ကိုပါအမေရိကဖလားပြိုင်ပွဲမကစားရန် သပိတ်မှောက်ရန် ဘရာဇီးစတားများစီစဉ်နေ

ဘရာဇီးစတားများဟာနိုင်ငံအတွင်းတွင်ကိုဗစ်ရောဂါကူးစက်မှုမြင့်မားနေသော်လည်းကိုပါအမေရိကဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်ကျင်းပမည်ဟုကြေညာလိုက်မှုအပေါ်လက်မခံနိုင်ဖြစ်နေကာကိုပါအမေရိကဖလားပြိုင်ပွဲမကစားဘဲသပိတ်မှောက်ရန်အသင့်ဖြစ်နေကြောင်းသိရပါတယ်။

လာမယ့်အပတ်တွင်စတင်မယ့်ကိုပါအမေရိကဖလားပြိုင်ပွဲကိုအာဂျင်တီးနားနှင့်ကိုလံဘီယာတို့ကပူးတွဲအိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိထားပါတယ်။ဒါပေမယ့်ကိုလံဘီယာတွင်ဆန္ဒပြသပိတ်မှောက်မှုများရှိနေမှုကြောင့်ပူးတွဲအိမ်ရှင်အဖြစ်မှရုတ်သိမ်းခြင်းခံခဲ့ရပါတယ်။ဒါ့အပြင်အာဂျင်တီးနားမှာလည်းကိုဗစ်ကူးစက်မှုမြင့်မားနေမှုကြောင့်အိမ်ရှင်အဖြစ်နုတ်ထွက်သွားခဲ့ပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာအမေရိကန်ကကိုပါအမေရိကဖလားပြိုင်ပွဲအားအိမ်ရှင်အဖြစ်လက်ခံကျင်းပရန်ကမ်းလှမ်းမှုရရှိခဲ့သော်လည်းပယ်ချကာဘရာဇီးအားအိမ်ရှင်အဖြစ်ကျင်းပရန်ရွေးချယ်ခဲ့ပါတယ်။

ဘရာဇီးနိုင်ငံဟာကိုဗစ်ကူးစက်မှုအမြင့်မားဆုံးနိုင်ငံများထဲမှတစ်နိုင်ငံဖြစ်ပြီးကိုဗစ်ကြောင့်လူ၄၇၀၀၀၀အထိရှိနေပါတယ်။ဘရာဇီးနိုင်ငံဟာလက်ရှိအချိန်တွင်လည်းနေ့စဉ်ထောင်ချီကာကိုဗစ်ကူးစက်မှုရှိနေပြီး တတိယလှိုင်းခံရတော့မယ်လို့ဟောကိန်းထုတ်ခြင်းခံထားရပါတယ်။

ယင်းသို့သောအချိန်တွင်ဘရာဇီးကကိုပါအမေရိကဖလားပြိုင်ပွဲကိုလက်ခံကျင်းပရန်ဆုံးဖြတ်လိုက်မှုအပေါ်ဘရာဇီးစတားများကလက်မခံနိုင်အောင်ဖြစ်နေပါတယ်။ကိုပါအမေရိကဖလားပွဲ၂၈ပွဲလုံးကိုတံခါးပိတ်ကစားသွားမှာဖြစ်ပေမယ့်ဥရောပတွင်ကစားနေကြတဲ့ဘရာဇီးစတားအများစုကမကစားဘဲသပိတ်မှောက်ရန်စီစဉ်နေပါတယ်။

ဘရာဇီးအသင်းကိုဥရောပအခြေစိုက်ကစားသမားအများစုနဲ့စုဖွဲ့ထားပြီးနေမာ၊ဂါဘရီရယ်ဂျီးဆပ်စ်၊အလစ်ဆင်၊တီယာဂိုဆေးလ်ဗား၊အီဒါဆင်၊ရီချက်လီဆင်၊ရောဘတ်တိုဖာမီနို၊ဖာဘင်ဟို၊ဖရက်နှင့်ကက်စ်မီရိုတို့ပါဝင်ပါတယ်။

ဘရာဇီးကစားသမားတို့ဟာကိုပါအမေရိကဖလားပြိုင်ပွဲအားဘရာဇီးတွင်ကျင်းပရန်ဆုံးဖြတ်ခဲ့တဲ့တောင်အမေရိကဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့်တွေ့ဆုံလိုနေပါတယ်။

ဘရာဇီးဟာယနေ့နံနက်ပိုင်းတုန်းကအီကွေဒေါနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ဘရာဇီးအတွက်အနိုင်ဂိုးကိုရီချက်လီဆင်နှင့်နေမာ(ပင်နယ်တီ)တို့ကသွင်းယူခဲ့ကြပါတယ်။ဘရာဇီးဟာလာမယ့်ဗုဒ္ဓဟူးနေ့မှာကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ်ပါရာဂွေးအားအဝေးကွင်းမှာရင်ဆိုင်ရပါမယ်။

၎င်းတို့ဟာလာမယ့်ဇွန်လ၁၄ရက်နေ့မှာကိုပါအမေရိကအုပ်စုပွဲစဉ်အဖြစ်ဗင်နီဇွဲလားနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ကိုပါအေမရိကဖလားၿပိဳင္ပြဲမကစားရန္ သပိတ္ေမွာက္ရန္ ဘရာဇီးစတားမ်ားစီစဥ္ေန

