ကီပါကို ပွဲထွက်ခွင့်ပေးခဲ့သော်လည်း မင်ဒီမှာ နံပါတ်တစ်ဂိုးသမားဖြစ်နေဆဲဟု တူချယ်အတည်ပြု

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ကနယူးကာဆယ်နှင့်ပွဲစဉ်တွင်ကီပါကိုပွဲထွက်ဂိုးသမားအဖြစ်အသုံးပြုခဲ့သော်လည်း ဆီနီဂေါဂိုးသမားအက်ဒီယတ်မင်ဒီမှာချဲလ်ဆီးရဲ့နံပါတ်တစ်ဂိုးသမားအဖြစ်ရှိနေဆဲဖြစ်ကြောင်းအတည်ပြု ပြောကြားလိုက်ပါတယ်။

ကီပါဟာမနေ့ညတုန်းကနယူးကာဆယ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအောက်တိုဘာလလလယ်ပိုင်းနောက်ပိုင်း တွင်ပထမဆုံးအကြိမ်အဖြစ်ပရီးမီးယားလိဂ်ပွဲပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းကအမှားများပြုလုပ်ခဲ့ မှုကြောင့်ဝေဖန်မှုများကြုံခဲ့ရတဲ့ကီပါဟာနယူးကာဆယ်နှင့်ပွဲစဉ်မှာတော့သွေးအေးအေးဖြင့်ကစားနိုင်ပြီးဂိုးမပေးရ အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်ဂျာမန်လူမျိုးနည်းပြကမင်ဒီမှာချဲလ်ဆီးရဲ့နံပါတ်တစ်ဂိုးသမားအဖြစ်ရှိနေဆဲဖြစ်ကြောင်းပြောကြားသွားပါတယ်။

တူချယ်က “အက်ဒူယတ်ကနံပါတ်တစ်ဆိုတာရှင်းရှင်းလေးပါ။ပွဲမတိုင်ခင်ကလည်းဒီအတိုင်းပါ။ဒီအတိုင်းဘဲဆက်ရှိ နေပါမယ်။ကီပါနှစ်ပွဲဆက်ဂိုးမပေးရလို့ကျွန်တော်ဝမ်းသာပါတယ်။သူ့ရဲ့ယုံကြည်မှုတွေပြန်ရတောကောင်းပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ကီပါကို ပြဲထြက္ခြင့္ေပးခဲ့ေသာ္လည္း မင္ဒီမွာ နံပါတ္တစ္ဂိုးသမားျဖစ္ေနဆဲဟု တူခ်ယ္အတည္ျပဳ

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ကနယူးကာဆယ္ႏွင့္ပြဲစဥ္တြင္ကီပါကိုပြဲထြက္ဂိုးသမားအျဖစ္အသုံးျပဳခဲ့ေသာ္လည္း ဆီနီေဂါဂိုးသမားအက္ဒီယတ္မင္ဒီမွာခ်ဲလ္ဆီးရဲ႕နံပါတ္တစ္ဂိုးသမားအျဖစ္ရွိေနဆဲျဖစ္ေၾကာင္းအတည္ျပဳ ေျပာၾကားလိုက္ပါတယ္။

ကီပါဟာမေန႔ညတုန္းကနယူးကာဆယ္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာေအာက္တိုဘာလလလယ္ပိုင္းေနာက္ပိုင္း တြင္ပထမဆုံးအႀကိမ္အျဖစ္ပရီးမီးယားလိဂ္ပြဲပြဲထြက္ကစားခြင့္ရရွိခဲ့ပါတယ္။ၿပီးခဲ့တဲ့ႏွစ္တုန္းကအမွားမ်ားျပဳလုပ္ခဲ့ မႈေၾကာင့္ေဝဖန္မႈမ်ားႀကဳံခဲ့ရတဲ့ကီပါဟာနယူးကာဆယ္ႏွင့္ပြဲစဥ္မွာေတာ့ေသြးေအးေအးျဖင့္ကစားႏိုင္ၿပီးဂိုးမေပးရ ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ဂ်ာမန္လူမ်ိဳးနည္းျပကမင္ဒီမွာခ်ဲလ္ဆီးရဲ႕နံပါတ္တစ္ဂိုးသမားအျဖစ္ရွိေနဆဲျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

တူခ်ယ္က “အက္ဒူယတ္ကနံပါတ္တစ္ဆိုတာရွင္းရွင္းေလးပါ။ပြဲမတိုင္ခင္ကလည္းဒီအတိုင္းပါ။ဒီအတိုင္းဘဲဆက္ရွိ ေနပါမယ္။ကီပါႏွစ္ပြဲဆက္ဂိုးမေပးရလို႔ကြၽန္ေတာ္ဝမ္းသာပါတယ္။သူ႔ရဲ႕ယုံၾကည္မႈေတြျပန္ရေတာေကာင္းပါတယ္”လို႔ေျပာၾကားသြားပါတယ္။