ကိုပါအမေရိကဖလားပြိုင်ပွဲအား ဘရာဇီးကစားသမားများ သပိတ်မှောက်မည်မဟုတ်

ဘရာဇီးလက်ရွေးစင်ကစားသမားများဟာကိုဗစ်ရောဂါအကျပ်ဆိုက်နေစဉ်အတွင်းကိုပါအမေရိကဖလားပြိုင်ပွဲကိုလက်ခံကျင်းပရန်ဆုံးဖြတ်ခဲ့မှုအားအပြင်းအထန်ဝေဖန်သွားခဲ့ကြပါတယ်။

တောင်အမေရိကဖလားပြိုင်ပွဲကိုအာဂျင်တီးနားနှင့်ကိုလံဘီယာတို့ကပူးတွဲအိမ်ရှင်များအဖြစ်ကျင်းပခွင့်ရရှိထားပါတယ်။

ဒါပေမယ့်ကိုလံဘီယာတွင်ပြည်တွင်းသပိတ်များဖြစ်ပျက်နေမှုကြောင့်ပူးတွဲအိမ်ရှင်အဖြစ်မှရုတ်သိမ်းခံခဲ့ရပြီးအာဂျင်တီးနားမှာလည်းကိုဗစ်ကူးစက်မှုမြင့်မားနေမှုကြောင့်နုတ်ထွက်သွားခဲ့ပါတယ်။

ပြိုင်ပွဲကျင်းပရန်ရက်သတ္တပတ်အနည်းငယ်အလိုတွင်အိမ်ရှင်များနုတ်ထွက်သွားခဲ့မှုကြောင့်တောင်အမေရိကဘောလုံးအဖွဲ့ချုပ်အားဘရာဇီးတစ်နိုင်ငံတည်းတွင်သာကျင်းပရန်ဆုံးဖြတ်ခဲ့ကြပါတယ်။

ဘရာဇီးကစားသမားများဟာကိုဗစ်ကြောင့်လူသေဆုံးမှု၄၇၅၀၀၀ကျော်အထိရှိနေစဉ်အတွင်းကိုပါအမေရိကဖလားပြိုင်ပွဲလက်ခံကျင်းပရန်ဆုံးဖြတ်မှုအပေါ်ဒေါသထွက်နေပြီးဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲသပိတ်မှောက်မည်ဟုသတင်းထွက်နေပါတယ်။

ဒါပေမယ့်ဘရာဇီးကစားသမားများကကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်ပါရာဂွေးကို၂-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်ကိုပါအမေရိကဖလားပြိုင်ပွဲတွင်ပါဝင်ကစားသွားမည်ဖြစ်ကြောင်းကြေညာလာကြပါတယ်။ဘရာဇီးဟာ၁၉၈၅ခုနှစ်နောက်ပိုင်းတွင်ပါရာဂွေးကိုအဆန်စီယွန်တွင်ပထမဆုံးအကြိမ်အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ကိုပါအေမရိကဖလားၿပိဳင္ပြဲအား ဘရာဇီးကစားသမားမ်ား သပိတ္ေမွာက္မည္မဟုတ္

ဘရာဇီးလက္ေ႐ြးစင္ကစားသမားမ်ားဟာကိုဗစ္ေရာဂါအက်ပ္ဆိုက္ေနစဥ္အတြင္းကိုပါအေမရိကဖလားၿပိဳင္ပြဲကိုလက္ခံက်င္းပရန္ဆုံးျဖတ္ခဲ့မႈအားအျပင္းအထန္ေဝဖန္သြားခဲ့ၾကပါတယ္။

ေတာင္အေမရိကဖလားၿပိဳင္ပြဲကိုအာဂ်င္တီးနားႏွင့္ကိုလံဘီယာတို႔ကပူးတြဲအိမ္ရွင္မ်ားအျဖစ္က်င္းပခြင့္ရရွိထားပါတယ္။

ဒါေပမယ့္ကိုလံဘီယာတြင္ျပည္တြင္းသပိတ္မ်ားျဖစ္ပ်က္ေနမႈေၾကာင့္ပူးတြဲအိမ္ရွင္အျဖစ္မွ႐ုတ္သိမ္းခံခဲ့ရၿပီးအာဂ်င္တီးနားမွာလည္းကိုဗစ္ကူးစက္မႈျမင့္မားေနမႈေၾကာင့္ႏုတ္ထြက္သြားခဲ့ပါတယ္။

ၿပိဳင္ပြဲက်င္းပရန္ရက္သတၱပတ္အနည္းငယ္အလိုတြင္အိမ္ရွင္မ်ားႏုတ္ထြက္သြားခဲ့မႈေၾကာင့္ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္အားဘရာဇီးတစ္ႏိုင္ငံတည္းတြင္သာက်င္းပရန္ဆုံးျဖတ္ခဲ့ၾကပါတယ္။

ဘရာဇီးကစားသမားမ်ားဟာကိုဗစ္ေၾကာင့္လူေသဆုံးမႈ၄၇၅၀၀၀ေက်ာ္အထိရွိေနစဥ္အတြင္းကိုပါအေမရိကဖလားၿပိဳင္ပြဲလက္ခံက်င္းပရန္ဆုံးျဖတ္မႈအေပၚေဒါသထြက္ေနၿပီးဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမျပဳဘဲသပိတ္ေမွာက္မည္ဟုသတင္းထြက္ေနပါတယ္။

ဒါေပမယ့္ဘရာဇီးကစားသမားမ်ားကကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ပါရာေဂြးကို၂-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္ကိုပါအေမရိကဖလားၿပိဳင္ပြဲတြင္ပါဝင္ကစားသြားမည္ျဖစ္ေၾကာင္းေၾကညာလာၾကပါတယ္။ဘရာဇီးဟာ၁၉၈၅ခုႏွစ္ေနာက္ပိုင္းတြင္ပါရာေဂြးကိုအဆန္စီယြန္တြင္ပထမဆုံးအႀကိမ္အႏိုင္ရခဲ့တာလည္းျဖစ္ပါတယ္။