ကြၽန္ေတာ္တို႔အေနနဲ႔ကိုင္လီယန္ဘက္ေပးေတာင္းသလိုယူ႐ိုသန္း၄၀ကေနသန္၅၀(ေပါင္၄၂သန္း)မသုံးႏိုင္ပါဘူး။သူကယူ႐ိုသန္း၅၀အသားတင္လိုခ်င္တယ္။သူကခ်န္ပီယံလိဂ္မဖလားရေသးေပမဲ့လည္းစူပါအဆင့္မွာရွိတဲ့သူပါ။ဒါကိုစိတ္ထဲေတာ့ထည့္ရမယ္။လစာအေၾကာင္းေျပာလိုက္ရင္၂၅၊၃၀(သို႔မဟုတ္)၄၀လိုခ်င္တယ္။ကြၽန္ေတာ္တို႔ကေတာ့မသုံးႏိုင္ဘူ”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမဲ့ကိုင္လီယန္ဘက္ေပးရဲ႕ေအးဂ်င့္ေတြကေတာ့၎တို႔ဟာဘာစီလိုနာႏွင့္ေဆြးေႏြးခဲ့ဖူးျခင္းမရွိေၾကာင္းဆိုထားပါတယ္။

မၾကာေသးမီတုန္းကဘက္ေပးကလာမယ့္ရက္ပိုင္းအတြင္းမွာသူ႔အနာဂတ္ဆုံးျဖတ္ခ်က္ကိုေၾကညာသြားမည္ျဖစ္ေၾကာင္းေၾကညာထားပါတယ္။