ကိုပါလီဘာတာဒို့စ်ဗိုလ်လုပွဲရှုံးပွဲတွင် ကောင်းကင်ဘုံမှ စောင်မမှုမျှော်လင့်ခဲ့ပေမယ့် ထင်သလိုဖြစ်မလာခဲ့တဲ့ ဆန်းတို့စ်နည်းပြ

ဆန်းတို့စ်နည်းပြကူကာဟာကိုပါလီဘာတာဒို့စ်ဖလားဗိုလ်လုပွဲမှာကောင်းကင်ဘုံရဲ့ကူညီစောင်မမှုရရှိဖို့မျှော်လင့်ချက်ဖြင့်လုပ်ဆောင်မှုတစ်ခုပြုလုပ်ခဲ့ပေမယ့်တကယ်တမ်းမှာမျှော်လင့်ထားတာနဲ့ဆန့်ကျင်ဘက်တွေဖြစ်ခဲ့ပါတယ်။

ဆန်းတို့စ်နည်းပြဟာမယ်တော်မာရီနှင့်ဂျီးဆပ်စ်ရုပ်ပုံပါတီရှပ်ကိုဝတ်ဆင်ခဲ့ဖြစ်ပြီးဒိုင်လူကြီးရဲအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ပါးလ်မီးရပ်စ်ဟာလည်းနောက်ဆုံးမိနစ်မှာတောင်အမေရိကကလပ်ဘောလုံးလောကရဲ့အကြီးကျယ်ဆုံးဆုဖလားဆွတ်ခူးစေမယ့်အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။

ကူကာဟာပွဲချိန်၉၅မိနစ်မှာပါးလ်မီးရပ်စ်ကစားသမားရိုချာထံမှဘောလုံးကိုလုယူရန်ကြိးပမ်းခဲ့ပြီးယင်းဖြစ်ရပ်အတွက်ရုန်းရင်းဆန်ခတ်အနည်းငယ်ဖြစ်ခဲ့ပါတယ်။ယင်းဖြစ်ရပ်ကြောင့်ကူကာဟာအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပြီးရိုချာကတော့အဝါကတ်ပဲပြသခြင်းခံခဲ့ရပါတယ်။

ပွဲချိန်၉၉မိနစ်မှာတော့ရွန်းနီရဲ့လှပတဲ့ဖြတ်တင်ဘောကနေလူစားဝင်ရောက်လာတဲ့လိုပက်စ်ကခေါင်းတိုက်ကာပါးလ်မီးရပ်စ်အတွက်အနိုင်ဂိုးကိုသွင်းယူသွားခဲ့ပါတယ်။

ပါးလ်မီးရပ်စ်ဟာ၁၉၉၉ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ကိုပါလီဘာတာဒို့စ်ဖလားကိုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အကြီးအကျယ်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

ဆန်းတို့စ်ဟာကိုပါလီဘာတာဒို့စ်ဖလားပြိုင်ပွဲမှာလေးကြိမ်ဗိုလ်စွဲဖူးပြီးနောက်ဆုံးအကြိမ်ဆွတ်ခူးခဲ့တာက၂၀၁၁ခုနျစ်တုန်းကဖြစ်ပါတယ်။

ပါးလ်မီးရပ်စ်နိုင်ပွဲနဲ့အတူမန်စီးတီးတိုက်စစ်မှူးဂါဘရီရယ်ဂျီးဆပ်စ်ဟာလည်းဘရာဇီးကစားဖော်နေမာထံမှညစာစားသောက်ပွဲတစ်ပွဲအနိုင်ရရှိသွားပါတယ်။

နေမာကဆန်းတို့စ်မှာကစားခဲ့ဖူးပြီးဂျီးဆပ်စ်ကလည်းပါးလ်မီးရပ်စ်မှာကစားခဲ့ဖူးကာယင်းဗိုလ်လုပွဲတွင်ရှုံးနိမ့်သူက အနိုင်ရသူကိုစားသောက်ပွဲဖြင့်ဧည့်ခံရန်လောင်းကြေးထပ်ထားကြပါတယ်။

ZawGyi

ကိုပါလီဘာတာဒို႔စ္ဗိုလ္လုပြဲရႈံးပြဲတြင္ ေကာင္းကင္ဘုံမွ ေစာင္မမႈေမွ်ာ္လင့္ခဲ့ေပမယ့္ ထင္သလိုျဖစ္မလာခဲ့တဲ့ ဆန္းတို႔စ္နည္းျပ

