
အဲရစ်တန်ဟက်ကကိုဒီဂတ်ပိုကိုလီဗာပူးသို့လက်လွှတ်လိုက်ရပြီးတဲ့နောက် မန်ချက်စတာယူနိုက်တက်အနေဖြင့်ကစားသမားအင်အားတောင့်တင်းနေရန်လိုအပ်နေကြောင်းပြောကြားလာပါတယ်။
ယူနိုက်တက်ဟာကိုဒီဂတ်ပိုကိုခေါ်ယူရန်ပစ်မှတ်ထားခဲ့ပေမဲ့လည်းကစားသမားကယူနိုက်တက်ကိုမရွေးချယ်ဘဲလီဗာပူးကိုရွေးချယ်သွားခဲ့ပါတယ်။
လီဗာပူးဟာကိုဒီဂတ်ပိုကိုပေါင်၃၇သန်းဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိသွားပြီဖြစ်ပြီးယခုရက်ပိုင်းအတွင်းတွင်လီဗာပူးသို့ရောက်လာတော့မှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာနိုဝင်ဘာလတုန်းကခရစ္စတီယာနိုရော်နယ်ဒိုကိုစာချုပ်ဖျက်သိမ်းမှုပြုလုပ်ထားရာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်တိုက်စစ်မှူးတစ်ဦးမဖြစ်မနေခေါ်ယူရန်လိုအပ်နေပါတယ်။
အဲရစ်တန်ဟက်က “တစ်ဦးချင်းကိစ္စ(ကိုဒီဂတ်ပို)နဲ့ပတ်သက်ပြီးမပြောချင်ဘူး။ကျွန်တော်တို့တိုက်စစ်မှူးတစ်ဦးရှာနေတယ်။ရှေ့မှာပွဲတွေအများကြီးကစားလာရတော့မှာဖြစ်လို့ကစားသမားတောင့်တင်းနေမှကောင်းပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
ကိုဒီဂတ္ပိုရဲ႕ျငင္းပယ္ျခင္းခံရၿပီးေနာက္ ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ ႏႈတ္ဆိတ္မေနေတာ့
အဲရစ္တန္ဟက္ကကိုဒီဂတ္ပိုကိုလီဗာပူးသို႔လက္လႊတ္လိုက္ရၿပီးတဲ့ေနာက္ မန္ခ်က္စတာယူႏိုက္တက္အေနျဖင့္ကစားသမားအင္အားေတာင့္တင္းေနရန္လိုအပ္ေနေၾကာင္းေျပာၾကားလာပါတယ္။
ယူႏိုက္တက္ဟာကိုဒီဂတ္ပိုကိုေခၚယူရန္ပစ္မွတ္ထားခဲ့ေပမဲ့လည္းကစားသမားကယူႏိုက္တက္ကိုမေ႐ြးခ်ယ္ဘဲလီဗာပူးကိုေ႐ြးခ်ယ္သြားခဲ့ပါတယ္။
လီဗာပူးဟာကိုဒီဂတ္ပိုကိုေပါင္၃၇သန္းျဖင့္ေခၚယူရန္သေဘာတူညီမႈရရွိသြားၿပီျဖစ္ၿပီးယခုရက္ပိုင္းအတြင္းတြင္လီဗာပူးသို႔ေရာက္လာေတာ့မွာျဖစ္ပါတယ္။
ယူႏိုက္တက္ဟာႏိုဝင္ဘာလတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုကိုစာခ်ဳပ္ဖ်က္သိမ္းမႈျပဳလုပ္ထားရာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္တိုက္စစ္မႉးတစ္ဦးမျဖစ္မေနေခၚယူရန္လိုအပ္ေနပါတယ္။
အဲရစ္တန္ဟက္က “တစ္ဦးခ်င္းကိစၥ(ကိုဒီဂတ္ပို)နဲ႔ပတ္သက္ၿပီးမေျပာခ်င္ဘူး။ကြၽန္ေတာ္တို႔တိုက္စစ္မႉးတစ္ဦးရွာေနတယ္။ေရွ႕မွာပြဲေတြအမ်ားႀကီးကစားလာရေတာ့မွာျဖစ္လို႔ကစားသမားေတာင့္တင္းေနမွေကာင္းပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။