ဘရာဇီးစတားမ်ားဟာႏိုင္ငံအတြင္းတြင္ကိုဗစ္ေရာဂါကူးစက္မႈျမင့္မားေနေသာ္လည္းကိုပါအေမရိကဖလားၿပိဳင္ပြဲကိုအိမ္ရွင္အျဖစ္က်င္းပမည္ဟုေၾကညာလိုက္မႈအေပၚလက္မခံႏိုင္ျဖစ္ေနကာကိုပါအေမရိကဖလားၿပိဳင္ပြဲမကစားဘဲသပိတ္ေမွာက္ရန္အသင့္ျဖစ္ေနေၾကာင္းသိရပါတယ္။

လာမယ့္အပတ္တြင္စတင္မယ့္ကိုပါအေမရိကဖလားၿပိဳင္ပြဲကိုအာဂ်င္တီးနားႏွင့္ကိုလံဘီယာတို႔ကပူးတြဲအိမ္ရွင္အျဖစ္က်င္းပခြင့္ရရွိထားပါတယ္။ဒါေပမယ့္ကိုလံဘီယာတြင္ဆႏၵျပသပိတ္ေမွာက္မႈမ်ားရွိေနမႈေၾကာင့္ပူးတြဲအိမ္ရွင္အျဖစ္မွ႐ုတ္သိမ္းျခင္းခံခဲ့ရပါတယ္။ဒါ့အျပင္အာဂ်င္တီးနားမွာလည္းကိုဗစ္ကူးစက္မႈျမင့္မားေနမႈေၾကာင့္အိမ္ရွင္အျဖစ္ႏုတ္ထြက္သြားခဲ့ပါတယ္။

ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ဟာအေမရိကန္ကကိုပါအေမရိကဖလားၿပိဳင္ပြဲအားအိမ္ရွင္အျဖစ္လက္ခံက်င္းပရန္ကမ္းလွမ္းမႈရရွိခဲ့ေသာ္လည္းပယ္ခ်ကာဘရာဇီးအားအိမ္ရွင္အျဖစ္က်င္းပရန္ေ႐ြးခ်ယ္ခဲ့ပါတယ္။

ဘရာဇီးႏိုင္ငံဟာကိုဗစ္ကူးစက္မႈအျမင့္မားဆုံးႏိုင္ငံမ်ားထဲမွတစ္ႏိုင္ငံျဖစ္ၿပီးကိုဗစ္ေၾကာင့္လူ၄၇၀၀၀၀အထိရွိေနပါတယ္။ဘရာဇီးႏိုင္ငံဟာလက္ရွိအခ်ိန္တြင္လည္းေန႔စဥ္ေထာင္ခ်ီကာကိုဗစ္ကူးစက္မႈရွိေနၿပီး တတိယလႈိင္းခံရေတာ့မယ္လို႔ေဟာကိန္းထုတ္ျခင္းခံထားရပါတယ္။

ယင္းသို႔ေသာအခ်ိန္တြင္ဘရာဇီးကကိုပါအေမရိကဖလားၿပိဳင္ပြဲကိုလက္ခံက်င္းပရန္ဆုံးျဖတ္လိုက္မႈအေပၚဘရာဇီးစတားမ်ားကလက္မခံႏိုင္ေအာင္ျဖစ္ေနပါတယ္။ကိုပါအေမရိကဖလားပြဲ၂၈ပြဲလုံးကိုတံခါးပိတ္ကစားသြားမွာျဖစ္ေပမယ့္ဥေရာပတြင္ကစားေနၾကတဲ့ဘရာဇီးစတားအမ်ားစုကမကစားဘဲသပိတ္ေမွာက္ရန္စီစဥ္ေနပါတယ္။

ဘရာဇီးအသင္းကိုဥေရာပအေျခစိုက္ကစားသမားအမ်ားစုနဲ႔စုဖြဲ႕ထားၿပီးေနမာ၊ဂါဘရီရယ္ဂ်ီးဆပ္စ္၊အလစ္ဆင္၊တီယာဂိုေဆးလ္ဗား၊အီဒါဆင္၊ရီခ်က္လီဆင္၊ေရာဘတ္တိုဖာမီႏို၊ဖာဘင္ဟို၊ဖရက္ႏွင့္ကက္စ္မီ႐ိုတို႔ပါဝင္ပါတယ္။

ဘရာဇီးကစားသမားတို႔ဟာကိုပါအေမရိကဖလားၿပိဳင္ပြဲအားဘရာဇီးတြင္က်င္းပရန္ဆုံးျဖတ္ခဲ့တဲ့ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္မွတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံလိုေနပါတယ္။

ဘရာဇီးဟာယေန႔နံနက္ပိုင္းတုန္းကအီေကြေဒါႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲတြင္၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ဘရာဇီးအတြက္အႏိုင္ဂိုးကိုရီခ်က္လီဆင္ႏွင့္ေနမာ(ပင္နယ္တီ)တို႔ကသြင္းယူခဲ့ၾကပါတယ္။ဘရာဇီးဟာလာမယ့္ဗုဒၶဟူးေန႔မွာကမာၻ႔ဖလားေျခစစ္ပြဲစဥ္အျဖစ္ပါရာေဂြးအားအေဝးကြင္းမွာရင္ဆိုင္ရပါမယ္။

၎တို႔ဟာလာမယ့္ဇြန္လ၁၄ရက္ေန႔မွာကိုပါအေမရိကအုပ္စုပြဲစဥ္အျဖစ္ဗင္နီဇြဲလားႏွင့္ရင္ဆိုင္ကစားရပါမယ္။