ကိုပါဒယ်ရေးမှအရှက်တကွဲထွက်ခဲ့ရပေမယ့် ဇီဒန်းကို ရီးရဲလ်မက်ဒရစ် ထုတ်ပယ်မည်မဟုတ်

ဇီဒန်းဟာတတိယတန်းကလပ်ကိုအရှက်တကွဲရှုံးနိမ့်ကာကိုပါဒယ်ရေးမှထွက်ခွာခဲ့ရပေမယ့်ကလပ်ဘုတ်အဖွဲ့ရဲ့ အပြည့်အဝထောက်ခံမှုရရှိထားဆဲဖြစ်ကာရာထူးမှထုတ်ပယ်ခြင်းခံရမှာမဟုတ်ကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာဗုဒ္ဓဟူးနေ့ညတုန်းကတတိယတန်းကလပ်အယ်ကိုယာနိုကိုကစားသမားတစ်ဦးအသာဖြင့် ကစားခွင့်ရရှိခဲ့သော်လည်းရှုံးနိမ့်ခဲ့ပါတယ်။

ဇီဒန်းရဲ့ရီးရဲလ်မက်ဒရစ်ဟာကိုပါဒယ်ရေးမှမထွက်ခွာရမီစပိန်စူပါဖလားဆီမီးဖိုင်နယ်တွင်ဘီလ်ဘာအိုကိုရှုံးနိမ့် ကာထွက်ခဲ့ရပြီးလည်းဖြစ်ပါတယ်။ဒါ့အပြင်ရီးရဲလ်မက်ဒရစ်ဟာယင်းပွဲမတိုင်မီလာလီဂါတွင်အိုဆာဆူနာနှင့်ဂိုးမရှိသရေကျခဲ့ရာသုံးပွဲဆက်နိုင်ပွဲပျောက်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာလာလီဂါတွင်ထိပ်ဆုံးမှအက်သလက်တီကိုထက်နှစ်ပွဲပိုကစားပြီးရမှတ်၄ကွာဟလျက်ရှိနေရာ ဇီဒန်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမေးခွန်းထုတ်စရာများထွက်ပေါ်နေပါတယ်။

ဒါပေမယ့်ရီးရဲလ်မက်ဒရစ်ဘုတ်အဖွဲ့ဟာဇီဒန်းအပေါ်တွင်ယုံကြည်မှုအပြည့်အဝရှိနေဆဲဖြစ်ပြီးရာထူးမှအလျှင်စလို ထုတ်ပယ်ရန်အစီအစဉ်မရှိပါဘူး။

ဇီဒန်းဟာရီးရဲလ်မက်ဒရစ်နည်းပြကာလအတွင်းမှာချန်ပီယံလိဂ်ဖလားသုံးကြိမ်နှင့်လာလီဂါဖလားနှစ်ကြမ်ဆွတ်ခူး နိုင်အောင်ဦးဆောင်ထားနိုင်သူလည်းဖြစ်ပါတယ်။

ZawGyi

ကိုပါဒယ္ေရးမွအရွက္တကြဲထြက္ခဲ့ရေပမယ့္ ဇီဒန္းကို ရီးရဲလ္မက္ဒရစ္ ထုတ္ပယ္မည္မဟုတ္

ဇီဒန္းဟာတတိယတန္းကလပ္ကိုအရွက္တကြဲရႈံးနိမ့္ကာကိုပါဒယ္ေရးမွထြက္ခြာခဲ့ရေပမယ့္ကလပ္ဘုတ္အဖြဲ႕ရဲ႕ အျပည့္အဝေထာက္ခံမႈရရွိထားဆဲျဖစ္ကာရာထူးမွထုတ္ပယ္ျခင္းခံရမွာမဟုတ္ေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာဗုဒၶဟူးေန႔ညတုန္းကတတိယတန္းကလပ္အယ္ကိုယာႏိုကိုကစားသမားတစ္ဦးအသာျဖင့္ ကစားခြင့္ရရွိခဲ့ေသာ္လည္းရႈံးနိမ့္ခဲ့ပါတယ္။

ဇီဒန္းရဲ႕ရီးရဲလ္မက္ဒရစ္ဟာကိုပါဒယ္ေရးမွမထြက္ခြာရမီစပိန္စူပါဖလားဆီမီးဖိုင္နယ္တြင္ဘီလ္ဘာအိုကိုရႈံးနိမ့္ ကာထြက္ခဲ့ရၿပီးလည္းျဖစ္ပါတယ္။ဒါ့အျပင္ရီးရဲလ္မက္ဒရစ္ဟာယင္းပြဲမတိုင္မီလာလီဂါတြင္အိုဆာဆူနာႏွင့္ဂိုးမရွိသေရက်ခဲ့ရာသုံးပြဲဆက္ႏိုင္ပြဲေပ်ာက္ေနပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာလာလီဂါတြင္ထိပ္ဆုံးမွအက္သလက္တီကိုထက္ႏွစ္ပြဲပိုကစားၿပီးရမွတ္၄ကြာဟလ်က္ရွိေနရာ ဇီဒန္းရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီးေမးခြန္းထုတ္စရာမ်ားထြက္ေပၚေနပါတယ္။

ဒါေပမယ့္ရီးရဲလ္မက္ဒရစ္ဘုတ္အဖြဲ႕ဟာဇီဒန္းအေပၚတြင္ယုံၾကည္မႈအျပည့္အဝရွိေနဆဲျဖစ္ၿပီးရာထူးမွအလွ်င္စလို ထုတ္ပယ္ရန္အစီအစဥ္မရွိပါဘူး။

ဇီဒန္းဟာရီးရဲလ္မက္ဒရစ္နည္းျပကာလအတြင္းမွာခ်န္ပီယံလိဂ္ဖလားသုံးႀကိမ္ႏွင့္လာလီဂါဖလားႏွစ္ၾကမ္ဆြတ္ခူး ႏိုင္ေအာင္ဦးေဆာင္ထားႏိုင္သူလည္းျဖစ္ပါတယ္။