ဆန္းတို႔စ္နည္းျပကူကာဟာကိုပါလီဘာတာဒို႔စ္ဖလားဗိုလ္လုပြဲမွာေကာင္းကင္ဘုံရဲ႕ကူညီေစာင္မမႈရရွိဖို႔ေမွ်ာ္လင့္ခ်က္ျဖင့္လုပ္ေဆာင္မႈတစ္ခုျပဳလုပ္ခဲ့ေပမယ့္တကယ္တမ္းမွာေမွ်ာ္လင့္ထားတာနဲ႔ဆန႔္က်င္ဘက္ေတြျဖစ္ခဲ့ပါတယ္။

ဆန္းတို႔စ္နည္းျပဟာမယ္ေတာ္မာရီႏွင့္ဂ်ီးဆပ္စ္႐ုပ္ပုံပါတီရွပ္ကိုဝတ္ဆင္ခဲ့ျဖစ္ၿပီးဒိုင္လူႀကီးရဲအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။ပါးလ္မီးရပ္စ္ဟာလည္းေနာက္ဆုံးမိနစ္မွာေတာင္အေမရိကကလပ္ေဘာလုံးေလာကရဲ႕အႀကီးက်ယ္ဆုံးဆုဖလားဆြတ္ခူးေစမယ့္အႏိုင္ဂိုးသြင္းယူသြားခဲ့ပါတယ္။

ကူကာဟာပြဲခ်ိန္၉၅မိနစ္မွာပါးလ္မီးရပ္စ္ကစားသမား႐ိုခ်ာထံမွေဘာလုံးကိုလုယူရန္ႀကိးပမ္းခဲ့ၿပီးယင္းျဖစ္ရပ္အတြက္႐ုန္းရင္းဆန္ခတ္အနည္းငယ္ျဖစ္ခဲ့ပါတယ္။ယင္းျဖစ္ရပ္ေၾကာင့္ကူကာဟာအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရၿပီး႐ိုခ်ာကေတာ့အဝါကတ္ပဲျပသျခင္းခံခဲ့ရပါတယ္။

ပြဲခ်ိန္၉၉မိနစ္မွာေတာ့႐ြန္းနီရဲ႕လွပတဲ့ျဖတ္တင္ေဘာကေနလူစားဝင္ေရာက္လာတဲ့လိုပက္စ္ကေခါင္းတိုက္ကာပါးလ္မီးရပ္စ္အတြက္အႏိုင္ဂိုးကိုသြင္းယူသြားခဲ့ပါတယ္။

ပါးလ္မီးရပ္စ္ဟာ၁၉၉၉ခုႏွစ္ေနာက္ပိုင္းပထမဆုံးအႀကိမ္ကိုပါလီဘာတာဒို႔စ္ဖလားကိုဆြတ္ခူးႏိုင္ခဲ့တာျဖစ္ၿပီး အႀကီးအက်ယ္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

ဆန္းတို႔စ္ဟာကိုပါလီဘာတာဒို႔စ္ဖလားၿပိဳင္ပြဲမွာေလးႀကိမ္ဗိုလ္စြဲဖူးၿပီးေနာက္ဆုံးအႀကိမ္ဆြတ္ခူးခဲ့တာက၂၀၁၁ခုန်စ္တုန္းကျဖစ္ပါတယ္။

ပါးလ္မီးရပ္စ္ႏိုင္ပြဲနဲ႔အတူမန္စီးတီးတိုက္စစ္မႉးဂါဘရီရယ္ဂ်ီးဆပ္စ္ဟာလည္းဘရာဇီးကစားေဖာ္ေနမာထံမွညစာစားေသာက္ပြဲတစ္ပြဲအႏိုင္ရရွိသြားပါတယ္။

ေနမာကဆန္းတို႔စ္မွာကစားခဲ့ဖူးၿပီးဂ်ီးဆပ္စ္ကလည္းပါးလ္မီးရပ္စ္မွာကစားခဲ့ဖူးကာယင္းဗိုလ္လုပြဲတြင္ရႈံးနိမ့္သူက အႏိုင္ရသူကိုစားေသာက္ပြဲျဖင့္ဧည့္ခံရန္ေလာင္းေၾကးထပ္ထားၾကပါတယ္။